ယူကရိန်းနိုင်ငံအတွင်းရှိ စစ်ရေးပစ်မှတ်တွေကို အသံထက်မြန်တဲ့ဒုံးကျည်တွေအသုံးပြုပြီး ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ရုရှားစစ်တပ် သတင်းထုတ်ပြန်
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၁၅
ရုရှားစစ်တပ်ဟာ ယူကရိန်းနိုင်ငံအတွင်းရှိ စစ်ရေးပစ်မှတ်တွေကို Kinzhal အမည်ရှိ အသံထက်မြန်တဲ့ဒုံးကျည် အပါအဝင် တာဝေးပစ်ဒုံးကျည်အမျိုးမျိုး အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
ရုရှားစစ်တပ်ဟာ ယူကရိန်းတင့်ကားတွေနဲ့ အမြှောက်တွေမှာ အသုံးပြုမယ့် ၁၅၅ mm ကျည်ဆံ၊ ၁၅၃ mm ကျည်ဆံ နဲ့ ၁၂၅ mm ကျည်ဆံတွေ ထုတ်လုပ်နေတဲ့စက်ရုံအဆောက်အဦးတွေအပြင် ဒရုန်းတွေနဲ့ အခြားစစ်ဘက် ဆိုင်ရာပစ္စည်းတွေ ထုတ်လုပ်နေတဲ့စက်ရုံတွေကို တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ပြောပါတယ်။
အသံထက်မြန်တဲ့ ဒုံးကျည်တွေကို အသုံးပြု ပစ်ခတ်တိုက်ခိုက်ရာမှာ ပစ်မှတ်အားလုံးကိုထိမှန်စေခဲ့ပြီး တိုက်ခိုက် ရေး စစ်ရေးရည်မှန်းချက်အားလုံးကိုရရှိခဲ့ကြောင်း ရုရှားစစ်တပ်က ပြောပါတယ်။ ဒါပေမယ့် ရုရှားစစ်တပ်ဟာ တိုက်ခိုက်ခဲ့တဲ့ စစ်ရေးပစ်မှတ်နေရာတွေ၊ စစ်ရေးပစ်မှတ်တွေနဲ့ပတ်သက်ပြီး အသေးစိတ်ဖော်ပြခြင်းမျိုးမရှိသလို အသုံးပြုခဲ့တဲ့ ဒုံးကျည်အရေအတွက်လည်း ထုတ်ဖော်ပြောဆိုခြင်းမျိုးမရှိကြောင်း သိရပါတယ်။
ယူကရိန်းမီဒီယာတွေကတော့ ရုရှားစစ်တပ်ဟာ ဒုံးကျည်အစင်းပေါင်း ၄ဝ နီးပါးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
ယူကရိန်းစစ်တပ်က ၎င်းတို့ဟာ ရုရှားစစ်တပ် ပစ်ခတ်ခဲ့တဲ့ ဒုံးကျည်အစင်းပေါင်း ၄ဝ ထဲကနေ ၈ စင်းကို ပစ်ချနိုင် ခဲ့ကြောင်း ပြောပါတယ်။ ရုရှားစစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် မတူညီတဲ့နေရာဒေသ ၇ ခုကို ထိမှန်ခဲ့ကြောင်း ယူကရိန်း စစ်တပ်က ပြောပါတယ်။ ယူကရိန်းဟာ ရုရှားရဲ့တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဒေသအားလုံးကိုသတိပေးချက်တွေ ထုတ်ပြန်ခဲ့ကြောင်း ပြောပါတယ်။
ရုရှားစစ်တပ်ကတော့ ၎င်းတို့ဟာ ယူကရိန်း စစ်ရေးပစ်မှတ်တွေကိုအဓိကထားတိုက်ခိုက်ခဲ့ခြင်းမျိုးသာဖြစ်ကြောင်း ပြောပါတယ်။ ယူကရိန်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ရုရှားနယ်စပ်ဒေသမြို့ဖြစ်တဲ့ ဘယ်ဂိုရော့မြို့ကို တိုက်ခိုက်ခဲ့ပြီး နောက် ရုရှားဘက်က လက်တုံ့ပြန်တာလည်းဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂါဇာဒေသကို တိုက်ခိုက်တဲ့ ရက်ပေါင်း ၁ဝဝ အတွင်းမှာ ဟားမက်စ်အဖွဲ့ဝင် ၉ဝဝဝ ကျော် သုတ်သင်နိုင်ခဲ့ဟု အစ္စရေးစစ်တပ်ပြော
RELATED POSTS
01 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
01 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
01 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ