Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ထိုင်း-မြန်မာကြား နယ်စပ်ဖြတ်ကျော် လေထုညစ်ညမ်းမှုစီမံခန့်ခွဲရေးဆိုင်ရာလေ့လာရေးခရီးစဉ် နှင့် နည်းပညာဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲတို့ကို ပြုလုပ်မည်

Pika (NSS) - ဇန်နဝါရီ ၁၇

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ထိုင်းသံရုံးသည် ထိုင်းနိုင်ငံ လေထုညစ်ညမ်းမှုထိန်းချုပ်ရေးဌာန (PCD) နှင့်ပူးပေါင်းကာ ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် လေထုညစ်ညမ်းမှုစီမံခန့်ခွဲရေးဆိုင်ရာလေ့လာရေးခရီးစဉ် နှင့် နည်းပညာ ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲတို့ကို ပူးပေါင်းစီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပူးပေါင်းစီစဉ်မှုများကို ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလ(၁၈)ရက် မှ (၂၈)ရက်အထိ ထိုင်းနိုင်ငံတွင် ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါနည်းပညာဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲသည် PM 2.5 ဟု လူသိများသော နယ်စပ်ဖြတ်ကျော် လေထုညစ်ညမ်းမှုစီမံခန့်ခွဲရေးဆိုင်ရာပြဿနာကိုဖြေရှင်းရာတွင် ထိုင်းအစိုးရ၏ ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းဖြစ် ကြောင်း သိရသည်။


၂ဝ၂၃ ခုနှစ် ဧပြီလ(၇)ရက်တွင် လာအို၊ မြန်မာ နှင့် ထိုင်းနိုင်ငံတို့ကြား နယ်စပ်ဖြတ်ကျော် လေထုညစ်ညမ်းမှု ပြဿနာများကိုဖြေရှင်းရန်အတွက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာနည်းလမ်းများကို ဆွေးနွေးခဲ့သည့်အစည်းအဝေးအပြီးတွင် အဆိုပါလုပ်ဆောင်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

ထို့အပြင် ကုန်းမြင့်စိုက်ပျိုးရေးစီမံခန့်ခွဲမှုအပြင် မီးလောင်သည့်နေရာများကို စောင့်ကြည့်ရန်အတွက် ဂြိုလ်တုနည်းပညာကို အသုံးပြုခြင်း၊ မြေအသုံးပြုခြင်းဆိုင်ရာအကျိုးကျေးဇူးများနှင့်ပတ်သက်ပြီး အသိပညာနှင့် အတွေ့အကြုံများကို မြန်မာနိုင်ငံဖက်သို့ မျှဝေပေးရန် အဆင်သင့်ရှိကြောင်း ထိုင်းအစိုးရက ပြောကြားခဲ့သည်။

အဆိုပါနည်းပညာဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ထိုင်း-မြန်မာနယ်စပ်ရှိ လေထုညစ်ညမ်းမှုစီမံခန့်ခွဲရေး နှင့် ဆက်စပ်သောနယ်ပယ်တွင် လုပ်ကိုင်နေသည့် မြန်မာအရာရှိ(၂ဝ)ဦး နှင့် ထိုင်းအရာရှိ(၁၀)ဦး၊ ထိုင်းနိုင်ငံ ရာသီဥတု ပြောင်းလဲမှုနှင့်သဘာဝပတ်ဝန်းကျင်ဌာနနှင့် နီးကပ်သော ပူးပေါင်းဆောင်ရွက်မှုများရှိသည့် ထိုင်းသံရုံးနှင့် လေထုညစ်ညမ်းမှု ထိန်းချုပ်ရေးဌာန (PCD)၊ Meteorological Department Geo-Informatics and Space Technology Development Agency (GISTDA)၊Asian Institute of Technology၊Thaicom Public Company Limited နှင့် ထိုင်းကျန်းမာရေးမြှင့်တင်ရေးဖောင်ဒေရှင်းတို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

နည်းပညာဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲသည် မကြာမီကာလအတွင်း ထိုင်း နှင့် မြန်မာနိုင်ငံတို့တွင် PM 2.5 ပြဿနာကို လျော့ကျသွားစေမည်ဟု ထိုင်းသံရုံး နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများက မျှော်လင့်ထားကြောင်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ယုဇနဥယျာဉ်မြို့တော်ရှိ ငါးလွှာအမြင့်တိုက်ပေါ်မှ ပြုတ်ကျသည့် အသက်(၁)နှစ် နှင့် (၇)နှစ်အရွယ် ကလေးငယ်(၂)ဦးလုံး သေဆုံး

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved