နိုင်ငံကာကွယ်ရေးအတွက်လိုအပ်တဲ့ စစ်ဘက်သုံးနည်းပညာတွေရအောင် အစွမ်းကုန်ကြိုးပမ်းမယ်လို့ အီရန်စစ်ဘက်ပြော
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၂၄
အီရန်ကာကွယ်ရေးနဝန်ကြီး မိုဟမ်မက် ရီဇာ အက်တီယာနီက နိုင်ငံကာကွယ်ရေးအတွက် လိုအပ်တဲ့နောက်ဆုံး စစ်ဘက်သုံးနည်းပညာတွေရရှိအောင် အကောင်းဆုံးလုပ်ဆောင်သွားမှာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အီရန်ကာကွယ်ရေးဝန်ကြီးဟာ ဇန်နဝါရီ ၂၃ ရက်က ကျင်းပခဲ့တဲ့ အီရန်စစ်တပ်ကို ဒရုန်းတွေ လွှဲပြောင်းပေးမှု အခမ်းအနားကို တက်ရောက်ချိန်အတွင်း အခုလိုမျိုးပြောခဲ့တာပါ။ အီရန်စစ်တပ်ဟာ ဇန်နဝါရီ ၂၃ ရက်မှာ ပြည်တွင်းထုတ်ဒရုန်းတွေကို လက်ခံလွှဲပြောင်းရယူခဲ့ကြောင်း သိရပါတယ်။
စစ်ဘက်သုံးခေတ်မီနည်းပညာတွေ လက်ခံရရှိရေးဟာ ကာကွယ်ရေးဝန်ကြီးဌာနအတွက် အဓိကအရေးပါကြောင်း၊ ဆိုပါတယ်။ အီရန်ကာကွယ်ရေးဝန်ကြီးက "အီရန်နိုင်ငံရဲ့စစ်ဘက်သုံးနည်းပညာနဲ့ စစ်ရေးလိုအပ်ချက်တွေအတွက် လိုအပ်တဲ့အရာတွေရရှိစေဖို့ အင်အားပိုမိုကောင်းမွန်အောင် ဘက်ပေါင်းစုံကြိုးပမ်းမှာ ဖြစ်တယ်။ အီရန်စစ်တပ်ရဲ့ တိုက်ခိုက်ရေးစွမ်းအား နဲ့ စွမ်းရည်ပိုင်းပိုမိုကောင်းမွန်တိုးတက်အောင်လုပ်ဆောင်မယ်" လို့ ပြောပါတယ်။
အီရန်ဟာ အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်းကတည်းက ခေတ်မီ လက်နက်တွေကို အီရန်စစ်တပ်ထံ တစ်ခုပြီးတစ်ခုလွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ အီရန်ဟာ ပြီးခဲ့တဲ့သီတင်းပတ် အတွင်းကလည်း ပါကစ္စတန်နိုင်ငံ နဲ့အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
အီရန်စစ်တပ်ဟာ ရုရှားနိုင်ငံထံကနေ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးနည်းပညာတွေကို ရယူနိုင်ခဲ့သူဖြစ်သလို ပြည်တွင်းမှာလည်း ကိုယ်ပိုင်စမ်းသပ်ထုတ်လုပ်နေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နယူးဟမ်ရှိုင်းယားပြည်နယ်မှာ ပြုလုပ်တဲ့ရွေးကောက်ပွဲမှာအနိုင်ရပြီးနောက် ရီပတ်ဘလီကန်ပါတီသမ္မတလောင်း အဖြစ် ရွေးချယ်ခံရဖို့ အလားလာများနေတဲ့ ဒေါ်နယ်ထရမ့်
RELATED POSTS
29 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
29 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
29 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ