အမေရိကန်ကာကွယ်ရေးဝန်ကြီး ရုတ်တရက်ဆေးရုံတက်နေရပြီး ကျန်းမာရေးအခြေအနေကို အတိအကျ သတင်းထုတ်ပြန်ခြင်းမျိုးမရှိသေး
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၆
အမေရိကန်ကာကွယ်ရေးဝန်ကြီးလွိုင်အော်စတင်ဟာ ဇန်နဝါရီ ၁ ရက်ကတည်းက ဆေးရုံတက်ခဲ့ရပြီး လက်ရှိ အချိန်အထိ ဘယ်အချိန်မှာ ဆေးရုံပြန်ဆင်းမလဲဆိုတဲ့အချက်ကို အတိအကျမသိရသေးကြောင်း သိရပါတယ်။
လွိုင်အော်စတင်ကို အသေးစားကုသမှုတွေ လုပ်ဆောင်ခဲ့ပြီးနောက် ရောဂါအခြေအနေက ရှုပ်ထွေးမှုတွေရှိနေတဲ့ အတွက် ဆေးရုံတင်ပို့ခဲ့ရခြင်းဖြစ်ကြောင်း၊ လွိုင်အော်မှာ ဘယ်လိုမျိုးရောဂါတွေ့ကြုံခံစားနေရသလဲဆိုတဲ့ အချက် ကို အသေးစိတ်ထုတ်ပြန်တာမျိုးမရှိသေးကြောင်း အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်က ပြောပါတယ်။
ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ ပတ်ရိုင်ဒါက "အော်စတင်ဟာ ဘယ်အချိန်မှာ ဆေးရုံဆင်းမလဲဆိုတာ မသိသေးဘူး။ လက်ရှိအချိန်မှာ ပြန်သက်သာတဲ့ပုံစံမျိုး ရှိနေပါတယ်။ ဒါပေမယ့် အခြေနေအသေးစိတ်ကိုတော့ ပြောလို့မရသေးဘူး " လို့ ပြောပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီးလွိုင်အော်စတင်ရဲ့ကျန်းမာရေးအခြေအနေများကြောင့် လက်ထောက် ကာကွယ်ရေးဝန်ကြီးကလန်ဟစ်ဟာ ဝန်ကြီးရဲ့တာဝန်တွေကို လွှဲပြောင်းရယူဖို့ပြင်ဆင်တာနေတာမျိုးတွေလည်းရှိနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ အမေရိကန်ကာကွယ်ရေးဝန်ကြီးဟာ ပြီးခဲ့တဲ့အောက်တိုဘာလက heart attack တွေ့ကြုံခံစားရတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။
လွိုင်အော်စတင်ဟာ အမေရိကန်စစ်ဌာနချုပ်ကို ပထမဆုံးဦးဆောင်ခွင့်ရတဲ့အမေရိကန်-အာဖရိကန်ဖွားလူမျိုး တစ်ဦးဖြစ်ပြီး ၂ဝ၂၁ ခုနှစ်မှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ကာကွယ်ရေးဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းခဲ့သူဖြစ်ပါတယ်။ လွိုင်အော်စတင်ဟာ ၂ဝ၁၆ ခုနှစ်မှာ ရာထူးက အနားယူခဲ့ပြီးနောက် အမေရိကန်စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ Raytheon Technologies မှာ ဘုတ်အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်ခဲ့သူဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရှမ်းမြောက်တိုက်ပွဲများကြောင့် အေးသာယာမြို့သစ်အဝင်တွင် စစ်ဆေးမှုများပိုမိုတင်းကြပ်လာဟုဆို
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
18 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ