ယူကရိန်းသို့ အမေရိကန်တပ်ဖွဲ့ဝင်များကို မလွှတ်သင့်ကြောင်း သံအမတ်ကြီးဟောင်း နစ်ကီဟာလေး ဝေဖန်
Pika (NSS) - ဇန်နဝါရီ ၁ဝ
ယူကရိန်းနိုင်ငံသို့ အမေရိကန်တပ်ဖွဲ့ဝင်များ စေလွှတ်ခြင်းကို ဆန့်ကျင်ကြောင်း အမေရိကန်ရီပတ်ဘလစ်ကန်ပါတီ၏ သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်နေသူ နစ်ကီဟာလေးက ထုတ်ဖော်ပြောခဲ့သည်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်သည် ရုရှား နှင့် ပဋိပက္ခအတွင်း ယူကရိန်းကို ကူညီထောက်ပံ့ပေးမှုများ လုပ်ဆောင်နေခြင်းနှင့်ပတ်သက်ပြီး အမေရိကန်၏ ရည်မှန်းချက်ကို ထုတ်ဖော်ပြောဆိုရန် ပျက်ကွက်ခဲ့ကြောင်း နစ်ကီဟာလေးက စွပ်စွဲပြောဆိုခဲ့သည်။
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်သည် ယူကရိန်းအရေးနှင့်ပတ်သက်ပြီး လက်ရှိအစိုးရ၏ မူဝါဒများကို အကြိမ်ကြိမ်ပြစ်တင်ဝေဖန်ပြောဆိုမှုများ လုပ်ဆောင်ခဲ့ကြောင်းလည်း သိရသည်။ ၎င်းအနေဖြင့် ၂ဝ၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် သမ္မတအဖြစ်ရွေးချယ်ခံရမည်ဆိုပါက ယူကရိန်းပဋိပက္ခကို (၂၄)နာရီအတွင်း အဆုံးသတ်အောင်လုပ်ဆောင်နိုင်ကြောင်း ဒေါ်နယ်ထရမ့်က ပြောဆိုခဲ့ဖူးသည်။
နောက်ထပ်ရီပတ်ဘလစ်ကန်သမ္မတလောင်းတစ်ဦးဖြစ်သည့် Vivek Ramaswamy က ၎င်းအနေဖြင့် ၂ဝ၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် သမ္မတအဖြစ် ရွေးချယ်ခံရမည်ဆိုပါက အမေရိကန်နိုင်ငံကို နေတိုးအဖွဲ့ဝင် အဖြစ်မှ နှုတ်ထွက်သွားမည့်စိတ်ကူးများရှိသည်ဟု ပြောဆိုခဲ့ကြောင်း POLITICO သတင်းဌာနက ဖော်ပြခဲ့သည်။
ထို့အပြင် ယူကရိန်းအား အမေရိကန်၏အကူအညီပေးမှုများကို ရပ်တန့်ရန် တောင်းဆိုသူများထဲတွင် Vivek Ramaswamy လည်း ပါဝင်ကြောင်း သိရသည်။
"ယူကရိန်းစစ်မြေပြင်ကို အမေရိကန်တပ်ဖွဲ့ဝင်တွေ စေလွှတ်ပေးဖို့ မလိုအပ်ဘူးလို့ ကျွန်မထင်ပါတယ်။ အမေရိကန်နိုင်ငံဟာ ဘယ်နိုင်ငံ၊ဘယ်မိတ်ဖက်ကိုမှ ငွေကြေးအကူအညီတွေ မပေးအပ်သင့်ပါဘူး။ ဒီလိုကိစ္စတွေကို တာဝန်ယူလို့မရပါဘူး" ဟု နစ်ကီဟာလေးက ပြောခဲ့သည်။
အမေရိကန်၏ လက်ရှိခေါင်းဆောင်သည် ယူကရိန်းအရေးနှင့်ပတ်သက်ပြီး ရှင်းလင်းပြတ်သားစွာ ဖော်ပြပြောဆို ခြင်းမျိုးမရှိသည့်အတွက် ၎င်းတို့၏နိုင်ငံသည် ယူကရိန်းတွင် မည်သည့်အရာကို ရရှိရန်ကြိုးပမ်းနေလဲဆိုသည့်မေးခွန်းကို အမေရိကန်နိုင်ငံသားများက မေးခွန်းထုတ်နေကြကြောင်း သံတမန်ဟောင်းတစ်ဦး၏ အဆိုအရ သိရသည်။
ဂျိုးဘိုင်ဒန်ကို အမေရိကန်သမ္မတသမိုင်းတစ်လျှောက် အားအနည်းဆုံးသမ္မတအဖြစ် နစ်ကီဟာလေးက ဖော်ပြပြောဆိုခဲ့ကြောင်းလည်း သိရသည်။ ထို့အပြင် သမ္မတဂျိုးဘိုင်ဒန်၏ အားနည်းမှုသည် ရုရှား နှင့် တရုတ်တို့ ကဲ့သို့သောနိုင်ငံများကို ကဏ္ဍအများအပြားတွင် ပိုမိုအားကောင်းလာစေရန်အတွက် တွန်းအားဖြစ်စေခဲ့ကြောင်း နစ်ကီဟာလေးက ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်သူ့စစ်ခေါင်းဆောင်အပါအဝင်(၃)ဦး ရွှေဘိုမြို့၌ ကားပြုပြင်ရန်သွားစဉ် ပစ်ခတ်လုပ်ကြံခံခဲ့ရ
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ