Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြောက်ကိုရီးယားက ရုရှားကို ပဲ့ထိန်းဒုံးကျည်များ ထောက်ပံ့ပေးခဲ့ကြောင်း အမေရိကန်အစိုးရပြော

Pika (NSS) - ဇန်နဝါရီ ၅ 

မကြာသေးမီက ယူကရိန်းတိုက်ခိုက်ရာတွင် ရုရှားတပ်ဖွဲ့များ အသုံးပြုသော ပဲ့ထိန်းဒုံးကျည်များ နှင့် ဒုံးကျည် လောင်ချာများကို မြောက်ကိုရီးယားက ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်အစိုးရက ဇန်နဝါရီလ (၄) ရက်တွင် ထုတ်ဖော်ပြောခဲ့သည်။

ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှု(၂)နှစ်ပြည့်ခါနီးအချိန်တွင် ရုရှားနိုင်ငံသည် လက်နက်ပြတ်တောက်မှုများနှင့် ကြုံတွေ့နေရသည့်အတွက် ၎င်း၏ မိတ်ဖက်အီရန်နိုင်ငံထံမှ ဒုံးကျည်များရယူနိုင်ရန် ကြိုးပမ်းနေကြောင်း အမေရိကန်အစိုးရက ပြောခဲ့သည်။


ရုရှားတပ်ဖွဲ့များသည် မြောက်ကိုရီးယားက ထောက်ပံ့ပေးခဲ့သော အကွာအဝေးကီလိုမီတာ(၉ဝဝ)အထိ ရောက်ရှိ နိုင်သောဒုံးကျည်များကို ပြီးခဲ့သည့််သီတင်းပတ်အတွင်း လုပ်ဆောင်ခဲ့သော ယူကရိန်းအပေါ် တိုက်ခိုက်မှုနှစ်ကြိမ် တွင် အသုံးပြုခဲ့ကြောင်း အမျိုးသားလုံခြုံရေးကောင်စီပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘိုင်က ပြောကြားခဲ့သည်။

"ကျွန်တော်တို့ရဲ့သတင်းအချက်အလက်တွေအရ မြောက်ကိုရီးယားဟာ ရုရှားနိုင်ငံကို ပဲ့ထိန်းဒုံးကျည်လောင်ချာ တွေနဲ့ ပဲ့ထိန်းဒုံးကျည်အများအပြားကို မကြာသေးမီက ထောက်ပံ့ပေးခဲ့ပါတယ်။ ဒါဟာ ရုရှားအတွက် မြောက်ကိုရီးယားရဲ့ကူညီထောက်ပံ့မှုတွေ တိုးမြင့်လာမှုနဲ့ပတ်သက်ပြီး သိသာထင်ရှားတဲ့အချက်တစ်ခုပါ" ဟု ဂျွန်ကာဘိုင် က  ပြောခဲ့သည်။


အဆိုပါဖွံ့ဖြိုးတိုးတက်မှုက အမေရိကန်လွှတ်တော်သည် ယူကရိန်းကို နောက်ထပ်စစ်ရေးအကူအညီများ ပေးဆောင်ရန် လိုအပ်သည်ဆိုသည့်အချက်ကို ဖော်ပြခဲ့ကြောင်း ဂျွန်ကာဘိုင်က ပြောခဲ့သည်။ ပြီးခဲ့သည့်ရက်များ အတွင်း ရုရှား၏ လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက်ကြုံတွေ့နေရသည့် ယူကရိန်းအတွက် လေကြောင်းရန်ကာကွယ်ရေးစနစ်များမှာ အဓိကဦးစားပေးဖြစ်ကြောင်း ဂျွန်ကာဘိုင်က ပြောခဲ့သည်။ 

ဂျွန်ကာဘိုင် က "ဒီအချိန်မှာ အမေရိကန်လွှတ်တော်ဟာ ယူကရိန်းနိုင်ငံသားတွေ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ဖို့ အတွက် လိုအပ်တာတွေကို ကူညီထောက်ပံ့ပေးဖို့ အရေးကြီးပါတယ်။ ဒီအချိန်ဟာ အမေရိကန်လွှတ်တော်အတွက် တုံ့ပြန်မှုတွေလုပ်ဆောင်ဖို့ အချိန်ရောက်နေပါပြီ" ဟု ပြောခဲ့သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ(၃ဝ)ရက်တွင် ရုရှားတပ်ဖွဲ့များသည် မြောက်ကိုရီးယားက ထောက်ပံ့ပေးခဲ့သော ဒုံးကျည်များ ထဲမှ အနည်းဆုံးတစ်စင်းကို ပစ်လွှတ်ခဲ့ပြီး ဇာပိုရိုဇီရာဒေသရှိ ကွင်းပြင်တစ်ခုအတွင်း ကျရောက်သွားခဲ့ကြောင်း ဂျွန်ကာဘိုင်က ပြောကြားခဲ့သည်။ ထို့နောက် ဇန်နဝါရီလ(၂ဝ)ရက်တွင် ရုရှားတပ်ဖွဲ့များသည် ကြီးမားသော လေကြောင်းတိုက်ခိုက်မှု တစ်စိတ်တစ်ပိုင်းအဖြစ် ပဲ့ထိန်းဒုံးကျည်အများအပြားဖြင့် ယူကရိန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ထပ်မံပြောခဲ့သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အင်ဒိုနီးရှားနိုင်ငံတွင် ရထားနှစ်စင်းတိုက်မိခဲ့ပြီး လူ(၃)ဦးသေဆုံးကာ အခြားလူ(၂)ဒါဇင်ကျော် ထိခိုက်ဒဏ်ရာရရှိ

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved