Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဘင်္ဂလားဒေ့ရ်ှတွင် ဗီဇပြောင်းမူကွဲ ကိုရိုနာဗိုင်းရပ်စ်သစ်တွေ့ရှိ၊ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု မြင့်တက်

Htay Oung (NSS) - ဇန်နဝါရီ ၂၇

ဘင်္ဂလားဒေ့ရ်ှနိုင်ငံမှာ ဗီဇပြောင်း မူကွဲကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့လာခြင်းနဲ့အတူ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု မြင့်တက်လာတဲ့အတွက် မာ့စ်၀တ်ဆင်ရန် စည်းကမ်းသတ်မှတ်ချက်များကို ပြင်လည်ကျင့်သုံးရတော့မှာဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောဆိုတယ်လို့ ဒါကာထရီဗြွန်းသတင်းအေဂျင်စီက ယမန်နေ့(ဇန်နဝါရီလ ၂၆ ရက်)မှာ ရေးသားပါတယ်။


ကိုရိုနာဗိုင်းရပ်စ်ရဲ့ အိုမက်ခရွန် ဗီဇမျိုးရိုးဖြစ်တဲ့ JN.1 တစ်ဆင့်ခံ မူကွဲဗိုင်းရပ်စ်သစ်ကို တွေ့ရှိရပြီး စိတ်၀င်စားဖွယ်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကြေညာခဲ့ပါတယ်။ နောက်တစ်လအကြာ ဇန်နဝါရီလ ၁၈ ရက်မှာ အဲဒီ မူကွဲဗိုင်းရပ်စ်ကို ဘင်္ဂလားဒေ့ရ်ှနိုင်ငံအတွင်းမှာလည်း တွေ့ရှိရကြောင်း အမျိုးသားကူးစက်ရောဂါထိန်းချုပ်ရေးနဲ့ သုတေသနဆိုင်ရာအင်စတီကျု့ IEDCR က အတည်ပြုခဲ့ပါတယ်။

အဲဒီ မူကွဲဗိုင်းရပ်စ်ဟာ လျင်မြန်စွာ ပျံ့နှံ့ပေမယ့် ရောဂါကြောင့် ဝေဒနာပြင်းထန်မှု နည်းပါးကြောင်း သိရှိရပါတယ်။ (သံသယရှိသူ) ၆ ဦးအနက် ၅ ဦးတိုမှာ မူကွဲဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း တွေ့ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်က အတည်ပြုလိုက်ခြင်းဖြစ်ပါတယ်။

လိုအပ်မယ်ဆိုရင် စမ်းသပ်စစ်ဆေးရန် နမူနာများပေးပို့ဖို့ သက်ဆိုင်တဲ့ ဌာနဆိုင်ရာအဖွဲ့အစည်းများထံ ညွှန်ကြားထားတယ်လို့  IEDCR ဒါရိုက်တာ ဒေါက်တာ တာမီနာရှာရင်းက ပြောပါတယ်။ မတ်စ်မျက်နှာဖုံး ဝတ်ဆင်ခြင်းနဲ့ လူစုလူဝေးကို ရှောင်ကြဉ်ခြင်းတို့ဟာ ကိုဗစ်ရောဂါ ကာကွယ်ရေးအတွက် အမြဲတမ်း မရှိမဖြစ် လိုအပ်တဲ့ ကျန်းမာရေးဆိုင်ရာ သတင်း စကားများဖြစ်ကြောင်း၊ သတင်းကောင်းအနေနဲ့ကတော့ ကာကွယ်ဆေးဟာ ဒီမူကွဲအသစ်အပေါ်မှာလည်း ထိရောက်မှုရှိကြောင်း အစိုးရကာကွယ်ဆေးထိုးလှုပ်ရှားမှုကို ပြန်လည်စတင်နေပြီး ယခင် “ဘူစတာ”  “အားမြှင့်ထိုးနှံမှု” ပြီးစီး သူများအတွက် စတုတ္ထအကြိမ် ထိုးနှံမှုဖြစ်ကြောင်း၊ ကိုဗစ်ကပ်ရောဂါ ကျနေရာက်နေ  ၂၀၂၀ ခုနှစ် မတ်လ ဘင်္ဂလားဒေ့ရ်ှနိုင်ငံမှာ  ပထမဆုံးရောဂါဖြစ်ပွားမှုကို အတည်ပြုခဲ့ပြီးနောက်ပိုင်း ဗိုင်းရပ်စ်ကူးစက်ခံထားရသူ နှစ်သန်းကျော် စမ်းသပ်တွေ့ရှိခဲ့ကြောင်း သိရသည်။

၎င်းတို့အနက် လူပေါင်း ၃၀,၀၀၀ နီးပါး သေဆုံးခဲ့ကြောင်း၊ မက်စ်ဝတ်ဆင်ခြင်းနဲ့ လူစုလူဝေးနီးကပ်မှု ကန့်သတ်ခြင်းမျိုးလို တင်းကျပ်တဲ့ ကျန်းမာရေး လုပ်ငန်းစဉ်များနဲ့ နေရာတိုင်းနီးပါးမှာ စမ်းသပ်ခန်းများကို ထူထောင်ခဲ့ရကြောင်း၊ ဒါပေမယ့် ကပ်ရောဂါ ပြီးဆုံးသွားပြီလို့ လူအများမှတ်ယူထားတဲ့အတွက် အဲဒီ အစဉ် အလာကို ထိန်းသိမ်းနိုင်ခြင်း မရှိခဲကြောင်း၊ ဗိုင်းရပ်စ်မူကွဲအသစ်နဲ့အတူ ကူးစက်ခံရမှုများ ထပ်မံ မြင့်တက်လာနေကြောင်း၊ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကူးစက်မှုအသစ် ၃၄ ခုကို တွေ့ရှိခံပြီး စစ်ဆေးမှုနဲ့ တွေ့ရှိမှုနှုန်းဟာ ၈.၇ ရာခိုင်နှုန်း ဖြစ်တယ်လို့ ဆိုပါတယ်။

ကိုဗစ်-၁၉ ရောဂါလက္ခဏာပြ လူနာတွေကို စတင်တွေ့ရှိလာတဲ့အတွက် မက်စ်၀တ်ဆင်တာကို ပြန်စရလိမ့်မယ်လို့ ဆေးဘက်ဆိုင်ရာအထူးကုဆရာ၀န်တစ်ဦးက ပြောပါတယ်။ 

အဖျားတက်ခြင်း သို့မဟုတ် အခြားရောဂါလက္ခဏာများခံစားရပြီးနောက် အောက်ဆီဂျင်ဓာတ်ပြည့်ဝမှုနှုန်း လျင်မြန်စွာကျဆင်းသွားတာကို သတိပြုမိကြောင်း၊ အဲ့ဒီလူနာတွေ အခု ပြန်နေကာင်းလာပြီး ဘာမှ စိုးရိမ်စရာ မရှိတော့ကြောင်း၊ ဒါပေမယ့် ဗိုင်းရပ်စ်ပျံ့နှံ့နေတဲ့အခြေအနေကို လျစ်လျူမရှုသင့်ဘူးပဲ မက်စ်၀တ်ဆင်တာကို ပြန်ကျင့်သုံးကြဖို့  လိုအပ်တယ်လို့ ဒါကာမြို့ ဂရင်းလိုက်ဖ်ဆေးရုံ တွဲဖက်ပါမောက္ခ ဆရာ၀န်ကြီးက ပြောပါတယ်။

JN.1 မူကွဲဗိုင်းရပ်ကူးစက်မှုဟာ မျိုးရိုးတူ အခြားမျိုးကွဲများထက် ကွဲပြားတဲ့ ရောဂါလက္ခဏာများ ပြသခြင်း ရှိ-မရှိ မသိရသေးပါဘူး၊  ယေဘူယျအားဖြင့် ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ်မျိုးရိုး၀င်တို့ရဲ့ ရောဂါလက္ခဏာများဟာ မျိုးကွဲများမှာလည်း ဆင်တူနေတတ်ပါတယ်။ အမေရိကန်ရောဂါထိန်းချုပ်ရေးစင်တာ အဆိုအရ ဝေဒနာခံစားရမှု လက္ခဏာအမျိုးအစားများနဲ့ ပြင်းထန်ပုံတို့ဟာ ရောဂါပိုးကူးစက်စေတဲ့ မူကွဲဗိုင်းရပ်စ်အမျိုးအစားထက် လူ တစ်ဦးချင်းစီရဲ့ ကိုယ်ခံစွမ်းအားနဲ့ အလုံးစုံကျန်းမာရေးအပေါ်မှာ ပိုပြီးမူတည်နေကြောင်း သိရှိရပါတယ်။

၂၀၂၄- ၂၀၂၅-ခုနှစ်မှာ ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ ကြိမ်ရေ ၂၅-သန်း ထိုးနှံ့ပေးဖို့ ရည်မှန်းထားပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး လှုပ်ရှားမှုအသစ်ကို ကြေညာလိုက်ပါတယ်။

ကိုဗစ်-၁၉ ဆိုင်ရာ အမျိုးသားနည်းပညာကော်မပြက မက်စ်၀တ်ဆင်အသုံးပြုရန် အားလုံးကို ညွှန်ကြားထားကြောင်း၊ လက်ဆေးခြင်းနဲ့ လူစုလူဝေးနီးကပ်မှု ကန့်သတ်ခြင်းမျိုးလို ကျန်းမာရေးနဲ့ တစ်ကိုယ်ရေသန့်ရှင်း ရေး စည်းမျဉ်းသတ်မှတ်ချက်များကို ထိန်းသိမ်းရန် ညွှန်ကြားထားတယ်လို့ IEDCR အကြံပေးပုဂ္ဂိုလ် ဒေါက်တာ မူစတာဟိုစိန်က ပြောပါတယ်။

ရောဂါလက္ခဏာတွေ ရှိရင် စစ်ဆေးကြည့်သင့်တယ်လို့ ဆိုခဲ့ပြီး မူကွဲဗိုင်းရပ်စ်အသစ်ဟာ သဘာဝအားဖြင့် ပျော့ ပျောင်းပေမယ့် သက်ကြီးရွယ်အိုများနဲ့ နာတာရှည်ရောဂါသယ်များမှာ ပြင်းထန်စွာကူးစက်ဖြစ်ပွားနိုင်ကြောင်း၊ အစိုးရအနေနဲ့ နောက်လကစပြီး ကာကွယ်ဆေးထိုးနှံမှုကို တိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ကျန်းမာ ရေးဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေကို ဦးစားပေး ထိုးနှံသွားဖို့ရှိကြောင်း ရှင်းပြပါတယ်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားစေတဲ့ ဗိုင်းရပ်စ်ဟာ အချိန်နဲ့အမျှ ပြောင်းလဲနေပါတယ်။ တစ်ခါတစ်ရံ အဲ့ဒီပြောင်းလဲမှု တွေဟာ မူကွဲအသစ်များကို ပိုမိုလျင်မြန်စွာ သို့မဟုတ် ထိထိရောက်ရောက် ပျံ့နှံ့စေပါတယ်။ အဲ့ဒီလို ဖြစ်လာခဲ့ ရင် မူကွဲအသစ်ဗိုင်းရပ်စ်ဟာ ပျံ့နှံ့နေဆဲ အခြားမူကွဲဗိုင်းရပ်စ်များနဲ့ ဘုံဆက်နွယ်သွားနိုင်ကြောင်း အမေရိကန် ရောဂါထိန်းချုပ်ရေးစင်တာက ပြောခဲ့ဖူးပါတယ်။

JN.1 မူကွဲ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဆက်လက်ကြီးထွားမှုဟာ လူတို့ရဲ့ ခုခံအားစနစ်များကို  ရှောင်ရှားနိုင် သို့မဟုတ် ပိုမိုကူးစက်နိုင်တဲ့ အဆင့်တစ်ခုကို ရောက်လာနိုင်ကြောင်း၊ ခုချိန်အထိတော့ JN.1 ဟာ အခြား လက်ရှိပျံ့နှံ့နေဆဲ မူကွဲများနဲ့ နှိုင်းယှဉ်ရင် အန္တရာယ်ပိုများတာကို သက်သေ မပြနိုင်သေးကြောင်း၊ ရောဂါပြင်းထန်မှု တိုးမြင့်လာဖွယ် အရိပ်လက္ခဏာ မတွေ့ရသေးဘူးလို့ ဆိုပါတယ်။

(ကိုဗစ်ကပ်ရောဂါစတင်ဖြစ်ပွားချိန်၊ နိုင်ငံတကာကူးစက်ပျံ့နှံ့မှု၊ ကာကွယ်ဆေးထုတ်လုပ်ခြင်းအမျိုးမျိုးနဲ့ နိုင်ငံအလိုက်ကာကွယ် ဆေး ထိုးနှံပုံသတင်းများကို လက်လှမ်းမီသမျှ အချိန်နဲ့တပြေးညီ ဘာသာပြန်ဖော်ပြခဲ့ဖူးသော ကျွန်တော့်အနေနဖြင့် ဘင်္ဂလားဒေ့ရ်ှနိုင်ငံအတွင်း JN.1 မူကွဲဗိုင်းရပ်စ်ကူးစက်မှုလျှင်မြန်လာကြောင်း သတင်းကြောင့် စိုးရိမ်မကင်း ဖြစ်မိကြောင်း ၀န်ခံလိုပါတယ်။

ထိစပ်နေတဲ့ အိမ်နီးချင်း ၄-နိုင်ငံတို့ဟာ မြန်မာနဲ့ ရေမြေသဘာ၀ နေထိုင်စားသောက်ပုံအလေ့အထ အလွန်နီးစပ်ကြပါတယ်။ အထူးသဖြင့် ရာသီဥတုတူညီ ရေမြေတစ်ဆက်တည်းရှိပြီး လူနေမှုအဆင့်အတန်း သိပ်မကွာတဲ့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံအတွင်း ကူးစက်ရောဂါ စတင်ဖြစ်ပွားတဲ့ရက်၊ ကူးစက်နှုန်းထား အတက်အကျ၊ လူအသေ အပျောက်နှုန်းတို့မှာ တစ်ထပ်တည်းနီးပါး တူညီကြောင်း သတိပြုမိပါတယ်။

ဗီဇအုပ်စု အမျိုးမျိုး ကွဲပြားလာပြီး တစ်ဆင့် မူကွဲလာတဲ့ JN.1 ကိုရိုနာဗိုင်းရပ်စ်သစ်ဟာ ဝေဒနာခံစားရမှု မပြင်းထန်ဘူးဆိုတာ ကာကွယ်ဆေး ထိုးနှံပြီးစီးသူများ ရောဂါအခံ မရှိ၊ ကျန်းမာရေးကောင်းမွန်သူများအတွက်သာ ရာနှုန်းအများစု မှန်ကန်ပါတယ်။ အဲ့ဒါလည်း လုံးမ မဖြစ်ဟု အာမ မခံ၊ ကာကွယ်ဆေးအမျိုးအစားအလိုက် ၉၅% အထိ ကာကွယ်နိုင်ခြင်း ဖြစ်ပါတယ်။ 

ဘယ်လိုပဲဖြစ်ဖြစ် ကမ္ဘာကြီးမှာ ဖြစ်ပွားနေတဲ့ ကပ်ရောဂါဟာ ပြီးဆုံးခြင်း မရှိသေးပါဘူး၊ ဖျားနာတဲ့အခါ ဝေဒနာ ခံစားရပြီး အလုပ်ပျက် အကိုင်ပျက်ဖြစ်ရမြဲမို့ ဘာရောဂါမှ မဖြစ်ရင် အကောင်းဆုံးပါ။ ဒီအတွက် အပြင်ထွက်တဲ့ အခါ မက်စ်၀တ်ဆင်ခြင်း၊ လက်ကို သန့်ရှင်းအောင်ထားခြင်း၊ လူစုလူဝေးနဲ့ နီးကပ်မှု ကန့်သတ်ခြင်းသာမက ကာကွယ်ဆေးထိုးနှံ့မှု့လည်း ပြန်လည်စတင်သင့်ကြောင်း အကြံပြူလိုပါတယ်။    ။သတင်းဘာသာပြန်သူ၏ သုံးသပ်ချက်ဖြစ်သည်။) 

(Dhaka Tribune., 26 January 2024,” Covid cases are rising as new variant strikes Bangladesh” ကို ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

လက်ရှိကာလ၌ နိုင်ငံရေးသမားများသည် မျိုးတုံးတော့မည့် မျိုးစိတ်တစ်ခုကဲ့သို့ ဖြစ်နေဟု ဦးကိုကိုကြီးပြော

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved