NV နဲ့ Tik Tok သဘောတူညီချက် ပျက်စီးပြီးနောက် TikTok က အနောက်ပိုင်းဂီတတွေကို စတင်ပိတ်ပင်လာ
ရောင်နီ (NSS) - ဖေဖော်ဝါရီ ၄
ကမ္ဘာ့အကြီးဆုံး တေးဂီတအဖွဲ့ NV ဟာ TikTok နဲ့ စာချုပ်ညှိနှိုင်းမှု ပျက်စီးပြီးနောက် ၎င်းရဲ့ western အနုပညာရှင်တွေရဲ့ တေးဂီတတွေကို TikTok မှ စတင် ခွဲထုတ်လာခဲ့ပါတယ်။
ဒါကြောင့် TikTok မှာ UMG မှ ပိုင်ဆိုင်တဲ့ သီချင်းများပါတဲ့ ဗီဒီယိုများအားလုံး အသံတိတ်သွားမှာဖြစ်ပြီး တစ်ဘီလျံကျော်ရှိတဲ့ TikTok အသုံးပြုသူတွေဟာ Taylor Swift၊ Drake ၊ Bob Dylan စတဲ့ ကမ္ဘာကျော် western တေးဂီတသမားတွေရဲ့ သီချင်းတွေကို ရွေးချယ်နိုင်တော့မှာ မဟုတ်ပါဘူး။
TikTok ဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ဂီတနယ်ပယ်မှာ သြဇာအရှိဆုံး အင်အားစုတွေထဲက တစ်ခုဖြစ်ပါတယ်။ သီချင်းတွေကို လူတွေဆီ မြန်မြန်ပျံ့နှံ့စေနိုင်တဲ့ ကုမ္ပဏီအနည်း ငယ်ထဲမှတစ်ခုဖြစ်ပြီး တေးသံရှင် အညွှန်းတွေနဲ့ အနုပညာရှင်အသစ်တွေကို ဖော်ထုတ်ဖို့ အတွက် အက်ပ်ကို အားကိုးကြရပါတယ်။ TikTok ဟာ အသုံးပြုသူတွေကို လိုင်စင်ရတေးဂီတများမှ တေးသွားတို ပုံစံကလစ်တွေကို ရွေးချယ်နိုင်ပေမယ့် Spotify Technology SA တို့လို နားထောင်သူတွေကို သီချင်းတစ်ပုဒ်လုံးကို ဖွင့်ခွင့်မပြုပါဘူး။
ဒါပေမဲ့ ပလက်ဖောင်းဟာ အနုပညာရှင်တွေကို ၎င်းတို့ အလုပ်အတွက် အခကြေးငွေ မျှမျှတတ မပေးဘူးလို့ဆိုကာ ဂီတကုမ္ပဏီတွေက စောဒကတက်မှုကို အချိန်ကြာကြာ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂ဝ၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား ပုံရိပ်များ
RELATED POSTS
19 Sep 2024 | အနုပညာ,နိုင်ငံတကာ
18 Sep 2024 | အနုပညာ,နိုင်ငံတကာ
17 Sep 2024 | အနုပညာ,နိုင်ငံတကာ