Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အလည်အပတ်လာရောက်ရန် ဆော်ဒီဘုရင် ဖိတ်ခေါ်မှုကို အီရန်သမ္မတ ကြိုဆို

Htay Oung (NP News) - မတ် ၂၁


အစဉ်အလာအားဖြင့် ပြိုင်ဘက်ဖြစ်ခဲ့ကြတဲ့ ဆော်ဒီအာရေးဗျနဲ့ အီရန်တို့ဟာ တရုတ်နိုင်ငံက ကြားဝင် စေ့စပ်ပေးတဲ့ မတ်လ ၁ဝ ရက် သဘောတူညီချက်အရ ပုံမှန်ဆက်ဆံရေးကို ပြန်လည်ထူထောင်ရန် အသီးသီး လက်ခံခဲ့ကြပါတယ်။ ပြည်တွင်းမငြိမ်မသက်မှုများကို အဓိကရင်ဆိုင်နေရတဲ့ အီရန်ရဲ့နိုင်ငံ တကာထိုးဖောက်မှုဟာ သူ့ရဲ့ဒေသတွင်း ပြိုင်ဘက်ထံရောက်ရှိလာတယ်လို့ “ဒွိုက်_ဝယ်လီ"ဂျာမန်သတင်းအေဂျင်စီက ယမန်နေ့ (မတ်လ ၂ဝ ရက်)မှာ ရေးသားပါတယ်။


မိမိနိုင်ငံသို့ လာရောက်လည်ပတ်ရန် ဆော်ဒီအာရေဗျဘုရင် ဆယ်လ်မန်ထံမှ ဖိတ်ကြားချက်ကို အီရန်သမ္မတ အီဗရာဟင်_ရိုင်စီက တနင်္ဂနွေနေ့(မတ်လ ၁၉ ရက်)မှာ ကြိုဆိုခဲ့ကြောင်း တီဟီရန်အရာရှိတစ်ဦးက ပြောပြပါတယ်။


သမ္မတရိုင်စီထံပေးပို့တဲ့ ဆော်ဒီဘုရင်ရဲ့ စာမှာ ညီရင်းအစ်ကိုနှစ်နိုင်ငံအကြား သဘောတူညီမှုများကို ကြိုဆိုကြောင်း၊ မြို့တော်ရီယာဒ်ကို လာရောက်လည်ပတ်ရန် ဖိတ်ကြားထားတယ်လို့ အီရန်သမ္မတရဲ့ နိုင်ငံရေးဆိုင်ရာ လက်ထောက်အရာရှိချုပ်က သူ့ရဲ့ Twitter စာမျက်နှာမှာ ရေးသားထားပါတယ်။ 


တနင်္ဂနွေနေ့တုန်းကလည်း အီရန်နိုင်ငံခြားရေးဝန်ကြီး ဟိုစိန်_အမ်မီရာဗက်ဒိုလီယန်က ပြောဆိုရာမှာ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံဖို့အတွက် နေရာသုံးခုကို တီဟီရန်က အကြံပြုထားကြောင်း၊ အီရန်နဲ့ ဘာရိန်းတို့အကြားမှာလည်း နည်းပညာဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တွေအနေနဲ့ နှစ်နိုင်ငံသံရုံးများထံ အပြန်အလှန် လည်ပတ်ကြဖို့ လွန်ခဲ့တဲ့နှစ်လက သဘောတူညီမှုရရှိခဲ့ကြောင်း၊ အီရန်နဲ့ ဘာရိန်းတို့အ ကြား အတားအဆီးတချို့ကို ဖယ်ရှားနိုင်မယ်လို့မျှော်လင့်ပြီး သံရုံးတွေ ပြန်ဖွင့်ဖို့ အခြေခံအဆင့်တွေကို ဆက်လက်လုပ်ဆောင်သွားဖို့ရှိကြောင်း အတည်ပြုခဲ့ပါတယ်။


အီရန်နဲ့ဆော်ဒီအာရေးဗျတို့အကြား ဆက်ဆံရေးပြန်လည်ထူထောင်ဖို့ နဲ့ သံရုံးများပြန်လည်ဖွင့်လှစ်ဖို့ကိစ္စဟာ လွန်ခဲ့တဲ့ မတ်လ ၁ဝ ရက် တရုတ်ရဲ့ကြားဝင်စေ့စပ်မှုမှာပါဝင်တဲ့ သဘောတူညီချက်တစ်ခု ဖြစ်ပါတယ်။


နှစ်နိုင်ငံစလုံးတို့ဟာ ယီမင်နဲ့ ဆီးရီးယားစစ်ပွဲများမှာ ပြိုင်ဖက်အုပ်စုများကို အသီးသီး ပံ့ပိုးပေးခဲ့ကြပြီး အရှေ့အလယ်ပိုင်းမှာ သြဇာလွှမ်းမိုးနိုင်ဖို့အတွက် နှစ်ပေါင်းများစွာ ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ရှီးယိုက်မွတ် စလင်ဘာသာရေး ဆရာတစ်ဦးကို ရီယာ့ဒ်က ကွပ်မျက်တဲ့အတွက် တီဟီရန်ရှိ ဆော်ဒီသံရုံးမှာ စီးနင်းတိုက် ခိုက်ခံခဲ့ရပါတယ်။ အဲဒီနောက် ၂ဝ၁၆ ခုနှစ်မှာ ဆော်ဒီအာရေဗျဟာ အီရန်နဲ့ တရားဝင်ဆက်သွယ်မှုကို ဖြတ်တောက်ခဲ့ပါတယ်။


တစ်ချိန်တည်းမှာပဲ အီရတ်နဲ့ အီရန်တို့ဟာ နယ်စပ်လုံခြုံရေးကို တင်းကျပ်ရန် ရည်ရွယ်တဲ့ သဘောတူညီ ချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။ နှစ်နိုင်ငံအကြား ဘုံနယ်နိမိတ်များ ကာကွယ်ရေးညှိနှိုင်းဆောင်ရွက်ကြရန် သဘောတူညီချက်ကို အီရတ်ဝန်ကြီးချုပ်ရုံးနဲ့ အီရန်အမျိုး သားလုံခြုံရေးကောင်စီတို့က ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပါတယ်။


အီရတ်ဟာ ဆော်ဒီနဲ့ အီရန်တို့အကြား နှစ်နိုင်စလုံးနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နိုင်ငံဖြစ်ပါတယ်။ အီရတ်နဲ့ အီရန်တို့ဟာ ၁၉၈ဝ ပြည့်လွန်နှစ်များအတွင်း အတိအလင်း စစ်ခင်းခဲ့ကြဖူးပြီး နှစ်ဖက်စလုံးမှာ လူရာချီ သေဆုံး ခဲ့ရပါတယ်။ ဒါပေမဲ့ ၂ဝဝ၃ ခုနှစ်မှာ အမေရိကန်ဦးဆောင်တဲ့ ကျူးကျော်တိုက်ခိုက်မှုအပြီး အီရတ်မှာ ဆက်ဒမ် ဟူစိန်အစိုးရ ပြုတ်ကျသွားခဲ့ရပါတယ်။ အဲ့ဒီအချိန်ကစပြီး အီရတ်ဟာ အီရန်ရဲ့ သြဇာလွှမ်းမိုးမှု နယ်ပယ်အတွင်း ရောက်ရှိသွားကြောင်း သိသာလာပါတယ်။ အနောက်နိုင်ငံများနဲ့ ဒေသတွင်း အတိုက်အခံအုပ်စုများကတော့ အီရတ်ရဲ့ နိုင်ငံရေးကိစ္စများမှာ အီရန်က ဝင်ရောက်စွက်ဖက်တယ်လို့ စွပ်စွဲဝေဖန်ခဲ့ကြပါတယ်။


ဒေသတွင်း ပြိုင်ဘက်များထံ အီရန်ရဲ့ ချဉ်းကပ်မှုဟာ  လပေါင်းများစွကြာမြင့်တဲ့အထိ လူထုဆန္ဒပြမှုများနဲ့ ပြည် တွင်းမငြိမ်သက်မှုများက တီဟီရန်အာဏာပိုင်များအပေါ် ဖိအားပေးသလို ဖြစ်နေချိန်နဲ့ တိုက်ဆိုင်နေပါတယ်။


(DW., 19 March 2023,” Iran's president to visit Saudi king in bid to thaw ties” ကို ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

zawgyi version

အလည္အပတ္လာေရာက္ရန္ ေဆာ္ဒီဘုရင္ ဖိတ္ေခၚမႈကို အီရန္သမၼတ ႀကိဳဆို

Htay Oung (NP News) - မတ္ ၂၁


အစဥ္အလာအားျဖင့္ ၿပိဳင္ဘက္ျဖစ္ခဲ့ၾကတဲ့ ေဆာ္ဒီအာေရးဗ်နဲ႔ အီရန္တို႔ဟာ တ႐ုတ္ႏိုင္ငံက ၾကားဝင္ ေစ့စပ္ေပးတဲ့ မတ္လ ၁ဝ ရက္ သေဘာတူညီခ်က္အရ ပုံမွန္ဆက္ဆံေရးကို ျပန္လည္ထူေထာင္ရန္ အသီးသီး လက္ခံခဲ့ၾကပါတယ္။ ျပည္တြင္းမၿငိမ္မသက္မႈမ်ားကို အဓိကရင္ဆိုင္ေနရတဲ့ အီရန္ရဲ႕ႏိုင္ငံ တကာထိုးေဖာက္မႈဟာ သူ႔ရဲ႕ေဒသတြင္း ၿပိဳင္ဘက္ထံေရာက္ရွိလာတယ္လို႔ “ဒြိဳက္_ဝယ္လီ"ဂ်ာမန္သတင္းေအဂ်င္စီက ယမန္ေန႔ (မတ္လ ၂ဝ ရက္)မွာ ေရးသားပါတယ္။


မိမိႏိုင္ငံသို႔ လာေရာက္လည္ပတ္ရန္ ေဆာ္ဒီအာေရဗ်ဘုရင္ ဆယ္လ္မန္ထံမွ ဖိတ္ၾကားခ်က္ကို အီရန္သမၼတ အီဗရာဟင္_႐ိုင္စီက တနဂၤေႏြေန႔(မတ္လ ၁၉ ရက္)မွာ ႀကိဳဆိုခဲ့ေၾကာင္း တီဟီရန္အရာရွိတစ္ဦးက ေျပာျပပါတယ္။


သမၼတ႐ိုင္စီထံေပးပို႔တဲ့ ေဆာ္ဒီဘုရင္ရဲ႕ စာမွာ ညီရင္းအစ္ကိုႏွစ္ႏိုင္ငံအၾကား သေဘာတူညီမႈမ်ားကို ႀကိဳဆိုေၾကာင္း၊ ၿမိဳ႕ေတာ္ရီယာဒ္ကို လာေရာက္လည္ပတ္ရန္ ဖိတ္ၾကားထားတယ္လို႔ အီရန္သမၼတရဲ႕ ႏိုင္ငံေရးဆိုင္ရာ လက္ေထာက္အရာရွိခ်ဳပ္က သူ႔ရဲ႕ Twitter စာမ်က္ႏွာမွာ ေရးသားထားပါတယ္။ 


တနဂၤေႏြေန႔တုန္းကလည္း အီရန္ႏိုင္ငံျခားေရးဝန္ႀကီး ဟိုစိန္_အမ္မီရာဗက္ဒိုလီယန္က ေျပာဆိုရာမွာ ေဆာ္ဒီႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ေတြ႕ဆုံဖို႔အတြက္ ေနရာသုံးခုကို တီဟီရန္က အႀကံျပဳထားေၾကာင္း၊ အီရန္နဲ႔ ဘာရိန္းတို႔အၾကားမွာလည္း နည္းပညာဆိုင္ရာ ကိုယ္စားလွယ္အဖြဲ႕ေတြအေနနဲ႔ ႏွစ္ႏိုင္ငံသံ႐ုံးမ်ားထံ အျပန္အလွန္ လည္ပတ္ၾကဖို႔ လြန္ခဲ့တဲ့ႏွစ္လက သေဘာတူညီမႈရရွိခဲ့ေၾကာင္း၊ အီရန္နဲ႔ ဘာရိန္းတို႔အ ၾကား အတားအဆီးတခ်ိဳ႕ကို ဖယ္ရွားႏိုင္မယ္လို႔ေမွ်ာ္လင့္ၿပီး သံ႐ုံးေတြ ျပန္ဖြင့္ဖို႔ အေျခခံအဆင့္ေတြကို ဆက္လက္လုပ္ေဆာင္သြားဖို႔ရွိေၾကာင္း အတည္ျပဳခဲ့ပါတယ္။


အီရန္နဲ႔ေဆာ္ဒီအာေရးဗ်တို႔အၾကား ဆက္ဆံေရးျပန္လည္ထူေထာင္ဖို႔ နဲ႔ သံ႐ုံးမ်ားျပန္လည္ဖြင့္လွစ္ဖို႔ကိစၥဟာ လြန္ခဲ့တဲ့ မတ္လ ၁ဝ ရက္ တ႐ုတ္ရဲ႕ၾကားဝင္ေစ့စပ္မႈမွာပါဝင္တဲ့ သေဘာတူညီခ်က္တစ္ခု ျဖစ္ပါတယ္။


ႏွစ္ႏိုင္ငံစလုံးတို႔ဟာ ယီမင္နဲ႔ ဆီးရီးယားစစ္ပြဲမ်ားမွာ ၿပိဳင္ဖက္အုပ္စုမ်ားကို အသီးသီး ပံ့ပိုးေပးခဲ့ၾကၿပီး အေရွ႕အလယ္ပိုင္းမွာ ၾသဇာလႊမ္းမိုးႏိုင္ဖို႔အတြက္ ႏွစ္ေပါင္းမ်ားစြာ ယွဥ္ၿပိဳင္ခဲ့ၾကပါတယ္။ ရွီးယိုက္မြတ္ စလင္ဘာသာေရး ဆရာတစ္ဦးကို ရီယာ့ဒ္က ကြပ္မ်က္တဲ့အတြက္ တီဟီရန္ရွိ ေဆာ္ဒီသံ႐ုံးမွာ စီးနင္းတိုက္ ခိုက္ခံခဲ့ရပါတယ္။ အဲဒီေနာက္ ၂ဝ၁၆ ခုႏွစ္မွာ ေဆာ္ဒီအာေရဗ်ဟာ အီရန္နဲ႔ တရားဝင္ဆက္သြယ္မႈကို ျဖတ္ေတာက္ခဲ့ပါတယ္။


တစ္ခ်ိန္တည္းမွာပဲ အီရတ္နဲ႔ အီရန္တို႔ဟာ နယ္စပ္လုံၿခဳံေရးကို တင္းက်ပ္ရန္ ရည္႐ြယ္တဲ့ သေဘာတူညီ ခ်က္တစ္ရပ္ကို လက္မွတ္ေရးထိုးခဲ့ေၾကာင္း သတင္းထုတ္ျပန္ပါတယ္။ ႏွစ္ႏိုင္ငံအၾကား ဘုံနယ္နိမိတ္မ်ား ကာကြယ္ေရးညႇိႏႈိင္းေဆာင္႐ြက္ၾကရန္ သေဘာတူညီခ်က္ကို အီရတ္ဝန္ႀကီးခ်ဳပ္႐ုံးနဲ႔ အီရန္အမ်ိဳး သားလုံၿခဳံေရးေကာင္စီတို႔က ထုတ္ျပန္ေၾကညာခဲ့ျခင္းျဖစ္ပါတယ္။


အီရတ္ဟာ ေဆာ္ဒီနဲ႔ အီရန္တို႔အၾကား ႏွစ္ႏိုင္စလုံးနဲ႔ နယ္နိမိတ္ခ်င္း ထိစပ္ေနတဲ့ ႏိုင္ငံျဖစ္ပါတယ္။ အီရတ္နဲ႔ အီရန္တို႔ဟာ ၁၉၈ဝ ျပည့္လြန္ႏွစ္မ်ားအတြင္း အတိအလင္း စစ္ခင္းခဲ့ၾကဖူးၿပီး ႏွစ္ဖက္စလုံးမွာ လူရာခ်ီ ေသဆုံး ခဲ့ရပါတယ္။ ဒါေပမဲ့ ၂ဝဝ၃ ခုႏွစ္မွာ အေမရိကန္ဦးေဆာင္တဲ့ က်ဴးေက်ာ္တိုက္ခိုက္မႈအၿပီး အီရတ္မွာ ဆက္ဒမ္ ဟူစိန္အစိုးရ ျပဳတ္က်သြားခဲ့ရပါတယ္။ အဲ့ဒီအခ်ိန္ကစၿပီး အီရတ္ဟာ အီရန္ရဲ႕ ၾသဇာလႊမ္းမိုးမႈ နယ္ပယ္အတြင္း ေရာက္ရွိသြားေၾကာင္း သိသာလာပါတယ္။ အေနာက္ႏိုင္ငံမ်ားနဲ႔ ေဒသတြင္း အတိုက္အခံအုပ္စုမ်ားကေတာ့ အီရတ္ရဲ႕ ႏိုင္ငံေရးကိစၥမ်ားမွာ အီရန္က ဝင္ေရာက္စြက္ဖက္တယ္လို႔ စြပ္စြဲေဝဖန္ခဲ့ၾကပါတယ္။


ေဒသတြင္း ၿပိဳင္ဘက္မ်ားထံ အီရန္ရဲ႕ ခ်ဥ္းကပ္မႈဟာ  လေပါင္းမ်ားစြၾကာျမင့္တဲ့အထိ လူထုဆႏၵျပမႈမ်ားနဲ႔ ျပည္ တြင္းမၿငိမ္သက္မႈမ်ားက တီဟီရန္အာဏာပိုင္မ်ားအေပၚ ဖိအားေပးသလို ျဖစ္ေနခ်ိန္နဲ႔ တိုက္ဆိုင္ေနပါတယ္။


(DW., 19 March 2023,” Iran's president to visit Saudi king in bid to thaw ties” ကို ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဆေးတက္ကသိုလ် ကျောင်းသားတစ်ဦးအား ဒလန်ဟုစွပ်စွဲကာ သေနတ်ဖြင့် အနီးကပ်လုပ်ကြံသတ်ဖြတ်မှု ရန်ကုန်မြို့၌ဖြစ်ပွား

RELATED POSTS
RECENT POSTS
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved