Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဟားမက်စ်အဖွဲ့ကို ငွေကြေးကူညီထောက်ပံ့ပေးနေတဲ့သူတွေကို သတင်းပေးရင် ဆုကြေးငွေ ချီးမြှင့်မယ်လို့ အမေရိကန်အစိုးရပြော

ဂျန်ဇက် (NSS) - ဇန်နဝါရီ ၆ 

အမေရိကန်အစိုးရဟာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ရဲ့ ဘဏ္ဍာရေးကွန်ရက်လမ်းကြောင်းတွေကို ဖျက်ဆီးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဟားမက်စ်အဖွဲ့ကို ငွေကြေး အဓိကကူညီထောက်ပံ့ပေးနေသူ ၅ ဦးရဲ့သတင်းကို ပေးနိုင်သူကို ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁ဝ သန်း ချီးမြှင့်သွားမယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။

ဟားမက်စ်အဖွဲ့ကို ငွေကြေးကူညီထောက်ပံ့ပေးနေတဲ့ အဓိက ငါးဦးထဲမှာ သုံးဦးက တူရကီနိုင်ငံ အခြေစိုက်ဖြစ်ကြောင်း သိရပါတယ်။ အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း အမေရိကန် အစိုးရဟာ ဟားမက်စ်လက်နက်ကိုင်အုပ်စုကိုပစ်မှတ်ထားပြီး ပိတ်ဆို့မှု လေးကြိမ် ချမှတ်ခဲ့ကြောင်း သိရပါတယ်။ 

ဟားမက်စ်အဖွဲ့ကို ငွေကြေးကူညီထောက်ပံ့ပေးနေသူ ငါးဦးထဲမှာ ဆူဒန်နိုင်ငံ အခြေစိုက်စီးပွားရေးလုပ်ငန်းရှင် တစ်ဦး၊ လက်ဘနွန်အခြေစိုက်ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ခေါင်းဆောင် တစ်ဦးနဲ့ တူရကီနိုင်ငံမှာ အခြေစိုက် နေထိုင်သူ ၃ ဦးတို့ ပါဝင်နေကြောင်း သိရပါတယ်။ 

အမေရိကန်အစိုးရက ဟားမက်စ်အဖွဲ့ ဝင်ငွေရရှိစေမယ့် အရင်းမြစ်၊ အဓိကကူညီထောက်ပံ့ပေးနေသူ၊ ဟားမက်စ် ကို ငွေကြေး လွှဲပြောင်းပေးနေတဲ့လမ်းကြောင်းနဲ့ နည်းပညာကုမ္မဏီများ၊ ဟားမက်စ်အဖွဲ့အကျိုးကျေးဇူးဖြစ်စေ မယ့် ရာဇဝတ်မှုအစီအစဉ်များကို သတင်းပေးနိုင်သူကို ဆုကြေးငွေပေးသွားမှာဖြစ်ကြောင်း သတင်းထုတ်ပြန်ထား ပါတယ်။ 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလီကန်ဟာ လက်ရှိအချိန်မှာ အရှေ့အလယ်ပိုင်းဒေသကို သွားရောက် မှာဖြစ်ပြီး တူရကီသမ္မတ အာဒိုဂမ်နဲ့လည်း တွေ့ဆုံဆွေးနွေးမှာဖြစ်ကြောင်း သိရပါတယ်။ အစ္စရေးအစိုးရကလည်း ဟားမက်စ်လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေနဲ့ပတ်သက်ပြီး သတင်းပေးနိုင်သူကို အမေရိကန်ဒေါ်လာ ၄ သန်း ပေးမယ်လို့ မကြာသေးမီက ဆုကြေး ထုတ်ပြန်ထားပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ကားလမ်းဘေးရှိ အုတ်နံရံ၌ အမျိုးသားတစ်ဦး ကြိုးဆွဲချအဆုံးစီရင်မှု ရန်ကုန်မြို့၌ ဖြစ်ပွားခဲ့

RECENT POSTS
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေမြင့်တက်လာမှုနဲ့အတူ အီရန်က အစ္စရေးကို ဒုံးကျည်အစင်းရေ(၂ဝဝ)ကျော်နဲ့ပစ်ခတ်တိုက်ခိုက်
02 Oct 2024
ထိုင်းအစွန်းရောက်လူနည်းစုက ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေကြသော ရွှေ့ပြောင်းလုပ်သားများကို ပစ်မှတ်ထားစီးပွားရေးပိတ်ပင်ရန် ကြိုးပမ်းလာခြင်းကြောင့် မြန်မာများ သတိထားနေထိုင်ရန် လိုအပ်လာ
02 Oct 2024
ပအိုဝ်းနယ်မြေအထူးဒေသ (၆)အတွင်း ဝင်ရောက်နေထိုင်သည့် KNDF ပူးပေါင်းအဖွဲ့များကို တိုက်ထုတ်သွားမည်ဟု PNA ဆို
02 Oct 2024
အကြမ်းဖက်အဖွဲ့များ ထိန်းချုပ်ရာဒေသများကို လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာဖွယ်ရှိ၍ ဒေသခံပြည်သူများက သတိပြုရှောင်ရှားရန် လိုအပ်
02 Oct 2024
တိုက်ပွဲများကြောင့် သွင်းကုန်များအပေါ် ရိုက်ခတ်မှုများရှိနေရာ ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ ပိုအထိနာနေ
02 Oct 2024
မြန်မာနိုင်ငံတွင် အလုပ်လုပ်ရန်အကောင်းဆုံးကုမ္ပဏီအဖြစ် MAI မှ BCIM ဆုရရှိ
02 Oct 2024
တောင်ကိုရီးယားရုပ်ရှင်မင်းသမီး Park Ji-ah ဦးနှောက်သွေးကြောပေါက်ကာ ကွယ်လွန်
01 Oct 2024
သေမင်းတံခါးဝမှအပြန် (ဆောင်းပါး)
01 Oct 2024
နျူကလီးယားလက်နက်တွေအသုံးပြုခဲ့မယ်ဆိုရင် မြောက်ကိုရီးယားအစိုးရ အဆုံးသတ်သွားမယ်လို့ တောင်ကိုရီးယားအစိုးရသတိပေး
01 Oct 2024
အစ္စရေးက လက်ဘနွန်နိုင်ငံတွင်းကို မြေပြင်ထိုးစစ်ဆင်မှုတွေစတင်လုပ်ဆောင်
01 Oct 2024
အရက်တင်သွင်းခွင့်ပိတ်မည်ဆိုသော AA ၏အမိန့်သည် ဒေသတွင်း နေထိုင်သူများအတွက် အရည်အသွေးနိမ့်အရက်များ သောက်သုံးကာ သက်တမ်းတိုစေခြင်းသာ ဖြစ်လိမ့်မည်ဟု ဆို
01 Oct 2024
အကြမ်းဖက်သတ်ဖြတ်ခံရသူ (၈၀ဝဝ)ကျော်အထိရှိလာပြီး သတ်ဖြတ်မှုများ ပိုဖြစ်ပွားလာနိုင်ဟု သုံးသပ်မှုများရှိနေ
01 Oct 2024
နျူကလီးယားလက်နက်မူဝါဒဆိုင်ရာပြောင်းလဲမှုက အနောက်အုပ်စုကိုသတိပေးသည့်အချက်ပြ မှုတစ်ခုဖြစ်ကြောင်း ရုရှားအစိုးရပြော
01 Oct 2024
ပြောင်းလဲလာသည့် ရာသီဥတုဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံအနေဖြင့် ပြည်ပဆန်တင်ပို့မှုကို ချင့်ချိန်ရမည့် အနေအထားရှိနေဟု MRF ဥက္ကဋ္ဌဆို
01 Oct 2024
ခင်ပွန်းဖြစ်သူနှင့် ကွာရှင်းပြတ်စဲလိုက်ပြီဖြစ်တဲ့ တောင်ကိုရီးယားနာမည် ကျော် ရုပ်ရှင်မင်းသမီး ကလောက်ဒီးယားကင်မ်
01 Oct 2024
အမေရိကန်ရွေးကောက်ပွဲအပြီးတွင် မြောက်ကိုရီးယားက နျူကလီးယား စမ်းသပ်မှု လုပ်ဆောင်နိုင်ဖွယ်ရှိနေ
01 Oct 2024
ယူကရိန်းစစ်ပွဲကို ဖြေရှင်းနိုင်ရန် တရုတ်၊ ဘရာဇီး ဦးဆောင်မည့် ငြိမ်းချမ်းရေးမိတ်ဖက်နိုင်ငံများအဖွဲ့ ဖွဲ့စည်းမည်
01 Oct 2024
MNDAA ထိန်းချုပ်ရာ လောက်ကိုင်မြို့မှ ဒေသခံတိမ်းရှောင်မှု ပမာဏများပြားလာပြီး မြို့၏စီးပွားရေးလည်း ကျဆင်းနေ
01 Oct 2024
ကမ္ဘာ့သမိုင်းတစ်လျှောက် အဆိုးရွားဆုံးနယ်စပ်အကျပ်အတည်းကို အမေရိကန်တို့ ကြုံတွေ့နေရကြောင်း ဒေါ်နယ်ထရမ့်ဝေဖန်
01 Oct 2024
ကြည့်မြင်တိုင်မြို့နယ်တွင် ရေဘေးအလှူပစ္စည်းများအတွင်း ဗုံးထည့်ဖောက်ခွဲသည့်အတွက် အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရ
30 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved