ရုပ်ရည်နဲ့ပတ်သက်တဲ့မှတ်ချက်ဆိုးများကြောင့် "The Boys" မင်းသမီး အီရင်မိုရီရာတီ Instagram မှ အနားယူ
ရောင်နီ (NSS) - ဇန်နဝါရီ ၃ဝ
Prime Video စီးရီး “The Boys” မှာ စူပါဟီးရိုး Starlight အဖြစ် နာမည်ကြီးတဲ့ မင်းသမီး ကြယ်ပွင့် အီရင်မိုရီရာတီ ဟာ သူမရဲ့အသွင်အပြင်နဲ့ပတ်သက်ပြီး မှတ်ချက်ဆိုးတွေကြောင့် Instagram မှ အနားယူသွားပြီလို့ သိရပါတယ်။
သူမဟာ မကြာသေးခင်က မီဂျင်ကယ်လ်လီနဲ့ SiriusXM ရှိုးမှာ ကယ်လီက လူ့အဖွဲ့အစည်းရဲ့အလှကုန်လုပ်ထုံး လုပ်နည်းတွေအပေါ် စွဲလမ်းခြင်းအကြောင်း စကားပြောရင်း မိုရီရာတီရဲ့ အရင်တုန်းက ဓာတ်ပုံတွေကို ပြသခဲ့ပါတယ်။
အဆိုပါရှိုးမှာ ကယ်လီက "The Boys” ကို မကြည့်ရသေးဘူးလို့ပြောရင်း မိုရီရာတီရဲ့ဓာတ်ပုံနှစ်ပုံကို မီးမောင်းထိုးပြ သခဲ့ပါတယ်။ သူမ ထုတ်ပြခဲ့တဲ့ပုံထဲမှာ ပထမပုံဟာ မိုရီရာတီ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်က ရိုက်ခဲ့တဲ့ ဓာတ်ပုံ တစ်ပုံဖြစ်ပြီး ကျန်တစ်ပုံကတော့ သေချာမိတ်ကပ်လိမ်းခြယ်ပြီး ကျွမ်းကျင်သူနဲ့ ရိုက်ထားတဲ့ပုံဖြစ်ပါတယ်။
အဲဒီနောက် မိုရီရာတီရဲ့အင်စတာဂရမ်မှာ သူမရဲ့ရုပ်ရည်နဲ့ပတ်သက်ပြီး ဆိုးရွားတဲ့မှတ်ချက်တွေ ရရှိခဲ့ပါတယ်။
မိုရီရာတီ က သူမရဲ့ Instagram စာမျက်နှာမှာ "စွပ်စွဲချက်များ၊ မဟုတ်မမှန်သတင်းမှားများကြောင့်" ဆိုကာ အင်စတာဂရမ်သုံးစွဲမှု ရပ်တော့မယ့်အကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ဒီအတွက် Fox News ဂျာနယ်လစ်ဟောင်းဖြစ်တဲ့ ကယ်လီက မိုရီရာတီကို မှတ်ချက်ပေးဖို့ တောင်းဆိုခဲ့ပေမယ် မိုရီရာတီရဲ့ကိုယ်စားလှယ်က အကြောင်းမပြန်ခဲ့ပါဘူး။
မိုရီရာတီဟာ“True Detective” “Jessica Jones” နဲ့ "One Life to Live” ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြို့နယ်အချို့၌ လက်နက်ကိုင်အကြမ်းဖက်မှုများ၊ ခြိမ်းခြောက်မှုများကြောင့် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ခြင်းမရှိဟု တပ်ချုပ်ဝန်ခံ
RELATED POSTS
19 Sep 2024 | အနုပညာ,နိုင်ငံတကာ
18 Sep 2024 | အနုပညာ,နိုင်ငံတကာ
17 Sep 2024 | အနုပညာ,နိုင်ငံတကာ