"Marry My Husband" ဒရာမာထဲက မင်းသားနာအင်ဝူး ၁၂ နှစ်ကြာလက်တွဲခဲ့တဲ့ Cube Entertainment မှ ထွက်ခွာ
ရောင်နီ (NSS) - ဇန်နဝါရီ ၂၆
"Marry My Husband" ဒရာမာနဲ့ပရိသတ်တော်တော်များများ သတိထားမိနေတဲ့မင်းသားချော နာအင်ဝူးဟာ ဇန်နဝါရီလ ၂၅ ရက်က သူ့ရဲ့ ၁၂ နှစ်တာ လက်တွဲခဲ့တဲ့ အေဂျင်စီမှ နှုတ်ထွက်ခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။
ဒီအကြောင်းကို ၎င်းရဲ့ အေဂျင်စီ" Cube Entertainment" က ဖော်ပြခဲ့ခြင်းဖြစ်ပါတယ်။
အေဂျင်စီက "နာအင်ဝူး ကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ် Cube Entertainment အနေနဲ့ နာအင်ဝူးနြဲ ပတ်သက်ပြီး တရားဝင်ကြေညာလိုပါတယ်။ သေချာဆွေးနွေးမှုတွေပြုလုပ်ပြီးနောက်၊ နာအင်ဝူးနဲ့ ကျွန်တော်တို့ရဲ့သီးသန့်စာချုပ်ဟာ ဇန်နဝါရီ ၁၈ ရက်မှာ အဆုံးသတ်ခဲ့ပါတယ်။
"၂၀၁၂ ခုနှစ်မှစကာ ကျွန်တော်တို့ရဲ့အနုပညာရှင်အဖြစ် အချိန်အကြာကြီး လက်တွဲခဲ့တဲ့ Na In Woo ကို အထူး ကျေးဇူးတင်ရှိပါတယ်။ အနာဂါတ်မှာလည်း ဆက်ပြီး ပံ့ပိုးကူညီပေးသွားမည်ဖြစ်ပါတယ်။ နာအင်ဝူးကို Cube Entertainment မှ ထွက်ခွာပြီးနောက်မှာလည်း ဆက်လက်အားပေးကြဖို့ တောင်းဆိုပါတယ်" လို့ ရေးသားခဲ့တာဖြစ်ပါတယ်။
နာအင်ဝူးဟာ ၂၀၁၂ ခုနှစ်က Cube Entertainment ကို ဝင်ရောက်ခဲ့ပြီး ၂၀၁၃ 2ခုနှစ်မှာ "Bachelor's Vegetable Store” တေးဂီတနဲ့ ပွဲဦးထွက်ခဲ့ပါတယ်။ မင်းသားဟာ လက်ရှိ ပြသနေဆဲဖြစ်တဲ့ tvN ရဲ့ ဒရာမာ “Marry My Husband” မှာ မင်းသမီး ပက်ခ်မင်ယောင်းနဲ့အတူ အဓိကဇာတ်ဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
(၄)နှစ်နီးပါး ရပ်နားထားသည့် မြန်မာ-လာအိုချစ်ကြည်ရေးတံတားကို ပြန်လည်ဖွင့်လှစ်
RELATED POSTS
19 Sep 2024 | အနုပညာ,နိုင်ငံတကာ
18 Sep 2024 | အနုပညာ,နိုင်ငံတကာ
17 Sep 2024 | အနုပညာ,နိုင်ငံတကာ