နယူးဟမ်ရှိုင်းယားပြည်နယ်မှာ ပြုလုပ်တဲ့ရွေးကောက်ပွဲမှာအနိုင်ရပြီးနောက် ရီပတ်ဘလီကန်ပါတီသမ္မတလောင်း အဖြစ် ရွေးချယ်ခံရဖို့ အလားလာများနေတဲ့ ဒေါ်နယ်ထရမ့်
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၂၄
အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့်ဟာ နယူးဟမ်ရှိုင်းယားပြည်နယ်မှာ ပြုလုပ်တဲ့ ပါတီအတွင်း ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီးနောက် လာမယ့်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်နဲ့ ယှဉ်ပြိုင်ခွင့်ရဖို့ အလားအလာများနေကြောင်း သိရပါတယ်။
အဆိုပါ ပြည်နယ်ရွေးကောက်ပွဲအတွင်း ဆန္ဒမဲများကို ရေတွက်ပြီးချိန်မှာ ဒေါ်နယ်ထရမ့်ဟာ အနီးကပ်ဆုံးပြိုင်ဘက် ထက် ၁၁ မှတ် အသာရရှိခဲ့ကြောင်း သိရပါတယ်။ ရီပတ်ဘလီကန်ပါတီ ရဲ့ သမ္မတလောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ကြ သူတွေထဲမှာ သံအမတ်ကြီး နီကီဟာလေးကတော့ ဒေါ်နယ်ထရမ့်ရဲ့ပြိုင်ဘက်အဖြစ် ဆက်ရှိနေမှာဖြစ်ကြောင်း သိရပါတယ်။
အသက် ၇၇ နှစ်အရွယ်ရှိ ဒေါ်နယ်ထရမ့်က "အလွယ်တကူ အနိုင်ရသွားခဲ့ပါတယ်" လို့ ပြောပါတယ်။ ဒေါ်နယ်ထရမ့် ဟာ နယူးဟမ်ရှိုင်းယားပြည်နယ်အတွင်းပြုလုပ်တဲ့ ရီပတ်ဘလီကန်ပါတီရဲ့သမ္မတလောင်းရွေးကောက်ပွဲမှာ အဓိက ပြိုင်ဘက်ဖြစ်တဲ့နီကီဟာလေးကို အနိုင်ရခဲ့တာပါ။ နီကီဟာလေးကတော့ ပါတီအတွင်း သမ္မတလောင်း ရွေးကောက်ပွဲကျင်းပရာမှာ ပြီးဆုံးဖို့ အချိန်အများကြီးလိုနေကြောင်း ပြောပါတယ်။
ဒေါ်နယ်ထရမ့်ဟာ လာမယ့်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီရဲ့သမ္မတလောင်းဖြစ်ဖို့ အလားလာများနေတဲ့ ဂျိုးဘိုင်ဒန်ကို ယှဉ်ပြိုင်အနိုင်ယူနိုင်စွမ်းရှိသူဖြစ်ကြောင်း နီကီဟာလေး က ပြောပါတယ်။ ဒါပေမယ့် သူအနေနဲ့ ဒေါ်နယ်ထရမ့်နဲ့ ပါတီအတွင်း သမ္မတလောင်းရွေးချယ်မှုတွေကို ထပ်မံယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း နီကီဟာလေး က ပြောပါတယ်။
အမေရိကန်သမ္မတရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာလအတွင်း ကျင်းပမှာဖြစ်ပြီး ဒီမိုကရက်တစ်တစ်ပါတီ ကိုယ်စားပြုပြီး သမ္မတလောင်းအဖြစ် ဂျိုးဘိုင်ဒန် ပါဝင်ယှဉ်ပြိုင်ခွင့်ရဖွယ်ရှိနေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မော်လူးမြို့မစျေးအတွင်း မီးလောင်မှုကြောင့် ဆိုင်ခန်းအများအပြား ပျက်စီးဆုံးရှုံး
RELATED POSTS
29 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
29 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
29 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ