ဗြိတိန်နိုင်ငံတွင် နျူကလီးယားလက်နက်များ ပြန်လည်ဖြန့်ကျက်ချထားရန် အမေရိကန်အစိုးရစီစဉ်နေကြောင်း Telegraph သတင်းဌာနဖော်ပြ
Pika (NSS) - ဇန်နဝါရီ ၂၇
ဗြိတိန်နိုင်ငံတွင် (၁၅)နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် နျူကလီးယားလက်နက်များ ဖြန့်ကျက်ချထားရန် အမေရိကန်အစိုးရက စီစဉ်နေကြောင်း ပင်တဂွန်စစ်ဌာန ချုပ်၏ စာရွက်စာတမ်းများကို ကိုးကားပြီး Telegraph သတင်းဌာနက ဖော်ပြခဲ့သည်။
ယူကရိန်းပဋိပက္ခနှင့်ပတ်သက်ပြီး ရုရှားနှင့်နေတိုးအဖွဲ့ကြားတင်းမာမှုများမြင့်တက်နေချိန်တွင် အဆိုပါအစီ ရင်ခံစာများထွက်ပေါ်လာခြင်းဖြစ်သည်။ ထို့ပြင် ရုရှားနှင့်ဖြစ်ပွားလာနိုင်ခြေရှိသော စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများလုပ်ဆောင်ရန် အနောက်အုပ်စုနိုင်ငံအချို့၏ နိုင်ငံ ရေးသမားများက တောင်းဆိုထားကြောင်းလည်းသိရသည်။ ဗြိတိန်နိုင်ငံ Suffolk ကောင်တီ၊ Lakenheath ရွာအနီးရှိ လေတပ်စခန်းတွင် စက်ရုံသစ်တစ်ခုတည် ဆောက်ရန် သဘောတူစာချုပ်ကို ကိုးကားပြီး အမေရိကန်က အဆိုပါလေတပ်စခန်းသို့ နျူကလီးယားလက်နက်များ ယူဆောင်လာရန် ရည်ရွယ်နေခြင်းဖြစ်ကြောင်း Telegraph သတင်းဌာနကဖော်ပြခဲ့သည်။
RAF Lakenheath လေတပ်စခန်းတွင် ထားရှိမည့် B61-12 နျူကလီးယားဗုံးများသည် ၁၉၄၅ ခုနှစ်တွင် ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ကို ကြဲချခဲ့သည့် နျူကလီးယားဗုံးထက် သုံးဆပိုမိုအားပြင်းကြောင်း Telegraph ကရေးသားဖော်ပြခဲ့သည်။ အမေရိကန်အစိုးရသည် ၎င်း၏နျူကလီးယားထိပ်ဖူးများကို ဗြိတိန်နိုင်ငံတွင် ပြန်လည်ထားရှိမည်ဆိုပါက ရုရှားအစိုးရက လက်တုံ့ပြန်တိုက်ခိုက်ရေးအစီအစဉ်များကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေး ဆိုခွင့်ရှိသူမာရီယာဇာခါရိုဗာက ပြီးခဲ့သည့်နှစ်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
အနောက်အုပ်စုနိုင်ငံများ၏လုပ်ရပ်များသည် ဥရောပတွင်တင်းမာမှုများကိုဖြစ်ပေါ်စေပြီး နေတိုးအဖွဲ့၏ အရှေ့ဘက်သို့နယ်မြေချဲ့ထွင်မှုများသည် ယူကရိန်းပဋိပက္ခဖြစ်ပွားစေသည့် အဓိကအကြောင်းအရင်းများထဲမှ တစ်ခုဖြစ်ကြောင်း ရုရှားအစိုးရကစွပ်စွဲပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နှစ်နိုင်ငံကြားတင်းမာမှုများရှိနေသော်လည်း အိန္ဒိယနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်နေကြောင်း ကနေဒါအစိုးရပြော
RELATED POSTS
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ