ရုရှားနှင့်ဖြစ်ပွားလာနိုင်ခြေရှိသောစစ်ပွဲအတွက် ပြည်သူများကို လေ့ကျင့်သင်ကြားပေးထားမည်ဖြစ်ကြောင်း ဗြိတိန်စစ်တပ်အကြီးအကဲပြော
Pika (NSS) - ဇန်နဝါရီ ၂၅
ရုရှားနိုင်ငံနှင့်ဖြစ်ပွားလာနိုင်ခြေရှိသော စစ်ပွဲနှင့်ပတ်သက်ပြီး အလားအလာရှိသော စစ်သားစုဆောင်းမှုများအတွက် ပြည်သူများကို လေ့ကျင့်သင်ကြားပေးမှုများ လုပ်ဆောင်ထားသင့်ကြောင်း ဗြိတိန်စစ်ဦးစီးချုပ် ပက်ထရစ်ဆန်းဒါးစ်က ပြောကြားခဲ့သည်။
သို့သော်လည်း ဗြိတိန်ဝန်ကြီးချုပ်ဆူနက်က စစ်မှုထမ်းစေခိုင်းမည့်အစီအစဉ်များမရှိကြောင်း နှင့် ပက်ထရစ်ဆန်း ဒါးစ်ကို ၎င်း၏မှတ်ချက်များအတွက် ပြစ်တင်ဝေဖန်ခဲ့ကြောင်းလည်း သိရသည်။ ဗြိတိန်နိုင်ငံသည် သုံးနှစ်အတွင်း လက်ရှိ စစ်အင်အား(၇၆ဝဝဝ)အောက်ကို နှစ်ဆနီးပါး (၁၂ဝဝဝဝ)ဝန်းကျင်ထိ တိုးချဲ့ရမည်ဖြစ်ကြောင်း ပက်ထရစ် ဆန်းဒါးစ်က ပြောကြားခဲ့သည်။
"ဒါပေမယ့် အဲဒါက လုံလောက်မှာ မဟုတ်ပါဘူး။ ရုရှားနဲ့ဖြစ်ပွားလာနိုင်တဲ့အလားအလာရှိတဲ့ စစ်ပွဲအတွက် ပြည်သူ တွေကို လေ့ကျင့်သင်ကြားမှုတွေ လုပ်ဆောင်ပေးဖို့ စတင်လုပ်ဆောင်သင့်ပါပြီ" ဟု ပက်ထရစ်ဆန်းဒါးစ်က ပြောခဲ့သည်။
ထို့အပြင် လူဆယ်သန်းကျော်သာရှိသော ဆွီဒင်နိုင်ငံသည် စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများအဖြစ် ၎င်း၏ ပြည်သူများကို စစ်ဘက်ဆိုင်ရာလေ့ကျင့်မှုများ လုပ်ဆောင်ပေးရန် ဆုံးဖြတ်ခဲ့ခြင်းကို ပက်ထရစ်ဆန်းဒါးစ်က ချီးကျူးပြောဆိုခဲ့ကြောင်းလည်း သိရသည်။
နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်ခွင့်ရရန် တောင်းဆိုထားသော ဆွီဒင်နိုင်ငံသည် ၂ဝ၁၇ ခုနှစ်တွင် စစ်မှုထမ်းခြင်းစနစ်ကို ပြန်လည်အသက်သွင်းခဲ့ပြီးနောက် အရပ်ဘက်စစ်မှုထမ်းခြင်း ပြန်လည်စတင်ရန် အစီအစဉ်ကို ယခုလအစောပိုင်း တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
ပက်ထရစ်ဆန်းဒါးစ်၏ ပြောဆိုချက်များသည် စစ်မှုထမ်းရန် ခေါ်ဆိုမှုတစ်ခုအဖြစ် လူအများအပြားက ရှုမြင်နေကြ သော်လည်း မကြာမီအချိန်အတွင်းဖြစ်လာနိုင်ခြေရှိသော စစ်မှုထမ်းခြင်းဆိုင်ရာဥပဒေမူကြမ်းနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများကိုလျှော့ချရန် ဆူနက်၏ ရုံးက သတင်းထုတ်ပြန်ခဲ့ကြောင်းလည်း သိရသည်။
"ဗြိတိန်စစ်တပ်ဟာ ဆန္ဒအလျောက် စစ်မှုထမ်းခြင်းကို ဂုဏ်ယူစရာတစ်ခုအဖြစ် သတ်မှတ်တဲ့အစဉ်အလာရှိပါ တယ်။ အဲဒါကိုပြောင်းလဲဖို့ အစီအစဉ်တွေမရှိသေးပါဘူး" ဟု ဆူနက်၏ ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တာမွေမြို့နယ်ရှိ ဂိုထောင်တစ်လုံး၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင်(၂)ဦး ဒဏ်ရာရ
RELATED POSTS
29 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
29 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
29 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ