Squid Game မင်းသား အိုယောင်းဆိုး အလိုမတူပဲ အမျိုးသမီးကို နမ်းရှုံ့မှု စွပ်စွဲချက်နဲ့ ထောင်ဒဏ်(၁)နှစ်ကျနိုင်
ရောင်နီ (NSS) - ဖေဖော်ဝါရီ ၃
တောင်ကိုရီးယား အကျော်အမော်ရုပ်ရှင်ဇာတ်လမ်းတွဲ "Squid Game" မှ သရုပ်ဆောင် အိုယောင်းဆိုး ၂၀၁၇ ခုနှစ်က အမျိုးသမီးတစ်ဦးကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ ထောင်ဒဏ် တစ်နှစ် ကျခံရဖို့ ရှိတယ်လို့ အစိုးရရှေ့နေများရဲ့ ပြောကြားချက်ကို ကိုးကားထားတဲ့ ကိုရီးယားမီဒီယာများ၏ ဖေဖော်ဝါရီလ ၂ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။
Netflix smash hit ဒရာမာ " Squid Game " မှာ Player 001 အိုအီနမ် အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ နာမည်ကြီး အသက် ၇၉ နှစ်အရွယ် မင်းသားကြီးဟာ လိင်ပိုင်းဆိုင်ရာ အကျင့်ပျက်ခြစားမှုနဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလက စွဲချက်တင်ခံခဲ့ရပါတယ်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလက အမျိုးသမီးတစ်ဦးမှ ၎င်းဟာ ဖျော်ဖြေရေး ခရီးစဉ်တစ်ခုအတွင်း သူမရဲ့ ခွင့်ပြုချက်မရဘဲ သူမရဲ့ပါးကိုနမ်းခဲ့တယ်လို့ တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် ဧပြီလမှာ တောင်ကိုရီးယားရဲတပ်ဖွဲ့က အဆိုပါအမှုကို ကနဦးပယ်ချခဲ့ပေမယ့်လည်း အမျိုးသမီးရဲ့ တောင်းဆိုချက်အရ အမှုကို ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၂ ရက် နောက်ဆုံးရုံးချိန်းမှာတော့ Suwon ခရိုင်အစိုးရရှေ့နေရုံးခွဲက ၎င်းကို ထောင်ဒဏ်တစ်နှစ် ချမှတ်ဖို့ တောင်းဆိုခဲ့ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေအတွင်း အိုက စွဲချက်တွေ အားလုံးကို ငြင်းဆန်ခဲ့ပါတယ်။ "ဒီအသက်အရွယ်မှ တရားရုံးမှာ အမှုရင်ဆိုင်ရတာ အရမ်းနာကျင်ပြီး ခက်ခဲပါတယ်”လို့ ၎င်းက ဆိုပါတယ်။
အမှုကို မတ်လ ၁၅ ရက်မှာ ထပ်မံကြားနာရန် စီစဉ်ထားပါတယ်။ အိုဟာ ၂၀၂၂ ခုနှစ်က ရွှေကမ္ဘာလုံးဆုရရှိတဲ့ ပထမဆုံးတောင်ကိုရီးယားမင်းသားဖြစ်ခဲ့ပြီး Squid Game နဲ့ ရုပ်သံကဏ္ဍမှာ အကောင်းဆုံး ဇာတ်ပို့သရုပ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်နှင့်တိုက်ရိုက်စစ်ပွဲ မဖြစ်ပွားရန် အီရန်ထိပ်တန်းခေါင်းဆောင်မှာကြား
RELATED POSTS
19 Sep 2024 | အနုပညာ,နိုင်ငံတကာ
18 Sep 2024 | အနုပညာ,နိုင်ငံတကာ
17 Sep 2024 | အနုပညာ,နိုင်ငံတကာ