Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရုရှားစစ်တပ်ရှိ နိုင်ငံခြားသားများအတွက် နိုင်ငံသားခံယူပိုင်ခွင့်အမိန့်စာကို သမ္မတပူတင် လက်မှတ်ရေးထိုး

Pika (NSS) - ဇန်နဝါရီ ၅ 

ယူကရိန်းပဋိပက္ခအတွင်း ရုရှားတပ်ဖွဲ့များ (သို့မဟုတ်) အခြားစစ်တပ်ဆိုင်ရာ တပ်ဖွဲ့များတွင် တာဝန်ထမ်းဆောင် ရန်အတွက် စာရင်းသွင်းထားသော နိုင်ငံခြားသားများကို ရုရှားပတ်စ်ပို့များ ရယူပိုင်ခွင့်ပေးအပ်သည့်အမိန့်စာကို ရုရှားသမ္မတပူတင်က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

အဆိုပါ အမိန့်စာအရ ယင်းနိုင်ငံခြားသားများ၏ မိသားစုဝင်များသည်လည်း ရုရှားနိုင်ငံသား ခံယူပိုင်ခွင့်ရရှိမည်ဖြစ် ကြောင်း သိရသည်။ ထို့အပြင် နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာစည်းမျဉ်းများသည် တိုက်ပွဲဝင်နေစဉ်အချိန်အတွင်း ကျန်းမာရေးအကြောင်းပြချက်များ၊ အသက်ကန့်သတ်ချက်များ (သို့မဟုတ်) စာချုပ်သက်တမ်းကုန်ဆုံးသွားခြင်း ကြောင့် စစ်တပ်မှ ထုတ်ပယ်ခံခဲ့ရသော နိုင်ငံခြားသားများအတွက်လည်း အကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။


ပြည်ထဲရေးဝန်ကြီးဌာနသို့ သက်ဆိုင်ရာစာရွက်စာတမ်းများ တင်ပြပြီးနောက် တစ်လအတွင်း နိုင်ငံခြားသားများ အတွက် ရုရှား မှတ်ပုံတင်ရယူရန် လျှောက်လွှာများကို ထည့်သွင်းစဉ်းစားသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ လှုပ်ရှားမှုသည် ရုရှားနိုင်ငံအတွက် တိုက်ပွဲများတွင် ပါဝင်ခဲ့သည့် နိုင်ငံခြားသားများကို အခြားနိုင်ငံများသို့ လွှဲပြောင်းပေးခြင်းဆိုင်ရာပြဿနာများကိုဖြေရှင်းရာတွင် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း ရုရှား လွှတ်တော်သတင်းအချက်အလက်မူဝါဒကော်မတီအကြီးအကဲ Aleksandr Khinshtein က ပြောကြားခဲ့သည်။

၎င်းက "စစ်မှုထမ်းဟောင်းတွေကို အခြားနိုင်ငံတွေကို လွှဲပြောင်းပေးချိန်မှာ ကြေးစားစစ်သားတွေအဖြစ် အပြစ်ပေး ခံရတဲ့ပြဿနာကို ဖြေရှင်းနိုင်တော့မှာပါ။ ရုရှားအစိုးရဟာ သူ့ရဲ့နိုင်ငံသားတွေကို ဘယ်တော့မှ လွှဲပြောင်းပေးမှာ မဟုတ်ပါဘူး" ဟု ပြောခဲ့သည်။

ထို့အပြင် နိုင်ငံခြားသားများကို ၂ဝ၂၂ ခုနှစ် နိုဝင်ဘာလကတည်းက ရုရှားစစ်တပ် နှင့် စာချုပ်ချုပ်ဆိုခွင့်ပြုထားခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။ ရုရှား၏ စစ်ဘက်ဆိုင်ရာတပ်ဖွဲ့များတွင် ပါဝင်ခဲ့သော နိုင်ငံခြားသားအရေအတွက် သည် ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်မည်ဆိုပါက (၇)ဆထိ တိုးလာကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဆာဂေးရှိုဂူက ပြီးခဲ့သည့်လတွင် ထုတ်ဖော်ပြောခဲ့ဖူးသည်။

သို့သော်လည်း ရုရှားစစ်တပ်တွင် ပါဝင်ခဲ့သည့် နိုင်ငံခြားသားအရေအတွက်အတိအကျကို ဆာဂေးရှိုဂူက ထုတ်ဖော် ပြောဆိုခဲ့ခြင်းမျိုး မရှိခဲ့ကြောင်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အာရေးဗျပင်လယ်အတွင်းရှိ လိုက်ဘေးရီးယားအလံလွှင့်တင်ထားသော ပြန်ပေးဆွဲခံရသည့်သင်္ဘောကို အနီးကပ် စောင့်ကြည့်နေကြောင်း အိန္ဒိယရေတပ်ပြော

RECENT POSTS
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေမြင့်တက်လာမှုနဲ့အတူ အီရန်က အစ္စရေးကို ဒုံးကျည်အစင်းရေ(၂ဝဝ)ကျော်နဲ့ပစ်ခတ်တိုက်ခိုက်
02 Oct 2024
ထိုင်းအစွန်းရောက်လူနည်းစုက ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေကြသော ရွှေ့ပြောင်းလုပ်သားများကို ပစ်မှတ်ထားစီးပွားရေးပိတ်ပင်ရန် ကြိုးပမ်းလာခြင်းကြောင့် မြန်မာများ သတိထားနေထိုင်ရန် လိုအပ်လာ
02 Oct 2024
ပအိုဝ်းနယ်မြေအထူးဒေသ (၆)အတွင်း ဝင်ရောက်နေထိုင်သည့် KNDF ပူးပေါင်းအဖွဲ့များကို တိုက်ထုတ်သွားမည်ဟု PNA ဆို
02 Oct 2024
အကြမ်းဖက်အဖွဲ့များ ထိန်းချုပ်ရာဒေသများကို လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာဖွယ်ရှိ၍ ဒေသခံပြည်သူများက သတိပြုရှောင်ရှားရန် လိုအပ်
02 Oct 2024
တိုက်ပွဲများကြောင့် သွင်းကုန်များအပေါ် ရိုက်ခတ်မှုများရှိနေရာ ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ ပိုအထိနာနေ
02 Oct 2024
မြန်မာနိုင်ငံတွင် အလုပ်လုပ်ရန်အကောင်းဆုံးကုမ္ပဏီအဖြစ် MAI မှ BCIM ဆုရရှိ
02 Oct 2024
တောင်ကိုရီးယားရုပ်ရှင်မင်းသမီး Park Ji-ah ဦးနှောက်သွေးကြောပေါက်ကာ ကွယ်လွန်
01 Oct 2024
သေမင်းတံခါးဝမှအပြန် (ဆောင်းပါး)
01 Oct 2024
နျူကလီးယားလက်နက်တွေအသုံးပြုခဲ့မယ်ဆိုရင် မြောက်ကိုရီးယားအစိုးရ အဆုံးသတ်သွားမယ်လို့ တောင်ကိုရီးယားအစိုးရသတိပေး
01 Oct 2024
အစ္စရေးက လက်ဘနွန်နိုင်ငံတွင်းကို မြေပြင်ထိုးစစ်ဆင်မှုတွေစတင်လုပ်ဆောင်
01 Oct 2024
အရက်တင်သွင်းခွင့်ပိတ်မည်ဆိုသော AA ၏အမိန့်သည် ဒေသတွင်း နေထိုင်သူများအတွက် အရည်အသွေးနိမ့်အရက်များ သောက်သုံးကာ သက်တမ်းတိုစေခြင်းသာ ဖြစ်လိမ့်မည်ဟု ဆို
01 Oct 2024
အကြမ်းဖက်သတ်ဖြတ်ခံရသူ (၈၀ဝဝ)ကျော်အထိရှိလာပြီး သတ်ဖြတ်မှုများ ပိုဖြစ်ပွားလာနိုင်ဟု သုံးသပ်မှုများရှိနေ
01 Oct 2024
နျူကလီးယားလက်နက်မူဝါဒဆိုင်ရာပြောင်းလဲမှုက အနောက်အုပ်စုကိုသတိပေးသည့်အချက်ပြ မှုတစ်ခုဖြစ်ကြောင်း ရုရှားအစိုးရပြော
01 Oct 2024
ပြောင်းလဲလာသည့် ရာသီဥတုဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံအနေဖြင့် ပြည်ပဆန်တင်ပို့မှုကို ချင့်ချိန်ရမည့် အနေအထားရှိနေဟု MRF ဥက္ကဋ္ဌဆို
01 Oct 2024
ခင်ပွန်းဖြစ်သူနှင့် ကွာရှင်းပြတ်စဲလိုက်ပြီဖြစ်တဲ့ တောင်ကိုရီးယားနာမည် ကျော် ရုပ်ရှင်မင်းသမီး ကလောက်ဒီးယားကင်မ်
01 Oct 2024
အမေရိကန်ရွေးကောက်ပွဲအပြီးတွင် မြောက်ကိုရီးယားက နျူကလီးယား စမ်းသပ်မှု လုပ်ဆောင်နိုင်ဖွယ်ရှိနေ
01 Oct 2024
ယူကရိန်းစစ်ပွဲကို ဖြေရှင်းနိုင်ရန် တရုတ်၊ ဘရာဇီး ဦးဆောင်မည့် ငြိမ်းချမ်းရေးမိတ်ဖက်နိုင်ငံများအဖွဲ့ ဖွဲ့စည်းမည်
01 Oct 2024
MNDAA ထိန်းချုပ်ရာ လောက်ကိုင်မြို့မှ ဒေသခံတိမ်းရှောင်မှု ပမာဏများပြားလာပြီး မြို့၏စီးပွားရေးလည်း ကျဆင်းနေ
01 Oct 2024
ကမ္ဘာ့သမိုင်းတစ်လျှောက် အဆိုးရွားဆုံးနယ်စပ်အကျပ်အတည်းကို အမေရိကန်တို့ ကြုံတွေ့နေရကြောင်း ဒေါ်နယ်ထရမ့်ဝေဖန်
01 Oct 2024
ကြည့်မြင်တိုင်မြို့နယ်တွင် ရေဘေးအလှူပစ္စည်းများအတွင်း ဗုံးထည့်ဖောက်ခွဲသည့်အတွက် အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရ
30 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved