Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဟူသီလက်နက်ကိုင်အဖွဲ့က ပင်လယ်နီအတွင်းရှိ အမေရိကန်အလံတင် ကုန်တင်သင်္ဘောနှစ်စီးကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်

Pika (NSS) - ဇန်နဝါရီ ၂၅ 

ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့သည် ဇန်နဝါရီလ(၂၄)ရက်တွင် ပင်လယ်နီအတွင်းရှိ အမေရိကန် အလံတင်ကုန်တင်သင်္ဘောနှစ်စီးကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အစိုးရက  ပြော ကြားခဲ့သည်။ 

သို့သော်လည်း ဟူသီလက်နက်ကိုင်အဖွဲ့ပစ်လွှတ်လိုက်သော ဒုံးကျည်(၃)စင်းအနက် နှစ်စင်းကို ကြားဖြတ် ဟန့်တားနိုင်ခဲ့ပြီး တစ်စင်းမှာ ပစ်မှတ်ကို ထိမှန်ခြင်းမျိုးမရှိခဲ့ကြောင်း အမေရိကန်အစိုးရက ထပ်မံပြောကြားခဲ့ သည်။ 


ပြီးခဲ့သည့်သီတင်းပတ်များအတွင်း အမေရိကန်နှင့် ဗြိတိန်တပ်ဖွဲ့တို့သည် ဟူသီလက်နက်ကိုင်အဖွဲ့၏ ကုန်တင် သင်္ဘောများအား ပစ်မှတ်ထားတိုက်ခိုက်နိုင်စွမ်းကို လျော့ကျစေရန်အတွက် ပူးပေါင်းတိုက်ခိုက်မှုများကို နှစ်ကြိမ် လုပ်ဆောင်ခဲ့ကြောင်းလည်း သိရသည်။ ထို့အပြင် အမေရိကန်တပ်ဖွဲ့များသည် ကုန်တင်သင်္ဘောများကို ပစ်မှတ် ထားတိုက်ခိုက်ရန်အတွက် ပြင်ဆင်ထားသော ဟူသီလက်နက်ကိုင်အဖွဲ့၏ ဒုံးကျည်များကို လေကြောင်းမှ တိုက်ခိုက်မှုများလုပ်ဆောင်ကာ ဖျက်ဆီးပစ်ခဲ့ကြောင်းလည်း သိရသည်။

သို့သော်လည်း ပင်လယ်နီအတွင်းရှိ ကုန်တင်သင်္ဘောများကို တိုက်ခိုက်မှုများအား ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဟူသီလက်နက်ကိုင်အဖွဲ့က ကတိပြုခဲ့သည်။ 

"ဟူသီလက်နက်ကိုင်အဖွဲ့ဟာ ပင်လယ်နီတောင်ပိုင်းမှာရှိတဲ့ ကုန်တင်သင်္ဘောနှစ်စီးကို ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။ အမေရိကန်ရေတပ်ဖျက်သင်္ဘောဟာ ဒုံးကျည်နှစ်စင်းကို ကြားဖြတ်ဟန့်တားကာ ပစ်ချနိုင်ခဲ့ ပြီး အခြားဒုံးကျည်တစ်စင်းကတော့ ပစ်မှတ်ကို ထိမှန်ခဲ့ခြင်းမျိုး မရှိပါဘူး။ ဟူသီလက်နက်ကိုင်အဖွဲ့ဟာ ဒီတိုက်ခိုက်မှုတွေကို ဆက်လက်လုပ်ဆောင်နိုင်ဖွယ်ရှိနေတယ်ဆိုတာ ရှင်းရှင်းလင်းလင်းသိသာပါတယ်။ ပြီးတော့ ကုန်တင်သင်္ဘောတွေကို ကာကွယ်ဖို့ ကျွန်တော်တို့လုပ်ရမယ့်အရာတွေကို ဆက်လက်လုပ်ဆောင်သွားမှာပါ" ဟု အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီပြောရေးဆိုခွင့်ရှိသူဂျွန်ကာဘိုင်က ပြောဆိုခဲ့သည်။

အမေရိကန်ဗဟိုကွပ်ကဲမှုဌာနချုပ် CENTCOM က "ဟူသီလက်နက်ကိုင်အဖွဲ့ရဲ့တိုက်ခိုက်မှုအတွင်း သင်္ဘောနဲ့ အမှုထမ်းတွေ ထိခိုက်ဒဏ်ရာရရှိ/ပျက်စီးတာတွေနဲ့ပတ်သက်တဲ့အစီရင်ခံစာတွေ မရှိသေးပါဘူး" ဟု ထုတ်ပြန် ပြောခဲ့သည်။

ဟူသီလက်နက်ကိုင်အဖွဲ့သည် ပင်လယ်နီအတွင်းရှိ ကုန်တင်သင်္ဘောများကို တိုက်ခိုက်မှုများအား ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အစ္စရေး-ဟားမက်စစ်ပွဲ စတင်ဖြစ်ပွားပြီးနောက် ဂါဇာကမ်းမြောင်ဒေသရှိပါလက်စတိုင်းလူမျိုးများကိုထောက်ခံသည့်အနေဖြင့် အစ္စရေးနှင့်ဆက်နွယ်နေသော သင်္ဘောများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဟူသီလက်နက်ကိုင်အဖွဲ့က ပြောခဲ့သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရုရှားနှင့်ဖြစ်ပွားလာနိုင်ခြေရှိသောစစ်ပွဲအတွက် ပြည်သူများကို လေ့ကျင့်သင်ကြားပေးထားမည်ဖြစ်ကြောင်း ဗြိတိန်စစ်တပ်အကြီးအကဲပြော

RELATED POSTS
RECENT POSTS
“ သွေးပျက်နေတဲ့ မင်းမော်ကွန်းရဲ့အဖြစ် အပါအဝင် ရေဘေးသင့် အိမ် ထောင်စု(၂၀ဝ)အတွက် NP News အလှူ ”
29 Sep 2024
ရန်ကုန်နှင့် မန္တလေးတွင် ကျားဖြန့်လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံမှ အလိုရှိတရားခံပြေး အပါအဝင် တရုတ်နိုင်ငံသား(၂၀)ဦးကို တရုတ်သို့ ပြည်နှင်လွှဲပြောင်း
29 Sep 2024
ဇေကမ္ဘာဦးခင်ရွှေ ပြန်လည် လွတ်မြောက်လာ
29 Sep 2024
အငြိမ်းစားဝန်ထမ်းများ Centralized e-Pension စနစ်ဖြင့် မြန်မာ့စီးပွားရေးဘဏ်ခွဲ(၁၄၉)ခုတွင် ပင်စင်လစာများ ထုတ်ယူနိုင်မည်
29 Sep 2024
လက်ဘနွန်နိုင်ငံကိုမကြာခင် မြေပြင်ထိုးစစ်ဆင်မယ်လို့ အစ္စရေးဗိုလ်ချုပ်ကြီးပြော
29 Sep 2024
ဟစ္စဘိုလာအဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေးရယူရန် အမေရိကန်ဦးဆောင်သော မဟာမိတ်အဖွဲ့များ၏ ကမ်းလှမ်းချက်ကို အစ္စရေးဝန်ကြီးချုပ် ငြင်းဆန်
29 Sep 2024
နောက်ဆုံးပေါ် နျူစွမ်းအင်သုံး ရေငုပ်သင်္ဘော နစ်မြုပ်သွားသည့် ကိစ္စ တရုတ်အစိုးရ ဖုံးကွယ်
29 Sep 2024
နီပေါနိုင်ငံတွင်ဖြစ်ပေါ်နေသည့် ရေကြီး၊ မြေပြိုမှုများကြောင့် သေဆုံးသူအရေအတွက် ပိုမိုမြင့်တက်လာဖွယ်ရှိနေ
29 Sep 2024
အနောက်ဘက်မှရွေ့လျားလာသည့် လေပွေလှိုင်းများ၏ အရှိန်ကြောင့် အောက်တိုဘာ(၁)ရက်မှစ၍ ဒေသအချို့တွင် လေပြင်းတိုက်ခတ်၍ မိုးကြီးနိုင်
29 Sep 2024
နစကရဲ့တီးလုံးအောက်မှာ လိုက်ကနေရတဲ့ အကြမ်းဖက်များ၊ လားရှိုးတိုက်ပွဲထဲက လောက်ကောင်၊ ဒေါ်လာသန်း ၂၀၀ မရဘူးလို့ အသည်းအသန်ငြင်းတဲ့ NUG နဲ့ MNDAA ၊ ခိုင်နှင်းဝေ ကို စတင် ထိုးနှက်ဖို့ ပြင်လာတဲ့ ပြည်ပြေးမီဒီယာအချို့ (၂၈-၉-၂ဝ၂၄)
29 Sep 2024
အမေရိကန်၊ ဖိလစ်ပိုင်၊ နယူးဇီလန်၊ ဩစတြေးလျ နဲ့ ဂျပန်တို့က တောင်တရုတ်ပင်လယ်အတွင်းမှာ ပူးတွဲရေကြောင်းလှုပ်ရှားမှုတွေကို လုပ်ဆောင်မယ်
29 Sep 2024
ရန်ကုန်တိုင်းအတွင်း အုပ်ချုပ်ရေးမှူး အပါအဝင် ရာအိမ်မှူးများကို လုပ်ကြံသတ်ဖြတ်ခဲ့သည့် Anonymous Force အဖွဲ့ဝင်များကို ဖမ်းဆီးရမိခဲ့ကြောင်း နစကထုတ်ပြန်
29 Sep 2024
ရေဘေးသင့်ဒေသများ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် အလှူရှင်များက ငွေကျပ် (၁ဝ) ဘီလျံကျော်ကို ဒုတိယအကြိမ်ထပ်မံလှူဒါန်း
29 Sep 2024
ရေတပ်စွမ်းရည်မြှင့်တင်မည့် အင်ဒိုနီးရှားက အိန္ဒိယ၏ ရေငုပ်သင်္ဘောများကို မျက်စိကျနေ
29 Sep 2024
တာဝေးပစ်စစ်လက်နက်ပစ္စည်းတွေ နဲ့ အီရန်ကို ခြိမ်းခြောက်လိုက်တဲ့ အစ္စ ရေးဝန်ကြီးချုပ် နေတန်ရာဟု
29 Sep 2024
နစကရဲ့ ငြိမ်းချမ်းရေး ဖိတ်ခေါ်ချက်နဲ့ သူပုန်အုပ်စုရဲ့တုံ့ပြန်ချက်၊ ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းတည်ထားတဲ့ NLD ရဲ့ (၃၆)နှစ်ပြည့် ကြေညာချက်၊ နေပြည်တော် ထန်းတပင် VIP နားက သတိပြုဖွယ်ဖြစ်ရပ်နဲ့ စစ်မှုထမ်းကိစ္စ၊ ကုမ္ပဏီ(၁၄ဝ)နီးပါးထဲက (၅၉)ခု (၂၇-၉-၂ဝ၂၄)
28 Sep 2024
ဟီလီနီမုန်တိုင်းကြောင့် အမေရိကန်နိုင်ငံတွင် လူပေါင်း အနည်းဆုံး ၄၃ ဦးသေဆုံးပြီး လူပေါင်းများစွာ အခက်အခဲ ကြုံနေ
28 Sep 2024
အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် ဟစ်ဘိုလာအဖွဲ့ခေါင်းဆောင် သေဆုံး
28 Sep 2024
ဝိုင်ဖိုင်ကြိုးတက်ပြင်သည့် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးမှု တောင်ဥက္ကလာပတွင် ဖြစ်ပွား
27 Sep 2024
ရန်ကုန်တွင် ရက်ပိုင်းအတွင်း ရာအိမ်မှူးတစ်ဦး ထပ်မံပစ်ခတ်သတ်ဖြတ်ခံရ
27 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved