ဂါဇာကမ်းမြောင်ဒေသ စစ်ပွဲ အဆုံးသတ်ရမည်ဖြစ်ကြောင်း ကုလသမဂ္ဂပြော
Pika (NSS) - ဇန်နဝါရီ ၇
ဂါဇာကမ်းမြောင်ဒေသရှိ စစ်ပွဲကို အဆုံးသတ်ရန်အတွက် နိုင်ငံတကာအသိုင်းအဝိုင်းသည် ၎င်းတို့၏ ဩဇာလွှမ်းမိုးမှု အားလုံးကို အသုံးပြုရမည်ဖြစ်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုရေးရာဆိုင်ရာ လက်ထောက်အထွေထွေအတွင်းရေးမှူး မာတင်ဂရစ်ဖ်ဖစ်က ပြောကြားခဲ့သည်။
အစ္စရေး-ဟားမက်စစ်ပွဲကြောင့် ဂါဇာကမ်းမြောင်ဒေသသည် လူနေထိုင်ရန် သင့်တော်ခြင်းမျိုးမရှိတော့သည့်အပြင် ပါလက်စတိုင်းလူမျိုးများသည် နေ့စဉ်ခြိမ်းခြောက်မှုများ နှင့် ရင်ဆိုင်နေရကြောင်း မာတင်ဂရစ်ဖ်ဖစ်က ပြောကြားခဲ့သည်။
ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းလူမျိုးများကို ဘေးလွတ်ကင်းရာသို့ရွှေ့ပြောင်းရန် တိုက်တွန်းထားသော် လည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်းလူမျိုးထောင်ချီ သေဆုံး/ဒဏ်ရာရရှိနေကြောင်း မာတင်ဂရစ်ဖ်ဖစ်က ပြောကြားခဲ့သည်။ အဆိုပါဖြစ်ရပ်များအားလုံးသည် နိုင်ငံတကာမှ စောင့်ကြည့်မှုများရှိနေ သည့်ကြားက ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ၎င်းက ထပ်မံပြောခဲ့သည်။
၎င်းက "ဂါဇာကမ်းမြောင်ဒေသမှာ ဖြစ်ပွားနေတဲ့စစ်ပွဲဟာ အဆိုးရွားဆုံးလူသားချင်းစာနာထောက်ထားမှုတွေကို ပြသခဲ့ပါတယ်။ အကြမ်းဖက်မှုတွေဟာ ကွဲပြားခြားနားမှုတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ ပြီးတော့ ပါလက်စတိုင်းလူမျိုးတွေရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီး ဘေးအန္တရာယ်တစ်ခု ကျရောက်နေပါတယ်။ လူအများ အပြားနဲ့ပြည့်နှက်နေတဲ့ကယ်ဆယ်ရေးစခန်းတွေမှာ မိလ္လာပိုက်လိုင်းတွေလည်း ပြည့်လျှံနေတာမလို့ ကူးစက် ရောဂါတွေ ပျံနှံ့လာမှာကိုလည်း စိုးရိမ်မိပါတယ်။ ဒီလိုမငြိမ်မသက်မှုတွေဖြစ်နေတဲ့ကြားထဲက ပါလက်စတိုင်း အမျိုးသမီး(၁၈ဝ)လောက်ဟာ နေ့စဉ်ကလေးမွေးဖွားနေကြပါတယ်။ ဂါဇာကမ်းမြောင်ဒေသက ကလေးတွေရဲ့ ဘဝက ကြောက်စရာကောင်းတဲ့ စစ်ပွဲရဲ့အသံကို ကြားရရုံကလွဲပြီး အခြားဘာမှမရှိပါဘူး။ အရပ်သားတွေကို ကာကွယ်ဖို့ နဲ့ ဓါးစာခံတွေကို လွှတ်ပေးဖို့အတွက် ပါဝင်ပတ်သက်နေသူတွေအားလုံးဟာ နိုင်ငံတကာဥပဒေ အောက်မှာ သူတို့ရဲ့တာဝန်တွေကို ကျေပွန်အောင် လုပ်ဆောင်ဖို့အချိန်ကျပါပြီ။ ဒီလိုဖြစ်ဖို့အတွက် ကမ္ဘာ့ခေါင်းဆောင်တွေဟာ သူတို့ရဲ့ဩဇာလွှမ်းမိုးမှုတွေအားလုံးကို အသုံးပြုရပါမယ်။ ဒီစစ်ပွဲက ဘယ်တော့မှ မစခဲ့သင့်ပါဘူး။ ပြီးတော့ အဆုံးသတ်ဖို့အတွက် အချိန်ကလည်း တော်တော်ကြာနေပါပြီ" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားတပ်ဖွဲ့များက ယူကရိန်းအရှေ့ပိုင်းသို့ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ်(၅)ဦး အပါအဝင် အနည်းဆုံး လူ(၁၁)ဦး သေဆုံး
RELATED POSTS
01 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
01 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
01 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ