Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နှစ်ပါတီ မဲပေးစနစ်ကို အမေရိကန် မဲဆန္ဒရှင်များ အားရကျေနပ်မှု ရှိ-မရှိ (ဘာသာပြန်ဆောင်းပါး)

Htay Oung (NSS) - ဇန်နဝါရီ ၂၆ 

၂ဝ၂၄ ခုနှစ် နိုဝင်ဘာ ၅ ရက်မှာ စတင်ကျင်းပမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲအကြိုဟောကိန်းအဖြစ် မဲဆန္ဒရှင်များရဲ့သဘောထားကို ရိုက်တာသတင်းအေဂျင်စီနဲ့ အိုင်ပီအက်စ်ပိုအက်စ် နိုင်ငံစုံစျေးကွက် သုတေသန အုပ်စုတို့က စစ်တမ်းကောက်ယူခဲ့ပါတယ်။ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ အဲဒီစစ်တမ်းကို အမေရိကန်နိုင်ငံတဝှမ်း အရွယ်ရောက်ပြီးသူ ၁၂၅ဝ တို့နဲ့တွေ့ဆုံမေးမြန်းခဲ့ရာ သမ္မတဟောင်းဒေါ်နယ်ထရမ့်က လက်ရှိသမ္မတ ဂျိုးဘိုင်ဒင် ကို ၆  ရာခိုင်နှုန်းအသာနဲ့ ဦးဆောင်နေကြောင်းတွေ့ရှိရတယ်လို့ ရိုက်တာ ယမန်နေ့ ဇန်နဝါရီလ ၂၅ ရက်က ရေးသားခဲ့ပါတယ်။

စစ်တမ်းဖြေဆိုသူ ၄ဝ ရာခိုင်နှုန်းက ထရမ့်ကို ထောက်ခံကြပြီး ၃၄ ရာခိုင်နှုန်းက ဘိုင်ဒင်ကို ထောက်ခံပါတယ်။ ကျန်သူတွေကတော့ အခြား သမ္မတလောင်း တစ်ယောက်ယောက် (သို့မဟုတ်) ဆန္ဒမဲပေးဖို့ စိတ်ကူးမရှိသူများ ဖြစ်နေပါတယ်။ စစ်တမ်းရလဒ် အပိုအလိုကို ၃ ရာခိုင်နှုန်းလို့ သတ်မှတ်ထားတဲ့အတွက် မျှော်လင့်ထားသလို ပြတ်သားတဲ့အဖြေရရှိတယ်လို့ မပြောနိုင်ပါဘူး။ 

ရလဒ်ဟာ ယခုလစောစောပိုင်း စစ်တမ်းကောက်ယူချက်များမှ အပြောင်းအလဲတစ်ခုဖြစ်ပေမယ့် တစ်နိုင်ငံလုံးကို ခြုံငုံပြီး အလွတ်သဘောခန့်မှန်းချက်သာဖြစ်နေပါတယ်။ အဓိကကျတဲ့ပြည်နယ်အချို့မှာ အီလက်တိုရီယယ် ကောလိပ်ရဲ့ အပြီးသတ် မဲရလဒ်အဖြစ် အပြည့်အဝကိုယ်စားပြုနိုင်ခြင်း မရှိပါဘူး။

ဒါ့အပြင် ထရမ့်နဲ့ ဘိုင်ဒင်တို့ကို သက်ဆိုင်ရာနိုင်ငံရေးပါတီများက အခြားယှဥ်ပြိုင် သမ္မတလောင်းအဖြစ် အပြီးသတ် အမည်စာရင်းတင်သွင်းခြင်း မရှိသေးပါဘူး။ တကယ်လို့သာ ထရမ့် ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့ရင် ဂရိုဗာ_ကလိဖ်လန်းတို့လို တစ်ဆက်တည်းမဟုတ်ပဲ နောက်တစ်ကြိမ်ထပ်မံ ရွေးကောက်ခံရသူ ဒုတိယမြောက် သမ္မတအဖြစ် မျှော်မှန်းနိုင်ပါလိမ့်မယ်။ တစ်ချိန်တည်းမှာပဲ ဘိုင်ဒင်ကလည်း ယှဉ်ပြိုင်ဖြစ်ခဲ့ရင် ပြိုင်ဘက်ဟောင်း နှစ်ဦးတို့အကြား ၁၉၅၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် မကျေပွဲဆင်နွှဲခြင်းဖြစ်လာပါလိမ့်မယ်။

စစ်တမ်းအရ အမေရိကန်မဲဆန္ဒရှင် ၆၇ ရာခိုင်နှုန်းတို့ဟာ ယခုရွေးကောက်ပွဲမှာ သမ္မတလောင်းသစ်များကိုသာ တွေ့ မြင်လိုကြပြီး ယခင်လူဟောင်းတွေကို မဲပေးဖို့ စိတ်ကုန်နေကြောင်း တွေ့ရှိရပါတယ်။ ဘိုင်ဒင်နဲ့ထရမ့်တိုရဲ့ စိတ်မကျေပွဲ ယှဉ်ပြိုင်ကြမယ့် ရွေးကောက်ပွဲကြီးသာဖြစ်နေရင် မဲမပေးပဲနေမယ်လို့ ဖြေဆိုသူ ၁၈ ရာခိုင်နှုန်း ရှိပါတယ်။

စိတ်ဝင်စားစရာကောင်းတာကတော့ သူတို့နှစ်ဦးရဲ့အခြားသမ္မတလောင်းနဲ့ပတ်သက်ပြီး လူထုဆန္ဒစစ်တမ်းရလဒ် များဖြစ်ပါတယ်။ အမေရိကန်မှာရော ကမ္ဘာမှာပါ နာမည်ကြီးလှတဲ့ ရောဘတ်_အက်ဖ်-ကနေဒီ_ဂျူနီယာ ဟာ (လုပ်ကြံခံရပြီး ကွယ်လွန်သူ) သမ္မတ ဂျွန်_အက်ဖ်_ကနေဒီရဲ့တူအရင်းဖြစ်ပြီး ဒေါ်နယ်ထရမ့်လို ကာကွယ်ဆေး ဆန့်ကျင်ရေး စောင်းပါးရိပ်ခြေ ဦးဆောင်လှုပ်ရှားသူအဖြစ် လူသိများပါတယ်။ ထရမ့်နဲ့ ကနေဒီတို့အကြား စစ်တမ်း ကောက်ယူတဲ့အခါ ၃၆ ရာခိုင်နှုန်းရရှိသူ ကနေဒီထက် ထရမ့်က ၆ မှတ် အသာရရှိပြီး၊ ဘိုင်ဒင်က ၃ဝ ရာခိုင်နှုန်း နဲ့ ကနေဒီက ၈  ရာခိုင်နှုန်းသာ ရရှိခြင်းပဲဖြစ်ပါတယ်။

အမေရိကန်မဲဆန္ဒရှင်တွေဟာ နှစ်ပါတီစနစ်အပေါ် ကျေနပ်မှုမရှိဘဲဖြစ်နေကြပြီး ဖြေဆိုသူ ထက်ဝက်ကျော် ကျော်လောက်က အားအရကြောင်း မှတ်ချက်ပေးကြပါတယ်။ ဝှိုက်တနေးတယ်လာကိုလို ဝါရှင်တန်မှာ လူသိများ ထင်ရှားသူ အကြံပေးပုဂ္ဂိုလ်ကတော့ ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလများအတွက် စေ့ဆော်မှုမပါရှိတဲ့အတွက် ပါတီကြီးနှစ်ခုက မဟုတ်သူ သမ္မတလောင်းကို မဲပေးမယ်လို့ အင်တာဗျူးတစ်ခုမှာ ဖြေဆိုပါတယ်။


သမ္မတလောင်းတွေရဲ့အသက်အရွယ်ကလည်း လူထုအမြင်မှာ ကဏ္ဍတစ်ခုမှ ပါဝင်နေကြောင်း တွေ့ရပါတယ်။ ဒီမိုကရက်တစ်ထက်၀က်ကျော် အပါအဝင် ဖြေဆိုသူ ၇ဝ ရာခိုင်နှုန်းက ဘိုင်ဒင်ရဲ့လက်ရှိအသက်အရွယ် ၈၁ နှစ် ဆိုတာ သမ္မတအလုပ်အတွက် အိုမင်းလွန်းနေပြီး ပြန်လည်အရွေးခံဖို့ မသင့်တော့ဘူးလို့ ယူဆကြပါတယ်။ အလားတူ ရီပတ်ဘလစ်ကင် သုံးပုံတစ်ပုံ အပါအဝင် ဖြေဆိုသူ ၅၆ ရာခိုင်နှုန်းက အသက် ၇၇ နှစ်ရှိနေပြီဖြစ်တဲ့ ထရမ့်အနေနဲ့ နောက်တစ်ကြိမ် ယှဉ်ပြိုင်ဖို့ မသင့်တော့ဘူးလို့ ယူဆကြပါတယ်။

စစ်တမ်းရလဒ်တွေအရ ရီပတ်ဘလစ်ကင်ပါတီအတွင်း နစ်ကီ_ဟယ်လီဟာ ထရမ့်အတွက် အဓိကစိန်ခေါ်သူ ဖြစ်နေကြောင်း မီးမောင်းထိုးပြသလို ရှိနေပါတယ်။ အသက် ၅၂ နှစ်အရွယ် ကုလသမဂ္ဂဆိုင်ရာ အမေရိကန် အမျိုးသမီးသံအမတ်ကြီးဟောင်းရဲ့ထင်ရှားကျော်ကြားမှုဟာ မဲဆန္ဒရှင်အချို့အတွက် စိတ်ဝင်စားစရာဖြစ်နေပါ တယ်။ ဖေဖော်ဝါရီ ၂၄ ရက် တောင်ကာရိုလိုင်းနားပြည်နယ် ရီပတ်ဘလီကန်ပါတီသမ္မတလောင်းအမည် စာရင်းတင်သွင်းမယ့်သူများ ယှဉ်ပြိုင်ရာမှာတော့ ဟယ်လီထက်ထရမ့်က သိသိသာသာဦးဆောင်နေကြောင်း တွေ့ကြရပါတယ်။

နောက်ဆုံးပြောရရင် ထရမ့်နဲ့ ဘိုင်ဒင်ထောက်ခံသူအသီးသီးတို့အကြား မဲပေးရန် လှုံ့ဆော်မှာ မတူကွဲပြားကြောင်း စစ်တမ်းက ပြသနေပါတယ်။ ဘိုင်ဒင်ထောက်ခံသူ ၅၉  ရဲ့ မဲပေးရခြင်းဟာ ထရမ့်အပေါ် ခါးခါးသီး ဆန့်ကျင်ဖို့ဖြစ်ပြီး ထရမ့် မဲဆန္ဒရှင် ၃၉  ရာခိုင်နှုန်းကတော့ သူတို့သမ္မတလောင်း၊ သမ္မတလောင်းရဲ့မူဝါဒများနဲ့ပတ်သက်ပြီး အပြုသဘောဆောင်တဲ့သဘောထားများကို ဖော်ပြခဲ့ကြပါတယ်။

စစ်တမ်းဟာ ထရမ့်အအပေါ်စွဲဆိုထားတဲ့ ဥပဒေရေးရာကိစ္စရပ်များကိုလည်း ထိခိုက်စေကြောင်း အရေးတကြီး မှတ်သားဖွယ်ရှိပါတယ်။ ထရမ့်အနေနဲ့ ဥပဒေချိုးဖောက်ရာရောက်ကြောင်း ပြစ်မှုထင်ရှားလျှင် ထောင်ဒဏ် ချမှတ် သင့်တယ်လို့ ရီပတ်ဘလစ်ကင် ၅၅ ရာခိုင်နှုန်းက ယုံကြည်ကြပါတယ်။ ဒါပေမယ့် ရီပတ်ဘလီကင်အများစုကြီး ကတော့ ရွေးကောက်ပွဲလိမ်လည်ကြောင်း ဆွယ်တရားဟောပြောခြင်းအတွက် ထရမ့်မှာ အပြစ်ရှိတယ်လို့ မယူဆ ကြပါဘူး။


(အမေရိကန်ဟာ ကမ္ဘာ့စစ်ရေး စီးပွားရေး နံပတ်တစ်နိုင်ငံဖြစ်တဲ့အတွက် ဘယ်သူဘယ်ဝါ သမ္မတဖြစ်မယ်ဆိုတာ နိုင်ငံတကာက စိတ်ဝင်စားကြပါတယ်။ 

အမေရိကန်နိုင်ငံထူထောင်ပြီးနောက် ရွေးကောက်ပွဲ အငြင်းပွားမှု ၆ ကြိမ် ဖြစ်ပွားခဲ့ဖူးပြီး ၁၈၂၄၊ ၁၈၇၈၊ ၁၈၁၂၊ ၁၉၆ဝ၊ ၂ဝဝဝ နဲ့ ၂ဝ၂ဝ ပြည့်နှစ်မှာဖြစ်ပါတယ်။ 

အမေရိကန်တရားဥပဒေများ အားလုံးကို ကျွန်တော် မလေ့လာမိပေမယ့် ၂ဝ၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက် ဝါရှင်တန်ဒီစီ ကက်ပီတိုဟေးလ် ကွန်ဂရက်အဆောက်အအုံ အကြမ်းဖက်မှုဟာ ထရမ့်ရဲ့လှုံ့ဆော်မှုကြောင့်ဖြစ်ရတယ်လို့ ကျွန်တော် မယုံကြည်ပါ။

ထရမ့် မဲရှုံးရအောင် လျှို့ဝှက်ကြံစည်သူဟာ ကျွန်တော်တို့ မြန်မာများ မေတ္တာတုံး ဂျော့ဆိုးရော့စ်ဖြစ်ကြောင်း ရီပတ်ဘလစ်ကင်တို့ ယုံကြည်ချက်ကို သက်သေမပြနိုင်ပေမယ့် ဟုတ်သလိုလို ရှိခဲ့တာအမှန်ဖြစ်ပါတယ်။ ရွေးကောက်ပွဲမကျင်းပမီ၊ ကျင်းပနေစဉ်နဲ့ ကျင်းပပြီးနောက် အမေရိကန်သတင်းမီဒီယာတို့ရဲ့ရေးသားချက်များဟာ ဘယ်ဟာက အမှန်ဖြစ်ကြောင်း တရားရုံးတော်က ကြားဝင်မဟန့်တားနိုင်မီအထိ ဇဝေဇဝါဖြစ်လောက်အောင် ရှုပ်ထွေးခဲ့ပါတယ်။ ဒီနေ့ သတင်းစားသုံးသူ ရေမီးရှားနေများ ချာလပတ်ရမ်းနေတဲ့ အတိုင်းပါပဲ။


မဲပြားအရေအတွက်ကို ပြန်လည်စစ်ဆေးပြီးနောက် အမှန်ပြောင်းလဲပေးခဲ့ပေမယ့် မဲရလဒ်အပေါ် အကြီးအကျယ် ပြောင်းလဲနိုင်ခြင်းမရှိကြောင်း တွေ့ရပါတယ်။ ဒါပေမယ့် ထရမ့်ကိုယ်စားလှယ်များ ကနဦး ဆင်ခြေပေးတဲ့အတိုင်း သံသယဝင်စရာကောင်းနေပါတယ်။ စာတိုက်မှတဆင့်ပေးပို့တဲ့ ဆန္ဒမဲများကို FBI အနေနဲ့ နောက်ကြောင်းပြန် ခြေရာကောက်ရန် မဖြစ်နိုင်လောက်အောင်ရှိပြီး သူတို့နိုင်ငံ စာတိုက်စနစ်ရဲ့ ဖြောင့်မှန်တာဝန်ကြေပွန်မှုအပေါ်မှာ သာ ပုံချလိုက်ရသလို ရှိပါတယ်။

ဒိုမီနီယံရွေးကောက်ပွဲမဲပေးစနစ်နဲ့ “စမတ်စ်မက် တစ်_အီလက်ထရောနစ်ကုမ္ပဏီ” တို့အပေါ် စွပ်စွဲရေးသားချက် များကြောင့် ထရမ့်ထောက်ခံတဲ့ “ဖောက်စ်_သတင်းဌာန” လည်း အသရေဖျက်မှုနဲ့ တရားစွဲဆိုခံထားရပါတယ်။ သတင်းအေဂျင်စီနဲ့ စမတ်စ်မက်တစ်အီလက်ထရောနစ်ကုမ္ပဏီတို့ရဲ့အမှုဟာ ကြားနာနေဆဲဖြစ်ပြီး၊ ဒိုမီနီယံကုမ္ပဏီ အမှုမှာတော့ ဖောက်စ်က ဒေါ်လာ ၇၈၇.၅ သန်း ပေးလျော်ခဲ့ရပါတယ်။ ။ သတင်းဘာသာပြန်သူ)

#ဒေါ်နယ်ထရမ့် #ဂျိုးဘိုင်ဒင် #၂၀၂၄ခုနှစ်အမေရိကန်သမ္မတရွေးကောက်ပွဲ #ဒိုမီနီယံရွေးကောက်ပွဲမဲပေးစနစ် 

#ရောဘတ်_အက်ဖ်-ကနေဒီ_ဂျူနီယာ #စမတ်စ်မက်တစ်_အီလက်ထရောနစ်ကုမ္ပဏီ ဂျော့ဆိုရော့စ်

(Reuters, 25 January 2024,” Trump opens up lead over Biden in rematch many Americans don't want” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရန်ကုန်-မန္တလေး အမြန်လမ်း၌ အိမ်စီးကား (၁)စီး တိမ်းမှောက်ခဲ့ရာ သံဃာတစ်ပါး အပါအဝင် (၇)ဦး ထိခိုက်ဒဏ်ရာရ

RECENT POSTS
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved