ဖြူးမြို့နယ်ရှိ ညောင်ခြေထောက် ရဲစခန်းကို PDF အဖွဲ့က Drop ဗုံးများဖြင့် ပစ်ချတိုက်ခိုက်
Pearl (NSS) - ဖေဖော်ဝါရီ ၂
ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်ရှိ ညောင်ခြေထောက်ရဲစခန်းကို PDF အဖွဲ့က Drop ဗုံးများဖြင့် ပစ်ချတိုက်ခိုက်ခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ယမန်နေ့ (ဖေဖော်ဝါရီလ ၁ ရက်)၊ ည (၇) နာရီခွဲခန့်က ညောင်ခြေထောက်ရဲစခန်းကို PDF အဖွဲ့က Drop ဗုံး (၂) လုံးဖြင့် ပစ်ချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
" ညက ညောင်ခြေထောက်စခန်းကို Drop ဗုံးလာချသေးတယ်။ ၃ ယောက် ဒဏ်ရာရတယ်။ စိုးရိမ်စရာ မရှိပါဘူး" ဟု လုံခြုံရေးတပ်ဖွဲ့ နှင့် နီးစပ်သူတစ်ဦးက NP News ကို ပြောသည်။
PDF အဖွဲ့က ပစ်ချတိုက်ခိုက်ခဲ့သည့် ဗုံး(၂)လုံးအနက် တစ်လုံးမှာ စခန်းရှေ့အပြင် သို့ကျရောက်ပေါက်ကွဲခဲ့ပြီး ကျန်တစ်လုံးမှာ စခန်းပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
စခန်းပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သောဗုံးကြောင့် ရဲအုပ်အပါအဝင် ရဲတပ်ဖွဲ့ဝင် (၃)ဦးတွင် ဗုံးစထိမှန်ခဲ့သောကြောင့် မစိုးရိမ် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းကလည်း ဖြူးမြို့နယ်ရှိ ညောင်ပင်သာရဲစခန်းကို PDF အဖွဲ့က အင်အားအလုံးအရင်းဖြင့်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် (၂)ဦး သေဆုံးခဲ့ပြီး (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စာကို နာရီပေါင်း ၂၁၆ နာရီကြာ ဆက်တိုက်ဖတ်ပြပြီး၊ ကမ္ဘာဂင်းနစ်စံချိန်တင်နိုင်ခဲ့တဲ့ ဂါနာနိုင်ငံသား
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ
16 Sep 2024 | မှုခင်း,ပြည်တွင်း