Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အာဆီယံအထူးကိုယ်စားလှယ် နှင့် EAOs (၇)ဖွဲ့ တွေ့ဆုံ၊ မြန်မာပြည်အတွက် ပိုမိုကောင်းမွန်သော ငြိမ်းချမ်းရေးရရှိရန် အထူးကိုယ်စားလှယ်မျှော်လင့်

မျိုးကြီး (NSS) - ဇန်နဝါရီ ၁၀

အာဆီယံအထူးကိုယ်စားလှယ်နှင့် EAOs (၇)ဖွဲ့တို့ တွေ့ဆုံဆွေး နွေးခဲ့ပြီး မြန်မာပြည်အတွက် ပိုမိုကောင်းမွန်သော ငြိမ်းချမ်းရေးရရှိရန် အထူးကိုယ်စားလှယ်အနေဖြင့် မျှော်လင့်ထားသည်။


လာအိုနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဖြစ်သော မစ္စတာ Alounkeo Kittikhoun နှင့် NCA လက်မှတ်ရေးထိုးထားသည့် EAOs (၇)ဖွဲ့တို့သည် ယနေ့(ဇန်နဝါရီလ ၁၀ ရက်)တွင် ညနေ ၃ နာရီမှ ၅ နာရီအထိ နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

အထူးကိုယ်စားလှယ်သည် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာမှာ အင်မတန်ရှုပ်ထွေးသည့်ပြဿနာတစ်ရပ်အဖြစ် ရှုမြင်သုံးသပ်ထားပုံရကြောင်း အဆိုပါတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၏ ကိုယ်စားလှယ်တစ်ဦးက NSS ကို ပြောသည်။

“မြန်မာနိုင်ငံ အရေးနဲ့ပတ်သက်ပြီးတော့ ချဉ်းကပ်မှုပုံစံတွေကို ရှင်းပြသွားတာပေါ့။ အချုပ်ပြောရရင် သူ့ရဲ့ချဉ်းကပ်မှုပုံစံနဲ့ သူ့ရဲ့ ပေါ်လစီကို လာပြီးတော့ ရှင်းလင်းပြသွားတာပါ။ တခြားတော့ ထွေထွေထူးထူးဆွေးနွေးတာတော့ မရှိပါဘူး။ အဖွဲ့အစည်းအသီးသီးကလည်းဖြစ်နေတဲ့ မြန်မာနိုင်ငံရဲ့သူ့အမြင်ကိုယ့်အမြင်ကို ဆွေးနွေးတာတော့ရှိပါတယ်။ မြန်မာနိုင်ငံရေးပြဿနာဟာ အင်မတန်ရှုပ်ထွေးနေတဲ့ ပြဿနာတစ်ရပ်လို့တော့ ပြောဆိုသွားတာရှိပါတယ်” ဟု အထက်ပါကိုယ်စားလှယ်က ပြောသည်။

သို့သော် လာအိုနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ် ငန်းစဉ်များတွင် အင်တိုက်အားတိုက်ပါဝင်ဆောင်ရွက်ပေးမည်ဟု အထူးကိုယ်စားလှယ်က ပြောကြားခဲ့ကြောင်း သိရသည်။

“မြန်မာနိုင်ငံရဲ့ ပြဿနာကို အင်တိုက်အားတိုက်လေ့လာချင်တဲ့ စိတ်ရှိတယ်။ ကူညီချင်တဲ့ စိတ်ရှိတယ်ဆိုတော့ မြန်မာနိုင်ငံအတွက် ကောင်းတဲ့ လက္ခဏာလို့ ပြောလို့ရပါတယ်။ အဓိကတော့ ထူးထူးခြားခြားပြောတာက မြန်မာပြည်အတွက် ငြိမ်းချမ်းရေးကို ပိုမိုကောင်းမွန်တဲ့ ငြိမ်းချမ်းရေးရရှိဖို့အတွက် သူ့အနေနဲ့ မျှော်လင့်တယ်ဆိုတဲ့အကြောင်းတော့ ဆန္ဒပြုသွားတာရှိပါတယ်” ဟု အထက်ပါကိုယ်စားလှယ်က ထပ်မံပြောသည်။

ထို့ပြင် အာဆီယံအထူးကိုယ်စားလှယ်အနေဖြင့် မြန်မာနိုင်ငံနှင့်ပတ်သက်၍ သက်ဆိုင်ရာ stakeholder အားလုံး၏ အသံများကို နားထောင်ကာ အဖြေထုတ်လိုသည့်သဘောဆန္ဒရှိကြောင်း သိရသည်။

“သူတို့အနေနဲ့ကတော့ အကောင်းဆုံးဖြစ်အောင် လေ့လာပြီးတော့ stakeholder အားလုံးဆီက အသံကို နားထောင်ပြီး တော့ အဖြေထုတ်သွားမယ်ဆိုတဲ့ ပုံစံကိုတော့ ကြားရတာပေါ့လေ။ stakeholder အားလုံးပေါ့။ လက်နက်ကိုင်အဖွဲ့အစည်းမှ မဟုတ်ဘူး နိုင်ငံရေးပါတီတွေ၊ ပြည်ပရောက်နေတဲ့ အင်အားစုတွေ စသဖြင့်ပေါ့။ အဲဒီအသံတွေကို အကုန်လုံးနားထောင်ပြီးမှ မြန်မာပြည်က ဘယ်လိုဆက်သွားသင့်လဲ၊ တစ်ပြိုင်နက်တည်း အာဆီယံသဘောတူညီချက်(၅)ချက်ကို သွားမယ်ဆိုတဲ့ အနေ အထားမျိုးတော့ ဖြစ်တာပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် အာဆီယံအထူးကိုယ်စားလှယ်သည် လာမည့် ဇန်နဝါရီလ ၁၂ ရက်တွင်လည်း ရန်ကုန်မြို့၌ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်သည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ယနေ့ ဇန်နဝါရီ ၁ဝ ရက်အတွက် ပြည်တွင်းနှင့် နိုင်ငံတကာက သတင်းများ

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved