ရန်ကုန်-မန္တလေး အမြန်လမ်း၌ အိမ်စီးကား (၁)စီး တိမ်းမှောက်ခဲ့ရာ သံဃာတစ်ပါး အပါအဝင် (၇)ဦး ထိခိုက်ဒဏ်ရာရ
စော (NSS) - ဇန်နဝါရီ ၂၆
ရန်ကုန်-မန္တလေး အမြန်လမ်း၌ အိမ်စီးကား(၁)စီး တိမ်းမှောက်ခဲ့ရာ သံဃာတစ်ပါး အပါအဝင် (၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါအိမ်စီးကားသည် ယနေ့ (ဇန်နဝါရီလ ၂၆ ရက်)၊ နံနက် (၇)နာရီ ဝန်းကျင်အချိန်တွင် ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ် (၃၅/၅)နှင့် (၃၅/၆)ကြားတွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း ဘောနတ်ကြီးအမြန်လမ်းမီးသတ်စခန်းထံမှ သိရသည်။
ထိုသို့တိမ်းမှောက်ခဲ့သော ကားသည် Ford Ranger အမျိုးအစားဖြစ်ပြီး နေပြည်တော်မှ ရန်ကုန်သို့ မောင်းနှင်လာစဉ် အခင်းဖြစ်ပွားရာနေရာအရောက်၌ ကားဘီးပေါက်ကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဘယ်ဘက်ဘီးပေါက်သွားပြီးတော့ အရှိန်မထိန်းနိုင်ဘဲ မြေသားလမ်းပေါ်မှာ ပက်လက်အနေအထားနဲ့ ရပ်တန့်ပြီး တိမ်းမှောက်နေတာပါ။ Ford Ranger အိမ်စီးကားကြီးပါ။ ဘယ်ကနေဘယ်ကိုသွားလဲတော့ မသိဘူး။ လမ်းပိုင်းအနေနဲ့ကြတော့နေပြည်တော်ကနေ ရန်ကုန်ဘက်ကို ဦးတည်မောင်းတာပါ”ဟု ဘောနတ်ကြီး အမြန်လမ်းမီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါ ကားပေါ်တွင် သံဃာ(၃)ပါး ၊ အမျိုးသား (၆)ဦး နှင့် အမျိုးသမီး (၈)ဦး စုစုပေါင်း (၁၇)ဦးတို့ လိုက်ပါစီးနင်းလာကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် သံဃာတစ်ပါး၊ အမျိုးသား (၂)ဦးနှင့် အမျိုးသမီး (၄) စုစုပေါင်း (၇)ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့ကို ပဲခူးပြည်သူဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန် အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့၌ မိုးဆက်လက်ရွာသွန်းနိုင်
RELATED POSTS
08 Nov 2024 | မှုခင်း,ပြည်တွင်း
07 Nov 2024 | မှုခင်း,ပြည်တွင်း