အဝါရောင်လိုင်း စတစ်ကာ တပ်ဆင်ခြင်းမရှိသည့် City Taxi များကို လာမည့် ဖေဖော်ဝါရီလမှစ၍ အရေးယူသွားမည်
စော(NSS) - ဇန်နဝါရီ ၁၆
အဝါရောင်လိုင်း စတစ်ကာ တပ်ဆင်ခြင်းမရှိသည့် City Taxi ယာဉ်များကို လာမည့် ဖေဖော်ဝါရီလမှစ၍ အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC) ထံမှသိရသည်။
အဆိုပါ အဝါရောင်လိုင်းစတစ်ကာများကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ လ ၁ ရက်မှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်အထိ တပ်ဆင်ဆောင်ရွက်ခွင့်ပြုထားကြောင်း သိရသည်။
YRTC ၏ သုတေသနစစ်တမ်းများအရ လက်ရှိတွင် အဝါရောင်လိုင်း Sticker တပ်ဆင်ထားသည့် City Taxi ခန့်မှန်းအစီးရေ (၅၀၀၀၀) တွေ့ရှိရပြီး ရန်ကုန်တိုင်း၌ မှတ်ပုံတင်ထားသည့် တက္ကစီအစီးရေ (၅၈၄၈၁)ရှိသဖြင့် အစီးရေ (၈၀၀၀) ကျော် တပ်ဆင်ရန် ကျန်ရှိသေးကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်တိုင်းအတွင်း ပြေးဆွဲလျက်ရှိသည့် နယ်လိုင်စင် တက္ကစီယာဉ်များလည်း ရန်ကုန်စီးတီး တက္ကစီများနည်းတူ ဘေးနှစ်ဖက်ကိုယ်ထည်တွင် အဝါရောင်လိုင်း စတစ်ကာ တပ်ဆင်ရမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် စတစ်ကာ တပ်ဆင်ရန် ကျန်ရှိနေသည့် City Taxi များအနေဖြင့် ဇန်နဝါရီလကုန် နောက်ဆုံးထား၍ တပ်ဆင်ရမည်ဖြစ်ပြီး တပ်ဆင်ခြင်းမရှိသည့် ယာဉ်များအား ဖေဖော်ဝါရီလ (၁)ရက်မှစ၍ ယာဉ်အန္တရာယ်ကင်းရှင်းရေး နှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၉၆ အရ စစ်ဆေးအရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဥပဒေအရ အရေးယူခံရပါက ဒဏ်ငွေသုံးသောင်း ပေးဆောင်ရနိုင်ကြောင်း ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပင်လယ်နီအတွင်းရှိ အမေရိကန်ကုန်တင်သင်္ဘောများကို တိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဟူသီလက်နက်ကိုင်အဖွဲ့ ကတိပြု
RELATED POSTS
31 Aug 2024 | ခရီးသွား,ပြည်တွင်း
31 Aug 2024 | ခရီးသွား,ပြည်တွင်း
19 Aug 2024 | ခရီးသွား,နိုင်ငံတကာ