ဂျပန်နိုင်ငံတွင် ပြင်းအား ၇ ဒသမ ၄ မဂ္ဂနီကျူအဆင့်ရှိ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ကမ်းရိုးတန်းဒေသများကို ဆူနာမီသတိပေးချက်များ ထုတ်ပြန်
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၁
ဂျပန်နိုင်ငံတွင် ဇန်နဝါရီ ၁ ရက်က အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ဆူနာမီသတိပေးချက်များထုတ်ပြန်ထားရကြောင်း သိရသည်။
ဇန်နဝါရီ ၁ ရက်က ဂျပန်နိုင်ငံအလယ်ပိုင်းဒေသကို ပြင်းအား ၇ ဒသမ ၄ မဂ္ဂနီကျူအဆင့်ရှိ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ကြောင်း ဂျပန်အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။
Ishikawa ဒေသ နိုတိုမြို့တွင် အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက် နီအီဂါတာဒေသ၊ တိုယာမာ ဒေသ ကမ်းရိုးတန်းတစ်လျှောက်တွင် ဆူနာမီသတိပေးချက်များ ထပ်မံထုတ်ပြန်ထားကြောင်း သိရသည်။
အဆိုပါကမ်းရိုးတန်းများတွင် နေထိုင်သူများကိုဘေးလွှတ်ရာကို အမြန်ဆုံးရွှေ့ပြောင်းရန် သတိပေးထားပြီး ကမ်းရိုးတန်းတွင်ဆူနာမီလှိုင်းလုံးကြီးများသည် အမြင့်ပေ ၅ မီတာအထိ ရောက်ရှိလာနိုင်ကြောင်း ကုန်းမြင့်များ နှင့် အဆာက်အဦးခေါင်မိုးများအပေါ်တွင် နေထိုင်ကြရန် ဒေသခံများကို ဂျပန် မိုးလေဝသဌာနက ပြောသည်။
ဂျပန်အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ယိုရှီမာဆာ ဟာယာရှီက ကမ်းရိုးတန်းဒေသတစ်လျှောက်တွင်နေထိုင်နေသူများကို ဆူနာမီ ဝင်ရောက်လာနိုင်ခြင်းကြောင့် ဘေးလွှတ်ရာကို ရွှေ့ပြောင်းရန် တိုက်တွန်းထားကြောင်း ပြောသည်။
၎င်းက "ဒေသခံတွေကို ဘေးကင်းရာနေရာကို ချက်ချင်းပြောင်းရွှေ့ဖို့ တိုက်တွန်းပါတယ်" ဟုပြောသည်။
ဆူနာမီလှိုင်းလုံးကြီးများသည် နီအီဂါတာဒေသ နှင့် ဂျပန်နိုင်ငံအနောက်ပိုင်းဒေသများတွင် အမြင့်ပေ ၁ဝ ပေ၊ အထိမြင့်တက်လာနိုင်ဖွယ်ရှိနေသလို ကမ်းရိုးတန်းများတွင်လည်းသေးငယ်သော ဆူနာမီလှိုင်းလုံးများ ထပ်မံဝင်ရောက်လာဖွယ်ရှိနေကြောင်း ဂျပန်အစိုးရက ပြောသည်။
ဂျပန်မိုးလေဝသဌာနက ပြင်းအား ၇ ဒသမ ၄ မဂ္ဂနီကျူအဆင့်ရှိငလျင်ကြီးလှုပ်ခတ်မှုအပြင် လာမည့် ရက်ပိုင်းတွင်လည်း အင်အားပြင်းငလျင်များ ထပ်မံလှုပ်ခတ်လာဖွယ်ရှိနေကြောင်း ထပ်မံသတိပေးထားသည်။ ဂျပန်နိုင်ငံတွင် အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ရုရှား နှင့် တောင်ကိုရီးယားနိုင်ငံတို့ကလည်း သတိပေးချက်များ ထပ်မံထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ငလျင်ကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုဒဏ်ကို ဂျပန်အစိုးရက အသေးစိတ်သတင်းထုတ်ပြန်ခြင်းမျိုးမရှိသေးကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စစ်တိုက်ပြီး နိုင်ငံတော်အရေးဖြေရှင်း၍မရဟု ကချင်အထူးဒေသ(၁)ဥက္ကဋ္ဌပြော
RELATED POSTS
02 Oct 2024 | နိုင်ငံရေး,ပြည်တွင်း
01 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
01 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
01 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ