ရခိုင်ပြည်နယ်၏ အဓိကလေကြောင်း ဝင်ပေါက်ဖြစ်သော စစ်တွေလေဆိပ်အနီးတွင် ပေါက်ကွဲမှုဖြစ်ပွား
NSS - ဇန်နဝါရီ ၁၆
ရခိုင်ပြည်နယ်၏ အဓိက လေကြောင်းဝင်ပေါက်ဖြစ်သော စစ်တွေမြို့ရှိ စစ်တွေလေဆိပ်အနီးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူ သတင်းရင်းမြစ်တစ်ဦးက NSS သတင်းဌာနသို့ အတည်ပြုပြောကြားထားသည်။
ဖြစ်စဉ်သည် ယမန်နေ့ (ဇန်နဝါရီလ ၁၅ ရက်)၊ ည(၈)နာရီဝန်းကျင်အချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒရုန်းဖြင့် Drop bomb ချခဲ့ခြင်းကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု ကြားသိရကြောင်း အထက်ပါ သတင်းရင်းမြစ်က ပြောသည်။
“မနေ့ကညနေက စစ်တွေလေဆိပ်နားမှာ ပေါက်ကွဲမှုဖြစ်တယ်။ လေဆိပ်ထဲမှာတော့ မဟုတ်ဘူး ပတ်ဝန်းကျင်မှာပါ။ Drop bomb လို့ပြောကြတယ်။ အပျက်အစီးကတော့ သိပ်မရှိပါဘူး။ ပေါက်ကွဲသံကတော့ တော်တော်ကျယ်တယ်”ဟု ၎င်းက ပြော သည်။
အဆိုပါ ဖြစ်စဉ်တွင် လုံခြုံရေးအဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။
ထို့ပြင် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလကလည်း ကလေးမြို့နယ်၊ ကလေးလေဆိပ်ရှိ လေယာဉ်ပြေးလမ်းပေါ်သို့ Drop bomb ကျရောက်ပေါက်ကွဲခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြောက်ဥက္ကလာပမြို့နယ်၌ ဖြစ်ပွားခဲ့သော မီးလောင်မှုတွင် MG EV ကား လောင်ကျွမ်းခံရမှုသည် ကူးစက်မီးကြောင့်ဟု ပြန်လည်ဖြေရှင်း
RELATED POSTS
31 Aug 2024 | ခရီးသွား,ပြည်တွင်း
31 Aug 2024 | ခရီးသွား,ပြည်တွင်း
19 Aug 2024 | ခရီးသွား,နိုင်ငံတကာ