ဂါဇာဒေသကို တိုက်ခိုက်တဲ့ ရက်ပေါင်း ၁ဝဝ အတွင်းမှာ ဟားမက်စ်အဖွဲ့ဝင် ၉ဝဝဝ ကျော် သုတ်သင်နိုင်ခဲ့ဟု အစ္စရေးစစ်တပ်ပြော
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၁၅
အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနက ဂါဇာဒေသကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ ရက်ပေါင်း ၁ဝဝ အတွင်းမှာ ဟားမက်စ်တပ်ဖွဲ့ဝင် အနည်းဆုံး ၉ဝဝဝ ကျော် သုတ်သင်နိုင်ခဲ့ကြောင်း သိရပါတယ်။
ပါလက်စတိုင်းကို ထိန်းချုပ်ထားတဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ဟာ အစ္စရေးနိုင်ငံကို ကြိုတင်သတိပေးချက်မရှိဘဲ အောက်တိုဘာ ၇ ရက်က စတင်တိုက်ခိုက်ခဲ့ရာ ဂါဇာစစ်ပွဲစတင်ခဲ့ပြီး အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းလူမျိုး ၂၃ဝဝဝ ကျော် သေဆုံးထားတယ်လို့ ဆိုပါတယ်။
စစ်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်း အစ္စရေးစစ်တပ်က ၎င်းတို့ဟာ ဟားမက်စ်လက်နက်ကိုင်အုပ်စုရဲ့တိုက်ခိုက်ရေး တပ်ရင်း နှစ်ခု ခေါင်းဆောင်တွေအပြင် တပ်ဖွဲ့ခေါင်းဆောင် ၁၉ ဦးကိုလည်း တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရပါတယ်။ အစ္စရေးဟာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့အပြင် လက်ဘနွန်အခြေစိုက်လက်နက်ကိုင်အဖွဲ့နဲ့လည်း တိုက်ခိုက်ခဲ့ရ ပြီး လက်ဘနွန်အခြေစိုက် လက်နက်ကိုင်အဖွဲ့ဝင် ၁၇ဝ ကို သုတ်သင်နိုင်ခဲ့ကြောင်း ဆိုပါတယ်။
ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနကတော့ အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်း ပြည်သူသောင်းနဲ့ချီပြီး သေဆုံးထားရတယ်လို့ ဆိုပါတယ်။
အစ္စရေးဟာ ဟားမက်စ်အဖွဲ့ကို အမြစ်ပြတ်ချေမှုန်းနိုင်ဖို့၊ ဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးဖို့ ရည်ရွယ်ချက် တွေနဲ့ ဂါဇာဒေသကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်ပွဲကို အလုံးစုံအနိုင်မရသေးခင်အချိန်အထိ ဆက်လက် တိုက်ခိုက်သွားမယ်လို့ ပြောပါတယ်။
အစ္စရေးဟာ ဂါဇာစစ်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်း ရက်ပေါင်း ၁ဝဝ အတွင်း ကုလသမဂ္ဂအဖွဲ့အစည်း အပါအဝင် နိုင်ငံတကာဖိအားတွေကို ရင်ဆိုင်ခဲ့ရကြောင်း သိရပါတယ်။ လက်ရှိအချိန်မှာလည်း အစ္စရေးဟာ နိုင်ငံတကာခုံးရုံးမှာ တရားစွဲဆိုခံထားရပြီး တောင်အာဖရိကနိုင်ငံက လူမျိုးသုန်းသတ်ဖြတ်မှုနဲ့ တရားစွဲထားတာဖြစ်ပါတယ်။
အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုကတော့ ဂါဇာဒေသကို တိုက်ခိုက်နေတဲ့ အစ္စရေးရဲ့တိုက်ခိုက်မှုတွေကို ဘယ်သူမှ တားဆီးလို့မရဘူးလို့ ဇန်နဝါရီ ၁၄ ရက်က ထပ်မံပြောဆိုခဲ့ရာ တင်းမာမှုအရှိန်ပိုမိုမြင့်တက်လာဖွယ်ရှိနေပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဗဟိုဘဏ်မှ နိုင်ငံခြားငွေကြေးဈေးကွက်သို့ တတိယအကြိမ်အဖြစ် အမေရိကန်ဒေါ်လာ(၁၅)သန်း ထပ်မံရောင်းချ
RELATED POSTS
01 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
01 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
01 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ