အမေရိကန်စစ်တပ်ရှိ စစ်သားအရေအတွက်က ၁၉၄ဝ ပြည့်နှစ်နောက်ပိုင်း အနည်းဆုံးဖြစ်နေ
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၆
အမေရိကန်စစ်တပ်မှာ တာဝန်ထမ်းဆောင်နေတဲ့တပ်ဖွဲ့ဝင်အရေအတွက်ဟာ ၁၉၄ဝ ပြည့်နှစ်နောက်ပိုင်း အနည်းဆုံးဖြစ်လာနေကြောင်း အငြိမ်းစားအမေရိကန်ဗိုလ်ချုပ်ကြီးတစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အမေရိကန်တပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေတဲ့တပ်ဖွဲ့ဝင်အရေအတွက်ဟာ လက်ရှိအချိန်မှာ ၄၅၂ဝဝဝ ဦးသာရှိနေပြီး အဲဒီအရေအတွက်က ၁၉၄ဝ ပြည့်နှစ်နောက်ပိုင်း အနည်းဆုံးအရေအတွက် ဖြစ်ကြောင်း သိရပါတယ်။ အမေရိကန်တပ်ဖွဲ့ဝင်အရေအတွက် လျော့နည်းလာရခြင်းတွေမှာ အကြောင်းအရင်းများစွာရှိနေပြီး ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါက အဓိကပြဿနာအဖြစ် ရှိနေခဲ့ကြောင်း သိရပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားချိန်မှာ ကာကွယ်ဆေးမထိုးလိုတဲ့အတွက် တပ်ဖွဲ့ဝင်များ ရာထူးက အနားယူ သွားခြင်းများရှိနေခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် အမေရိကန်စစ်တပ်မှာရှိနေတဲ့ ခေါင်းဆောင် နဲ့ တပ်မှူးအချို့ရဲ့ခေါင်းဆောင်မှုအရည်အသွေး ညံ့ဖျင်းခြင်းတွေကို မနှစ်သက်တဲ့အတွက် စစ်သားတွေဟာ အလုပ်ထွက်တာမျိုးတွေလည်း ရှိနေခဲ့ကြောင်း သိရပါတယ်။
အမေရိကန်တပ်ဖွဲ့ဝင်အရေအတွက် လျော့နည်းလာချိန်မှာ အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်အရေအတွက်လည်း နည်းပါးခဲ့ရာ အထူးစစ်ဆင်ရေး လုပ်ကိုင်ဖို့ အခက်အခဲတွေ ရှိလာနေကြောင်း သိရပါတယ်။
အမေရိကန်စစ်တပ်ရဲ့အငြိမ်းစားဗိုလ်ချုပ်ကြီးက "အမေရိကန်စစ်သားတွေဟာ ခေါင်းဆောင်အသစ်ကို လိုလားနေတယ်။ ဗိုလ်ချုပ်ကြီးအသစ်တွေ လိုလားနေတယ်။ လက်အောက်ငယ်သားတွေကို စာနာ ငဲ့ညာတဲ့ ခေါင်းဆောင်တွေ၊ နိုင်ငံလုံခြုံရေး၊ နိုင်ငံတကာခြိမ်းခြောက်မှုတွေကို တုံ့ပြန်နိုင်စွမ်းရှိမယ့် ခေါင်းဆောင်အသစ်တွေကို လိုချင်နေတယ်" လို့ ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရှမ်းယူနိုက်တက်အသင်းက လွိုင်လင်မြို့တွင် လူငယ်ဘောလုံးသင်တန်းဖွင့်လှစ်မည်
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
18 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ