Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
YBS ယာဥ်များ ညအိပ်ရပ်နားရာ၌ လုံခြုံမှုရှိစေရေး အပြီးသတ်ဆောက်လုပ်ရန်ကျန်ရှိသည့် ယာဥ်ရပ်နားဝင်းများကို YRTC မှ ယခုနှစ်အတွင်း ပြီးစီးအောင်ဆောင်ရွက်မည်

ကျော် (NSS) - ဇန်နဝါရီ ၈

ရန်ကုန်တိုင်းအတွင်း ပြေးဆွဲလျက်ရှိသည့် YBS ကားများ ညအိပ်ရပ်နားရာ၌လုံခြုံမှုရှိစေရန် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC) မှ YBS ယာဥ်ရပ်နားဝင်းများအား ၂ဝ၂၃ ခုနှစ်မှစတင်၍ မြို့နယ်အချို့၌ တည်ဆောက်လျက်ရှိသည်။

ထိုသို့တည်ဆောက်လျက်ရှိရာ ၂ဝ၂၃ ခုနှစ်အတွင်း၌ ပြီးစီးခြင်းမရှိသေးဘဲ အပြီးသတ်ဆောက်လုပ်ရန်ကျန်ရှိသည့် YBS ယာဥ်ရပ်နားဝင်းများကို ယခုနှစ်(၂ဝ၂၄ ခုနှစ်) အတွင်း ပြီးစီးအောင်ဆောင်ရွက်သွားမည်ဟု YRTC ၏ တွဲဖက် အတွင်းရေးမှူးဦးလျန်ကျင့်မန်က NP News ကို ပြောသည်။


"YBS ကားတွေရပ်ဖို့ ယာဥ်ရပ်ဝင်းတွေက ရန်ကုန်တိုင်းအတွင်းမှာ ၁၅ ဝင်းလောက်ရှိတယ်။ လိုအပ်တာတွေ ဆောက်လုပ်နေဆဲပါ။ လက်ရှိမှာဆိုရင် လှိုင်သာယာမြို့နယ်ထဲက (၃)ဧကလောက်ရှိတဲ့မြေပေါ်မှာ ယာဥ်ရပ်နားဝင်း ဆောက်လုပ်တာကတော့ပြီးသွားပြီ။ အခုဆက်လုပ်နေတာက ဒဂုံတောင်ဘက်မှာ အိုးအိမ် ဦးစီးဌာနက ခွင့်ပြုပေးထားတဲ့ (၅)ဧကအကျယ်ရှိတဲ့မြေပေါ်မှာ ယာဥ်ရပ်နားဝင်းကို ဖော်ဆောင်နေပါတယ်" ဟု YRTC ၏ တွဲဖက်အတွင်းရေးမှူးဦးလျန်ကျင့်မန်က NP News ကိုပြောသည်။

ယာဥ်ရပ်နားဝင်းများ တည်ဆောက်ခြင်းဖြင့် YBS ကားများ ညပိုင်းအချိန်ရပ်နားရာ၌ လမ်းများပေါ်တွင် ရပ်နားရ ခြင်းကြောင့် ယာဥ်ကြောပိတ်ဆို့မှုများ၊ လမ်းပိတ်ခြင်းများ၊ YBS ကားများ၏ ကားပစ္စည်းများကို ဖြုတ်ခိုးမှုများ ရန်မှ ကာကွယ်သွားနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

"YBS ကားတွေလမ်းပေါ်မှာရပ်ပြီး ညအိပ်ထားရတဲ့အတွက် လုံခြုံရေးအခြေအနေအရလည်း မကောင်းဘူး။ ဒါ့ကြောင့် ယာဥ်ရပ်နားဝင်းတွေကို ဒီနှစ်ထဲမှာ ပြီးစီးအောင်လုပ်ဆောင်နေတာပါ။ အဓိကကတော့ တစ်ချို့ ယာဥ်လိုင်းကုမ္ပဏီကြီးတွေက သူတို့ရဲ့ယာဥ်ရပ်နားဝင်းတွေရှိပြီးသား ယာဥ်လိုင်းကုမ္ပဏီလေးတွေက ယာဥ်ရပ်နား ဝင်း မရှိသေးဘူး။ ဒါ့ကြောင့် ယာဥ်လိုင်းကုမ္ပဏီငယ်လေးတွေအတွက် ဆောင်ရွက်ပေးတာပါ" ဟု YRTC ၏ တွဲဖက် အတွင်းရေးမှူးဦးလျန်ကျင့်မန်က NP News ကို ပြောသည်။

ယာဥ်ရပ်နားဝင်းများအတွင်း၌ သက်ဆိုင်ရာမြို့နယ်အလိုက်တွင် အခြေပြုပြေးဆွဲလျက်ရှိသည့် YBS ယာဥ်လိုင်းများ အားလုံးကို ရပ်နားခွင့်ပြုသွားမည်ဖြစ်ပြီး ယာဥ်ရပ်နားဝင်းများအားလုံးပြီးစီးပါက ယင်း ယာဥ်ရပ်နားဝင်းများ အားလုံးကို YBS ယာဥ်လိုင်းများအားလုံး၏ ဂိတ်စအဖြစ် ပြောင်းလဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"ယာဥ်ရပ်နားဝင်းတွေ လုပ်နေတယ်ဆိုတော့ ကောင်းတာပေါ့ဗျာ။ ကျွန်တော်တို့ကားတွေ ညပိုင်းရပ်ရတဲ့အခါ စိတ်ချလက်ချရပ်ထားလို့ရပြီပေါ့။ အခုဆိုရင် ဂိတ်မှာ ရပ်ထားရတဲ့ကားတွေရှိတယ်။ တစ်ချို့ အိမ်ရှေ့တွေမှာ ရပ်ထားရတာတွေရှိတယ်။ ကားမီးလုံးတွေ နောက်ကြည့်မှန်တွေဆိုရင် ခဏခဏခိုးခံရတယ်။ အဲဒီလို ယာဥ်ရပ်နား ဝင်းလုပ်နေတယ်ဆိုတော့ ကားပစ္စည်းတွေ ခိုးခံရမှာ စိတ်ပူစရာမလိုတော့ပါဘူး" ဟု သင်္ဃန်းကျွန်း-ရွာသာကြီး (လေးထောင့်ကန်) ပြေးဆွဲပေးနေသည့် YBS ၇၁ ယာဥ်မောင်း ကိုကျော်စွာက NP News ကို ပြောသည်။

ယာဥ်ရပ်နားဝင်းများအား ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ သာကေတမြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့နှင့် လှိုင်သာယာမြို့နယ်တို့တွင် ဖော်ဆောင်လျက်ရှိပြီး ယာဥ်ရပ်နားဝင်းပေါင်း (၁၅)ဝင်းရှိသည်ဟု  YRTC တွဲဖက်အတွင်းရေးမှူးဦးလျန်ကျင့်မန်၏ ပြောကြားချက်အရ သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဂါဇာစစ်ပွဲ ရက်ပေါင်း ၉ဝ ကျော်လာပေမယ့် အစ္စရေးတို့ စစ်ရေးရည်မှန်းချက်တွေမရခဲ့ဟု အီရန်အစိုးရ ဝေဖန်

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved