မြို့ပြအင်ဂျင်နီယာဌာန၌ ရာထူးနေရာ(၄၀)အတွက် ဝန်ထမ်းများခေါ်ယူနေပြီး အမျိုးသမီးများပါဝင်လျှောက်ထားနိုင်
စော (NSS) - ဇန်နဝါရီ ၁၆
မြို့ပြအင်ဂျင်နီယာဌာန၌ လစ်လပ်လျက်နေသည့် ရာထူးနေရာ (၄၀)အတွက် အမျိုးသမီးများ ပါဝင်လျှောက်ထားနိုင်ကြောင်း သိရသည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြို့ပြအင်ဂျင်နီယာဌာနက ယနေ့(ဇန်နဝါရီလ ၁၆ ရက်)တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
အဆိုပါ ဌာနက ဒုလက်ထောက်ကြီးကြပ်ရေးမှူး (လုပ်ငန်း) ရာထူးအတွက် (၂၃)ဦးနှင့် အငယ်တန်းအင်ဂျင်နီယာ(၄)သံလမ်း (အလုပ်သင်) ရာထူးအတွက် (၂၀)ဦး စုစုပေါင်း (၄၃)ဦး ခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။
လျှောက်ထားသူများသည် ဒုလက်ထောက်ကြီးကြပ်ရေးမှူး (လုပ်ငန်း)ရာထူးနေရာအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား(အမျိုးသား/အမျိုးသမီး) ဖြစ်ရမည်ဖြစ်ပြီး အငယ်တန်းအင်ဂျင်နီယာ(၄)သံလမ်း(အလုပ်သင်)ရာထူးနေရာအတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသား (အမျိုးသား)ဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် လျှောက်လွှာများကို (ဖေဖော်ဝါရီလ ၁၆ ရက်)တွင် နောက်ဆုံးထားလျှောက်ထားရမည်ဖြစ်ပြီး အဆိုပါနေ့၌ အသက် (၁၈)နှစ်ပြည့်၍ အသက်(၃၅)နှစ်ထက် မကျော်လွန်သူဖြစ်ရန်လိုအပ်ကြောင်း သိရသည်။
ဖြေဆိုခွင့်ကတ်ပြားများကို ဒုလက်ထောက်ကြီးကြပ်ရေးမှူး (လုပ်ငန်း)ရာထူးအတွက် ဖေဖော်ဝါရီလ ၁၉ ရက် နှင့် အငယ်တန်းအင်ဂျင်နီယာ (၄)သံလမ်း(အလုပ်သင်)ရာထူးအတွက် ဖေဖော်ဝါရီလ ၂၁ ရက်များ၌ နေပြည်တော်၊ မြန်မာ့မီးရထား(ရုံးချုပ်)၊ မြို့ပြအင်ဂျင်နီယာဌာနတွင် မှတ်ပုံတင်ကတ်ပြား(မူရင်း)၊ အလုပ်သမားမှတ်ပုံတင်ကတ်ပြား(မူရင်း)၊ ပညာအရည်အချင်းနှင့် ဘာသာရပ်ဆိုင်ရာ အသိအမှတ်ပြုလက်မှတ် အထောက်အ ထား(မူရင်း)များနှင့်အတူ လာရောက်၍ ထုတ်ယူကြရမည်ဖြစ် ကြောင်း သိရသည်။
ရေးဖြေစာမေးပွဲနှင့် လူတွေ့စစ်ဆေးခြင်းကို နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ နေပြည်တော်ဘူတာကြီးတွင် ကျင်းပသွားမည်ဖြစ်ပြီး ရွေးချယ်ခံရသူများကို ဌာနက တိုက်ရိုက်ဆက်သွယ်အ ကြောင်းကြားသွားမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားအစိုးရက ယူကရိန်းစစ်သုံ့ပန်း(၂ဝဝ)ကျော်ကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း