ဟူသီလက်နက်ကိုင်အုပ်စု ထိန်းချုပ်ထားတဲ့ယီမင်နိုင်ငံကို ဗြိတိန်နဲ့ အမေရိကန်ဦးဆောင်ပြီး နိုင်ငံပေါင်း ၂၄ နိုင်ငံ ပူးပေါင်းတိုက်ခိုက်
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၂၄
အမေရိကန်၊ ဂျာမနီ၊ သြစတြေးလျ အပါအဝင် နိုင်ငံပေါင်း ၂၄ နိုင်ငံဟာ ယီမင်နိုင်ငံရှိ ဟူသီလက်နက်ကိုင်အုပ်စု ထိန်းချုပ်ထားတဲ့နေရာပေါင်း ၈ ခုကို ဇန်နဝါရီ ၂၃ ရက်က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
ဗြိတိန်ဝန်ကြီးချုပ်ရုံးက ပူးတွဲသတင်းထုတ်ပြန်ရာမှာ "ပင်လယ်နီဒေသအတွင်း ကုန်စည်သင်္ဘောတွေနဲ့ နိုင်ငံတကာ ရေလမ်းကြောင်းတွေကို တိုက်ခိုက်တာတွေနဲ့ပတ်သက်ပြီး ဟူသီလက်နက်ကိုင်အုပ်စုကို လက်တုံ့ပြန်ခဲ့တယ်။ အမေရိကန်၊ ဗြိတိန်စစ်တပ်တို့နဲ့အတူ သြစတြေးလျ၊ ဘာရိန်း၊ ကနေဒါ၊ နယ်သာလန် နဲ့ နယူးဇီလန်နိုင်ငံတို့ အပါအဝင် နိုင်ငံပေါင်း ၂၄ နိုင်ငံ ပူပေါင်း ပါဝင်ခဲ့တယ်။ ဟူသီလက်နက်ကိုင်အုပ်စုထိန်းချုပ်ထားတဲ့ ယီမင်နိုင်ငံ အတွင်းရှိနေရာပေါင်း ၈ ခုကို တိုက်ခိုက်ခဲ့တယ်။ ဒီတိုက်ခိုက်မှုတွေဟာ ကမ္ဘာ့ကုန်သွယ်ရေးကို ဆက်လက် တိုက်ခိုက်နေတဲ့ ဟူသီလက်နက်ကိုင်အုပ်စုရဲ့လုပ်နိုင်စွမ်းတွေကို လျော့ချဖို့နဲ့တားဆီးဖို့ ရည်ရွယ်ပြီး တိုက်ခိုက်ခဲ့ တာပါ" လို့ ပြောပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် ရီရှီ ဆူနက်က ပင်လယ်နီဒေသအတွင်းရှိ ကုန်စည်သင်္ဘောတွေကိုတိုက်ခိုက်နေတဲ့ ဟူသီ လက်နက်ကိုင်အုပ်စုရဲ့စွမ်းရည်တွေကိုလျော့ချဖို့လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောပါတယ်။ ဟူသီလက်နက် ကိုင်အုပ်စုဟာ သတိပေးချက်တွေကိုလက်မခံဘဲ တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေမယ်ဆိုရင်တော့ အမေရိကန် နဲ့ ဗြိတိန်တို့က ဦးဆောင်ပြီး ဆက်လက်တိုက်ခိုက်သွားမှာဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်ရုံးက ပြောပါတယ်။
ဗြိတိန်ဝန်ကြီးချုပ်ရုံးက "ကျွန်တော်တို့ဟာ ထိပ်တိုက်တွေ့ဆုံဖို့ ကြိုးပမ်းမှာမဟုတ်ဘူး။ ဟူသီက ဆက်လက် တိုက်ခိုက်နေမယ်ဆိုရင် ကျွန်တော်တို့ကလည်း ဆက်လက်တိုက်ခိုက်နေမှာပါ" လို့ ပြောပါတယ်။
ဟူသီလက်နက်ကိုင်အုပ်စုဟာ ပါလက်စတိုင်းပြည်သူတွေကို အားပေးထောက်ခံကြောင်းပြသနိုင်ဖို့ ပင်လယ်နီ ဒေသအတွင်းကဖြတ်သန်းနေတဲ့ကုန်စည်သင်္ဘောတွေကို နိုဝင်ဘာလကတည်းက တိုက်ခိုက်နေခဲ့ကြောင်း သိရပါ တယ်။ ဟူသီလက်နက်ကိုင်အုပ်စုရဲ့တိုက်ခိုက်မှုတွေကြောင့် ကုန်စည်သင်္ဘောတွေဟာ ပင်လယ်နီဒေသက ဖြတ်သန်းမယ့် ကုန်သွယ်ရေးလမ်းကြောင်းတွေကို ပြောင်းလဲသွားခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံကာကွယ်ရေးအတွက်လိုအပ်တဲ့ စစ်ဘက်သုံးနည်းပညာတွေရအောင် အစွမ်းကုန်ကြိုးပမ်းမယ်လို့ အီရန်စစ်ဘက်ပြော
RELATED POSTS
29 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
29 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
29 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ