ရုရှားတပ်ဖွဲ့များက ယူကရိန်းအရှေ့ပိုင်းသို့ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ်(၅)ဦး အပါအဝင် အနည်းဆုံး လူ(၁၁)ဦး သေဆုံး
Pika (NSS) - ဇန်နဝါရီ ၇
ရုရှားတပ်ဖွဲ့များသည် ဇန်နဝါရီလ(၆)ရက်တွင် ယူကရိန်းနိုင်ငံ အရှေ့တောင်ပိုင်းရှိ Pokrovsk မြို့ကို ဒုံးကျည်များ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ်(၅)ဦး အပါအဝင် အနည်းဆုံးလူ(၁၁)ဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။
ပြီးခဲ့သည့်နှစ် ဇန်နဝါရီလနောက်ပိုင်းတည်းက ယူကရိန်း နှင့် ရုရှားတို့တွင် ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ပိုမို တိုးမြင့်လာခဲ့ပြီး လူသေဆုံးမှုများလည်း ပိုမိုများပြားလာခဲ့ကြောင်း သိရသည်။ ရုရှား နှင့် ယူကရိန်းတို့တွင် ဒုံးကျည် ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာသော်လည်း ရှေ့တန်းစစ်မြေမျက်နှာပြင်ရှိ အခြေအနေများမှာ တည်ငြိမ်နေကြောင်းလည်း သိရသည်။
ရုရှားတပ်ဖွဲ့များသည် အဆိုပါမြို့ကို S-300 ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် အခြားလူ(၈)ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
Donetsk ဒေသအကြီးအကဲ ဗာဒင်ဖီလာရှကင် က "ရုရှားရဲ့ဒုံးကျည်တွေနဲ့ပစ်ခတ်တိုက်ခိုက်မှုဟာ Pokrovsk နဲ့ Rivne မြို့တွေကို အဓိကထိမှန်ခဲ့ပါတယ်" ဟု ပြောခဲ့သည်။
ကယ်ဆယ်ရေးသမားများသည် တိုက်ခိုက်မှုအတွင်းရှိ ပျက်စီးသွားခဲ့သော Pokrovsk နဲ့ Rivne မြို့ရှိ နေအိမ် အပျက်အစီးများကြားတွင် အလုပ်လုပ်နေကြသည့်ဓါတ်ပုံများကို မာဒင်ဖီလာရှကင်က ဆိုရှယ်မီဒီယာပေါ်တွင် ပြသခဲ့ကြောင်းလည်း သိရသည်။ ထို့အပြင် သေဆုံးသူအရေအတွက်မှာ ကလေးငယ်နှစ်ဦး အပါအဝင် နောက်ထပ် လူခြောက်ဦးထိ ထပ်မံတိုးမြင့်လာနိုင်ကြောင်း အရေးပေါ်ဝန်ဆောင်မှုဌာနများ၏ အဆိုအရ သိရသည်။
ယူကရိန်းသမ္မတဇီလန်စကီးသည် အဆိုပါတိုက်ခိုက်မှုများကို ပြစ်တင်ရှုတ်ချခဲ့ပြီး ရုရှားတပ်ဖွဲ့များ၏ တိုက်ခိုက်မှု များမှာ သာမန်လူနေအဆောက်အဦးများနှင့် နေအိမ်များကိုသာ ထိမှန်ခဲ့ကြောင်း ဝေဖန်ပြောခဲ့သည်။ ထို့အပြင် ရုရှား၏တိုက်ခိုက်မှုများအတွက် နောက်ဆက်တွဲအကျိုးဆက်များရှိလာမည်ဖြစ်ကြောင်း ဇီလန်စကီးက ထပ်မံပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းလေယာဉ်မှူးများ၏ လေ့ကျင့်ရေးအစီအစဉ်အတွက် F-16 တိုက်လေယာဉ်များကို ပေးပို့ခဲ့ကြောင်း နော်ဝေးအစိုးရပြော
RELATED POSTS
01 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
01 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
01 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ