Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အမေရိကန်၏ လျှာနှစ်ခွ နိုင်ငံခြားရေးမူဝါဒ နှင့် ဂါဇာပြဿနာအပေါ် ကမ္ဘာ့နိုင်ငံများ ရပ်တည်မှုကွဲလွဲ (ဘာသာပြန်ဆောင်းပါး)

Htay Oung (NSS) - ဇန်နဝါရီ ၁၉

ဂါဇာကမ်းမြှောင်ဒေသ ပါလက်စတိုင်းများကို လူမျိုးသုန်းပြုမူနေကြောင်း အစ္စရေးအပေါ် ကုလသမဂ္ဂ ထိပ်တန်း တရားရုံးမှာ တရားစွဲဆိုမှုဟာ နိုင်ငံပေါင်း ၅ဝ ကျော်က ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုခဲ့တယ်လို့ တောင်အာဖရိကနိုင်ငံက ဆိုပါတယ်။ ဒါပေမယ့် အစ္စရေးနိုင်ငံရဲ့ဂျီနိုဆိုက်ဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကို ချိုးဖောက်ရာ ရောက်ကြောင်း တောင်အာဖရိကရဲ့စွပ်စွဲချက်ကို အမေရိကန် အပါအဝင် နိုင်ငံအတော်များများက အကျောက်အကန် ငြင်းဆိုနေပြီး အခြားနိုင်ငံအချို့ကလည်း နှုတ်ဆိတ်နေကြတယ်လို့ AP က ၂ဝ၂၄ ခုနှစ် ဇန်နဝါရီ ၁၄ ရက်မှာ ရေးသားခဲ့ပါတယ်။


လွန်ခဲ့တဲ့ တစ်ပတ်ခန့်က နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ နိုင်ငံတကာတရားရုံး ICJ ဟာ ကမ္ဘာ့သမိုင်းဝင်လို့ ဆိုရမယ့်အမှုကြီးကို ကြားနာခဲ့ပါတယ်။ အစ္စရေးနဲ့ ပါလက်စတိုင်းတို့အကြား သက်တမ်း ၇၅ နှစ်ကြာ ပြဿနာနဲ့ ပတ်သက်ပြီး ကမ္ဘာကြီးတစ်ခုလုံးရဲ့သဘောထားအမြင်ကွဲလွဲမှုကို ပြသနေပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် လာမယ့် တနင်္ဂနွေနေ့ ဇန်နဝါရီလ ၂၁ ရက်ဆိုရင် အဲဒီသွေးချောင်းစီးပဋိပက္ခကြီးရဲ့ရက်ပေါင်း ၁ဝဝ ပြည့်မြောက်တဲ့နေ့ဖြစ် နေပါတယ်။

တောင်အာဖရိကရဲ့စွဲဆိုမှုကိုထောက်ခံတဲ့ နိုင်ငံအများစုဟာ အာရပ်ကမ္ဘာနဲ့ အာဖရိကတိုင်းပြည်များမှဖြစ်ပြီး ဥရောပမှာ မွတ်ဆလင်နိုင်ငံဖြစ်တဲ့ တူရကီသာလျှင် ထောက်ခံကြောင်း လူသိရှင်ကြား ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့် တောင်အာဖရိကကို ထောက်ခံကြောင်း ဘယ်အနောက်နိုင်ငံမှ သတင်းထုတ်ပြန်ပြန်ခြင်း မရှိပါဘူး။ စွပ်စွဲချက်တွေဟာ အခြေအမြစ် မရှိကြောင်း အစ္စရေးရဲ့အရင်းနှီးဆုံး မဟာမိတ်ဖြစ်သူ အမေရိကန်က ပယ်ချနေပြီး ယူကေနိုင်ငံကတော့ တရားမျှတမှု မရှိဘူးလို့ ပြောပါတယ်။ ဂျာမနီကလည်း ပြတ်ပြတ်သားသားငြင်းပယ်တယ်လို့ ဆိုနေပါတယ်။


ကမ္ဘာ့အင်အားကြီးနိုင်ငံတွေဖြစ်ကြတဲ့ တရုတ်နဲ့ ရုရှားတို့ဟာ အရေးကြီးဆုံး အမှုတွဲများထဲမှ တစ်ခုအကြောင်း နိုင်ငံတကာတရားရုံးရှေ့မှောက်မှာ အနည်းငယ်သာ ပြောဆိုကြပါတယ်။ ဥရောပသမဂ္ဂကလည်း ဘာထင်မြင်ချက်မှ မပေးပါဘူး။

တောင်အာဖရိကရဲ့စွပ်စွဲချက်တွေဟာ အကြောင်းအကျိုး ဆီလျော်မှုမရှိကြောင်း၊ ပဋိပက္ခနဲ့ပတ်သက်ပြီး ရေ ရှည်တည်တံ့တဲ့အဖြေကို ရှာဖွေရာမှာ ကမ္ဘာကြီးအနေနဲ့ အာရုံလွဲစေတယ်လို့ တရားရုံးကြားနာမှု မစတင်မီ တစ်ရက် အလို အစ္စရေးနိုင်ငံကို ရောက်ရှိလာတဲ့ အမေရိကန်နိုင်ငံခြားရေး၀န်ကြီး အန်တိုနီ_ဘလင်ကင်က ပြောပါတယ်။ 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီကလည်း ဂျီနိုဆိုက်ဆိုတာဟာ ပေါ့ပေါ့တန်တန် ပြောသင့်ပြောထိုက်တဲ့စကားလုံးမဟုတ်သလို ဒီကိစ္စမှာ သက်ဆိုင်တယ်လို့ လုံးဝမယုံကြည်နိုင်ကြောင်း မှတ်ချက် ပေးပါတယ်။ တောင်အာဖရိကနိုင်ငံရဲ့လုပ်ရပ်တွေကို သဘောမတူဘူးလို့ ယူကေနိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် ကင်မရွန်းကလည်း ပြောနေပါတယ်။

လူမျိုးသုန်းပြုရာရောက်ကြောင်း စွပ်စွဲချက်တွေကို အစ္စရေးက ပြင်းပြင်းထန်ထန်ငြင်းဆိုထားပြီး သူ့နိုင်ငံသားတွေ အပေါ် ခုခံကာကွယ်နေခြင်းသာဖြစ်တယ်လို့ ဆင်ခြေပေးပါတယ်။ သူတို့ရဲ့ထိုးစစ်ဟာ နယ်မြေစိုးမိုးဖို့ လုပ်ဆောင် လာတဲ့ ဟားမတ်စ်စစ်သွေးကြွခေါင်းဆောင်များကို ချေမှုန်းရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ အောက်တိုဘာ ၇ ရက် ဟားမတ်တို့ဟာ အစ္စရေးတောင်ပိုင်းကို အမှတ်မထင် ဝင်ရောက်တိုက်ခိုက်တဲ့အတွက် လူပေါင်း ၁,၂ဝဝ ခန့် သေဆုံး ခဲ့ပြီး လူ-၂၅ဝ ခန့်ကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ပြောပါတယ်။

ဟားမတ်နဲ့အခြားအုပ်စုတွေက ဂျူးများကို အစုအပုံလိုက်သတ်ဖြတ်ပြီး အမြစ်ဖြတ်ချေမှုန်းမယ်လို့ ပွင့်ပွင့်လင်းလင်း ဆက်လက်ပြောဆိုနေချိန်မှာ အစ္စရေးက ဂျီနိုဆိုက်ကျူးလွန်ကြောင်း စွပ်စွဲနေခြင်းဟာ အတော်ရှက်စရာကောင်းပါ တယ်လို့ (ကိုယ်တိုင်ဂျူးလူမျိုးဖြစ်သူ) အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။ အမေရိကန်၊ ဗြိတိန်၊ အီးယူ နဲ့ အခြား(အနောက်အုပ်စု) နိုင်ငံများဟာ ဟားမတ်စ်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားပါတယ်။

အစ္စရေးရဲ့စစ်ရေးတုံ့ပြန်မှုကြောင့် ဂါဇာနေပါလက်စတိုင်း ၂၃,ဝဝဝ ကျော် သေဆုံးခဲ့ရတယ်လို့ ဂါဇာကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။ အဲဒီအရေအတွက်ဟာ တိုက်ပွဲဝင်သူများနဲ့ အရပ်သားများအကြားမှာ ခွဲခြားပြောဆိုဖို့ ခက်ခဲနေပြီး သေဆုံးသူများရဲ့သုံးပုံနှစ်ပုံကျော်ဟာ အမျိုးသမီးများနဲ့ ကလေးငယ်များဖြစ်ကြောင်း သိရှိရပါတယ်။ အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ တင့်ကားများမှ ပစ်ခတ်မှုကြောင့် ဂါဇာမြောက်ပိုင်းနေရာအများစုဟာ အသက်ရှင်သူ ကင်းမဲ့တဲ့ သုဿန်တစပြင်အဖြစ် ပြောင်းသွားခဲ့ပါတယ်။

တောင်အာဖရိကနိုင်ငံဟာ ဟားမတ်စ်တို့ရဲ့အောက်တိုဘာ ၇ ရက်က တိုက်ခိုက်မှုကို ရှုတ်ချပေမယ့် အစ္စရေးရဲ့ တုံ့ပြန်မှုကိုလည်း တရားမျှတခြင်းမရှိကြောင်း စောဒကတက်ခဲ့ပါတယ်။ 

အစ္စရေးကို ထောက်ခံကြောင်း သောကြာနေ့ ကြားနာပွဲပြီးဆုံးချိန် ဂျာမနီရဲ့ကြေညာချက်ဟာ နာဇီတို့ရဲ့ ဥရောပ တစ်ခွင် ဂျူးပေါင်း ၆ သန်းကို အစုအပုံလိုက်သတ်ဖြတ်ခဲ့တဲ့ သမိုင်းတကွေ့ဖြစ်ရပ်မှန်ကို သတိရစေပါတယ်။ နာဇီဂျာမနီရဲ့ ရက်စက်ယုတ်မာမှုကြောင့်လည်း ဒုတိယကမ္ဘာစစ်အပြီး ဂျူးများအတွက် ခိုလှုံရာအဖြစ် အစ္စရေး နိုင်ငံကို ထူထောင်ရခြင်းဖြစ်ပါတယ်။

“အစ္စရေးဟာ သူ့ကိုယ်သူ ခုခံကာကွယ်နေပါတယ်” လို့ ဂျာမန်အစိုးရပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပေးပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး ကမ္ဘာ့ကုလသမဂ္ဂပေါ်ပေါက်လာတဲ့အခါ အဖွဲ့ဝင်နိုင်ငံများအနေနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာပြီး လူမျိုးသုန်းပြူမှုဆိုင်ရာ ရာဇဝတ်မှုများကို တားဆီးရန်၊ ၁၉၄၈ ခုနှစ် နိုင်ငံတကာဂျီနိုဆိုက်ကွန် ဗင်းရှင်းမှာ အစုအပုံလိုက်သတ်ဖြတ်ခြင်းရဲ့အနက်အဓိပ္ပါယ်ဖွင့်ဆိုခဲ့ရခြင်းများကိုလည်း ရည်ညွှန်းသွားပါတယ်။ အတိတ်သမိုင်းကြောင်းအရ ကွန်ဗင်းရှင်းကို အထူးလေးစားလိုက်နာလျက်ရှိတဲ့ ဂျာမန်ဖက်ဒရယ်နိုင်ငံအနေနဲ့ အစ္စရေးအပေါ်စွပ်စွဲချက်တွေဟာ လုံးဝအခြေအမြစ်မရှိတဲ့အဆိုအဖြစ် ဆန့်ကျင်ကြောင်း၊ ယခုကိစ္စမှာ အစ္စှရေးရဲ့ ကိုယ်စား ရပ်တည်ဖို့အထိ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။ 

အဖွဲ့ဝင် ၂၇ နိုင်ငံပါ ဥရောပသမဂ္ဂရုံးအနေနဲ့ ယခုအမှုကို ICJ ထံ တင်ပြခွင့်ရှိတယ်လို့သာပြောပေမယ့် ဘယ်လို ရပ်တည်တယ်ဆိုတာ တစ်နိုင်ငံချင်းအလိုက် ထုတ်ဖော်ပြောဆိုခြင်း မပြုကြပါဘူး။ အီးယူအဖွဲ့ဝင် မွတ်စလင် အများစု တူရကီတစ်နိုင်ငံကတည်းကသာ အသံထွက်ဖော်ရပြီး အစ္စရေးအပေါ် ရှုတ်ချကြောင်း၊ စွပ်စွဲရတဲ့ ယခုကိစ္စ အတွက် အသုံးပြုဆဲစာရွက်စာတမ်းများကို ပေးအပ်မယ်လို့ ပြောပါတယ်။ 

ပြီးခဲ့တဲ့လ တောင်အာဖရိကမှ တင်သွင်းခဲ့တဲ့အမှုကို လူသိရှင်ကြားထောက်ခံရာမှာ OIC (ခေါ်) အစ္စလာမ်မစ်ပေါင်း ဆောင်ရွက်ရေးအဖွဲ့ဟာ ပထမဆုံးသော အဖွဲ့များထဲမှ တစ်ခုဖြစ်ပါတယ်။ OIC မှာ အီရန်၊ အီရတ်၊ ဆော်ဒီအာရေဗျ၊ ကာတာနဲ့ အီဂျစ်တို့ အပါအဝင် အဖွဲ့ဝင် ၅၇ နိုင်ငံနဲ့ ဖွဲ့စည်းထားပြီး ဆော်ဒီအာရေဗျမှာ ဌာနချုပ်တည်ရှိပါတယ်။ OIC ရဲ့အစိတ်အပိုင်းအားလုံးနီးပါးမှာ အင်အားအကောင်းဆုံးဖြစ်တဲ့ အဖွဲ့ဝင် ၂၂ နိုင်ငံရှိ ကိုင်ရိုအခြေစိုက် အာရပ် အဖွဲ့ချုပ်ကလည်း တောင်အာဖရိကရဲ့အရေးယူဆောင်ရွက်မှုကိစ္စရပ်ကို ထောက်ခံပါတယ်။ တောင်အာဖရိကဟာ အာရပ်ကမ္ဘာပြင်ပမှ ထောက်ခံမှုအချို့ကို ရယူခဲ့ရာမှာ နမီးဘီးယား၊ ပါကစ္စတန်၊ မလေးရှားနဲ့ အင်ဒိုနီးရှားတို့က လည်း ထောက်ခံကြောင်း ဖော်ပြခဲ့ကြပါတယ်။

ICJ တရားရုံး အစ္စရေးအပေါ် လူမျိုးသုန်းပြုကြောင်း စွပ်စွဲမှုမှာ တရုတ်၊ ရုရှား သာမက အိန္ဒိယလို အရှိန်အဝါ ထွန်းသစ်စနိုင်ငံကြီးကလည်း ငြိမ်သက်နေတဲ့အတွက် အားရစရာ သိပ်မရှိလှပါဘူး။ အနောက်အုပ်စုမဟုတ်တဲ့ နိုင်ငံကြီးတွေအနေနဲ့ တောင်အာဖရိကရဲ့ကြိုးပမ်းမှုမှာ အာရပ်နဲ့ အစ္စရေးအကြား သူတို့ရဲ့ရပ်တည်မှုကို ထုတ်ဖော် ပြောဆိုခြင်းအားဖြင့် ဒေသအတွင်း သူတို့ရဲ့ဆက်ဆံရေးနောက်ပြန်ဆုတ်သွားမှာကို သတိထားနေပုံရပါတယ်။ အိန္ဒိယရဲ့နိုင်ငံခြားရေး ပေါ်လစီအရ ပါလက်စတိုင်းအရေးကို သမိုင်းကြောင်းအရ ထောက်ခံခဲ့ပေမယ့် ဟားမတ်စ်တို့ တိုက်ခိုက်ခြင်းကို အကြမ်းဖက်မှုလို့ ဝန်ကြီးချုပ်နာရင်ဒြာမိုဒီက သတ်မှတ်ပြီး အစ္စရေးဘက်က ရပ်တည်ကြောင်း လူသိရှင်ကြားပြောဆိုခဲ့တဲ့ ပထမဆုံးကမ္ဘာ့ခေါင်းဆောင်ဖြစ်ပါတယ်။ 

တောင်အမေရိကတိုက်မှာ စီးပွားရေးအကြီးဆုံးနိုင်ငံဖြစ်တဲ့ ဘရာဇီးကတော့ တောင်အာဖရိကရဲ့စွပ်စွဲချက်ကို ထောက်ခံပါတယ်။ ဒါပေမယ့် ကမ္ဘာ့တရားရုံးမကလို့ ဘယ်သူကပဲဖြစ်စေ အစ္စရေးရဲ့ဟားမတ်စ်စစ်ပွဲကို ရပ်တန့် နိုင်မှာ မဟုတ်ဖူးလို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု ပြောပါတယ်။ သူပြောသလိုပဲ ယူကရိန်း ကျူးကျော်မှုကို ရပ်တန့်ဖို့ လွန်ခဲ့တဲ့ ၂ နှစ်နီးပါးခန့်က ကမ္ဘာ့တရားရုံးရဲ့အမိန့်ကို ရုရှားနိုင်ငံက နာခံခြင်း မရှိခဲ့ပါ ဘူး။

၂၉ ရက် ဒီဇင်ဘာ ၂ဝ၂၃ ရက်စွဲနဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ က လက်ခံခဲ့တဲ့အမှုမှာ ဂါဇာကမ်းမြှောင်တွင် ပါလက်စတိုင်းတို့အပေါ် အစ္စရေး၏ ပြုမူပုံမှာ ၁၉၄၈ ခုနှစ် ဂျီနိုဆိုက်ကွန်ဗင်းရှင်းပါ သဘောတူညီချက်ကို ချိုးဖောက်ရာရောက်ကြောင်း တောင်အာဖရိကနိုင်ငံက တရားစွဲဆိုခြင်းဖြစ်ပါတယ်။

အလားတူ ၂ဝ၁၉ ခုနှစ် ICJ မှာ ကျွန်တော်တို့ မြန်မာနိုင်ငံအပေါ် အာဖရိကဂမ်ဘီယာနိုင်ငံက တရားစွဲဆိုခဲ့ ဖူးကြောင်း အမှတ်ရကြမယ် ထင်ပါတယ်။ ကွာခြားချက်ကတော့ တောင်အာဖရိရော အစ္စရေးပါ ဂျီနိုဆိုက်ကွန်ဗင်း ရှင်းပါ အချက်အားလုံးကို ခြွင်းချက်မရှိ လိုက်နာပါ့မယ်လို့ သဘောတူလက်မှတ်ရေးထိုးထားတဲ့နိုင်ငံများ ဖြစ်ပါ တယ်။ 

၂ဝ၁၆ ခုနှစ် ရခိုင်ပြည်နယ် ရိုဟင်ဂျာဆိုသူများအပေါ် ပြုမူပုံမှာ ဂျီနိုဆိုက်ကွန်ဗင်းရှင်းကို ဖောက်ဖျက်ရာရောက် ကြောင်း မြန်မာအပေါ် OIC နိုင်ငံများကိုယ်စား အာဖရိကနိုင်ငံက တရားစွဲဆိုခဲ့ပြီး ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်နဲ့ နယ်သာလန်တို့က OIC ရဲ့ စွပ်စွဲချက်ကို ထောက်ခံခဲ့ကြပါတယ်။

လူမျိုးသုဉ်းပြုကြောင်း မြန်မာအပေါ် အလွန်ကြီးလေးတဲ့စွပ်စွဲချက်ကို ဒေါ်နယ်ထရမ့်လက်ထက် ရီပတ်ဘလစ်ကင် အစိုးရက အထူးတလည် စိတ်လှုပ်ရှားပုံ ပြသခြင်း မရှိခဲ့ပါ။ ဒါပေမယ့် မြန်မာနိုင်ငံဟာ ဂျီနိုဆိုက်မှု ကျူးလွန်ကြောင်း အတိအလင်း ထုတ်ဖော်ပြောကြသူက ဂျိုးဘိုင်ဒင်လက်ထက် ဒီမိုကရက်တစ်အစိုးရ ယခုအစ္စရေးဘက်မှ အသည်း အသန်ခုခံကာကွယ်နေသူ နိုင်ငံခြားရေးဝန်ကြီး ဂျူးလူမျိုး အန်သိုနီဘလင်ကင်ဖြစ်နေပါတယ်။

ဝါရှင်တန်ဟာ ဘားမားအက်ဥပဒေ ၂ဝ၂၁ ခုနှစ် ပြင်ဆင်ချက်ကို ၂ဝ၂၃ ခုနှစ် အမေရိကန်အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့်များ အပ်နှင်းခြင်းဆိုင်ရာအက်ဥပဒေမှာ ထည့်သွင်းပြီး မြန်မာနိုင်ငံစစ်အာဏာရှင်ဆန့်ကျင်ရေးအုပ်စုများ ကို ငွေကြေးထောက်ပံ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ 

၂ဝ၂၂ ခုနှစ် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုပေါင်း ၃၉၁ မှုဖြစ်ပွားခဲ့ရာ လူပေါင်း ၂၁၃ဝ ဦး သေဆုံးခဲ့ကြောင်း၊ ၅ဝ ရာခိုင်နှုန်းကျော်ကို PDF (ခေါ်) စစ်အာဏာရှင်ဆန့်ကျင်ရေးခုခံကာကွယ်သူ ပြည်သူ့ကာကွယ်ရေးတပ် (ခေါ်) PDFs တို့က အဓိက ကျူးလွန်ခြင်းဖြစ်ကြောင်း၊ ချင်းကာကွယ်ရေးတပ် CDF နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်တို့က ၇ ရာခိုင်နှုန်းစီ ကျူးလွန်ခဲ့ကြကြောင်း၊ KNLA ဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး PDF တို့ဟာ ကရင်နီ (ကယား) KNDF နဲ့ ချင်းပြည်နယ် CDF ဒေသခံ လက်နက် ကိုင်တို့နဲ့ ဆက်စပ်တဲ့ (NUG) ရဲ့ လက်နက်ကိုင်အဖွဲ့များဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ဖို့ ရည်ရွယ်ချက်နဲ့ ၂ဝ၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက မြန်မာစစ်အစိုးရကို ဆန့်ကျင်တိုက်ခိုက်နေသူများဖြစ် ကြောင်း နို၀င်ဘာ ၂ဝ၂၃ ရက်က ဗာဂျီးနီးယားအခြေစိုက် DSG (ခေါ်) Development Services Group Inc ရဲ့ အစီရင်ခံစာ ထွက်ပေါ်လာပြီးနောက် ဘာဆက်လုပ်ရမှန်း မသိသူမှာလည်း အမေရိကန်ဖြစ်ပါတယ်။ ။ သတင်းဘာသာပြန်သူ)

#ပါလက်စတိုင်းဂျီနိုဆိုက် #နိုင်ငံတကာတရားရုံး #တောင်အာဖရိက #အစ္စရေး #အန်သိုနီဘလင်ကင်

(AP., 14 Jabuary 2024., “Genocide case against Israel: Where does the rest of the world stand on the momentous allegations?” #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ်ဘာ သာပြန်ဆိုသည်။)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဒိုက်ဦးမြို့တွင် လက်ဖက်ရည်ဆိုင်ထိုင်နေသည့် အုပ်ချုပ်ရေးမှူး နှင့် ရာအိမ်မှူးတို့ကို အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံ

RECENT POSTS
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved