Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တပ်မတော် နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ကြား တတိယအကြိမ်မြောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လာမယ့်ရက်ပိုင်းအတွင်း တရုတ်နိုင်ငံမှာ ထပ်မံပြုလုပ်မယ်

ဂျန်ဇက် (NSS) - ဇန်နဝါရီ ၅ 

မြန်မာနိုင်ငံမြောက်ပိုင်းမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေ အပစ်ခတ်ရပ်စဲနိုင်ဖို့ တပ်မတော်ကိုယ်စားလှယ်များနဲ့ မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင်အဖွဲ့ Northern Alliance ကိုယ်စားလှယ်တွေဟာ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဇန်နဝါရီ ၇ ရက်ကနေ ၉ ရက်အထိ တတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးသွားမယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေနဲ့ပတ်သက်ပြီး မြန်မာတပ်မတော် နဲ့ မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင်အဖွဲ့သုံးဖွဲ့ကြား အပြီးသတ်ဖြေရှင်းနိုင်ခြင်း မရှိသေးတဲ့အတွက် လောက်ကိုင်မြို့မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရပါတယ်။ 


ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မြန်မာနိုင်ငံဘက်ခြမ်းက ပစ်ခတ်လိုက်တဲ့ကျည်ဆံတွေဟာ တရုတ်ဘက်ခြမ်းကို ကျရောက်ပေါက်ကွဲခဲ့ရာ တရုတ်နိုင်ငံသားတွေ ထိခိုက်မှုတွေရှိခဲ့ပြီး၊ အဲဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဝန်ခံထားတဲ့ အဖွဲ့အစည်းမရှိသေးကြောင်း သိရပါတယ်။ 

ရခိုင်လက်နက်ကိုင်အဖွဲ့၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့၊ တအောင်းလက်နက်ကိုင်အဖွဲ့သုံးဖွဲ့ပေါင်းထားတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဟာ အောက်တိုဘာ ၂၇ ရက်မှာ တပ်မတော်စခန်းတွေကို တိုက်ခိုက်ခဲ့ပြီး ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်လာခဲ့ကြောင်း သိရပါတယ်။ 

မြန်မာတပ်မတော်ကိုယ်စားလှယ်အဖွဲ့ကို ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင် ဦးဆောင်မှာဖြစ်ပြီး တအောင်းလက်နက် ကိုင်အဖွဲ့၊ ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ ကိုးကန့်လက်နက်ကိုင်အဖွဲ့တာဝန်ရှိသူတွေ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ ၎င်းတို့ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက် နဲ့ ၂၄ ရက်တို့မှာ အပစ်ခတ်ရပ်စဲရေးဆွေးနွေးခဲ့ပေမယ့် တိကျတဲ့သဘောတူညီချက်တွေမရခဲ့တဲ့အတွက် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေခဲ့ကြောင်း သိရပါတယ်။


တရုတ်နိုင်ငံ ကူမင်းမြို့မှာ ကျင်းပမယ့် တပ်မတော် နဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကြား တွေ့ဆုံဆွေးနွေးမယ့် တတိယအကြိမ်မြောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တရုတ်အထူးကိုယ်စားလှယ် Deng Xijun လည်း တက်ရောက်မှာဖြစ်ကြောင်း သိရပါတယ်။ 

တရုတ်အစိုးရဟာ မြန်မာနိုင်ငံ နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေကြားဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကို အပစ်ခတ်ရပ်စဲနိုင်ဖို့ ကြားဝင်စေ့စပ်ပေးနေပေမယ့် လက်ရှိအချိန်အထိ အပြည့်အဝသဘောတူညီမှု မရသေးကြောင်း သိရပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဗြိတိန်မှ ဒင်္ဂါးပြား ထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ The Royal Mint က စွန့်ပစ်ပစ္စည်းများမှ လက်ဝတ်ရတနာများ ထုတ်လုပ်မည်

RELATED POSTS
RECENT POSTS
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved