Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
(၃)နှစ်နီးပါးကာလအတွင်း ဖမ်းဆီးခံရသည့် လျှပ်စစ်ဝန်ထမ်း(၆၀)ကျော်ရှိခဲ့

ယွန်း (NSS) - ဇန်နဝါရီ ၁၄

(၃)နှစ်နီးပါးကာလအတွင်း အကြမ်းဖက်များ၏ ဖမ်းဆီးခြင်းခံခဲ့ရသည့် လျှပ်စစ်ဝန်ထမ်း(၆၀)ကျော်ရှိခဲ့ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနထံမှ သိရသည်။


နစကမှ အာဏာစတင်ရယူခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ နိုင်ငံတစ်ဝန်းရှိ ဒေသအချို့တွင် လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားခဲ့ပြီး  အဆိုပါပဋိပက္ခများကြောင့် ရဟန်းသံဃာနှင့်သီလရှင်များ အပါအဝင် နိုင်ငံဝန်ထမ်းများနှင့် ဒေသခံပြည်သူများ အကြမ်းဖက်သတ်ဖြတ်ခံရမှုများ ရှိခဲ့သည်။

ထိုသို့ အကြမ်းဖက်သတ်ဖြတ်ခံရမှုများအနက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအထိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ လျှပ်စစ်ဝန်ထမ်း(၂၁)ဦး အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ (၂၆)ဦးရှိခဲ့ကြောင်း ဝန်ကြီးဌာနက ဆိုသည်။

၎င်းတို့သည် ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးနှင့် ဓာတ် အားခကောက်ခံရေးတို့အတွက် ဆောင်ရွက်နေစဉ် လက်နက်ကိုင်များက ခြိမ်းခြောက်ခြင်း၊ ချောင်းမြောင်းပစ်ခတ်ခြင်း၊ သတ်ဖြတ်ခြင်းတို့ကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် လျှပ်စစ်ဝန်ထမ်း (၆၁)ဦးသည်လည်း အကြမ်း ဖက်သမားများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ(၅)ရက်ကလည်း ကန့်ဘလူမြို့နယ်ရှိ လျှပ်စစ်ဝန်ထမ်း(၁၆)ဦးကို PDF အဖွဲ့က ဖမ်းဆီးခေါ်ဆောင်ခဲ့သည့်ဖြစ်စဥ် ဖြစ်ပွားခဲ့သည်။

နစကအနေဖြင့် ပြီးခဲ့သည့် သြဂုတ်လ(၁)ရက်မှစ၍ နိုင်ငံတော်အရေးပေါ်ကာလကို (၆)လ ထပ်မံတိုးမြှင့်သတ်မှတ်ထားပြီး ၂ဝ၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်မှ ဇူလိုင်လ(၃ဝ)ရက်အထိ (၆)လတာကာလအတွင်း ရဟန်းသံဃာ နှင့် သီလရှင်လေးပါး၊ အပြစ်မဲ့ပြည်သူ (၇၇၂)ဦး နှင့် နိုင်ငံ့ဝန်ထမ်း(၂၈)ဦး သေဆုံးထားကြောင်း သိရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ မြန်မာနိုင်ငံ၌ တပ်မ တော်က နိုင်ငံတော်အာဏာရယူခဲ့ပြီးနောက်ပိုင်းတွင် ရဟန်သံဃာတော်၊ နိုင်ငံ့ဝန်ထမ်းနှင့် အပြစ်မဲ့ပြည်သူ (၇၀၀၀)ဝန်းကျင်ခန့် အကြမ်းဖက်သတ်ဖြတ်ခြင်းခံခဲ့ရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ကြက်ငှက်တုပ်ကွေးရောဂါဟာ ပိုလာဝက်ဝံတွေကို သေဆုံးစေခဲ့ကြောင်း ပထမဆုံးအကြိမ် လေ့လာတွေ့ရှိ

RELATED POSTS
RECENT POSTS
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved