Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တရုတ်နိုင်ငံနှင့်ဆက်ဆံရေးကို ပြည်သူများ၏ဆန္ဒဖြင့် ဆုံးဖြတ်ရမည်ဖြစ်ကြောင်း ထိုင်ဝမ်သမ္မတပြော

Pika (NSS) - ဇန်နဝါရီ ၁ 

တရုတ်နှင့် ထိုင်ဝမ်ဆက်ဆံရေးကို ပြည်သူများ၏ ဆန္ဒဖြင့် ဆုံးဖြတ်ရမည်ဖြစ်ပြီး ငြိမ်းချမ်းရေးသည် ဂုဏ်သိက္ခာ အပေါ် အခြေခံရမည်ဖြစ်ကြောင်း ထိုင်ဝမ်သမ္မတဆိုင်အမ်ဝမ်က ဇန်နဝါရီလ(၁)ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ 


တရုတ်နှင့် ထိုင်ဝမ်ကျွန်းပြန်လည်ပေါင်းစည်းမှုမှာ ရှောင်လွှဲလို့မရသည့်ကိစ္စတစ်ခုဖြစ်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင် က ပြောဆိုခဲ့ပြီးနောက် ဆိုင်အမ်ဝမ်၏ ပြောဆိုချက်များထွက်ပေါ်လာခြင်းဖြစ်သည်။ တရုတ်အစိုးရ သည် လာမည့်ဇန်နဝါရီလ(၁၃)ရက်တွင် သမ္မတရွေးကောက်ပွဲ နှင့် လွှတ်တော်ရွေးကောက်ပွဲများကျင်းပမည့် ထိုင်ဝမ်ကျွန်းမှာ ၎င်း၏ ပိုင်နက်နယ်မြေဖြစ်ကြောင်း အခိုင်အမာပြောဆိုထားပြီး စစ်ရေးအရ ဖိအားပေးမှုများကို ပိုမိုအရှိန်မြှင့်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ထိုင်ဝမ်ရေလက်ကြား၏ အခြားတစ်ဖက်တွင်ရှိသော ပြည်သူများမှာ တရုတ်ပြည်မကြီး၏ မိသားစုဝင်များ ဖြစ်ကြောင်း ရှီကျင့်ဖျင်ကပြောဆိုခဲ့သည်။ ထို့အပြင် ရှီကျင့်ဖျင်၏ မိန့်ခွန်းများနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် တောင်းဆိုမှုများကို ဆိုင်အမ်ဝမ်က ပြန်လည်တုံ့ပြန်ဖြေကြားခဲ့ကြောင်းလည်း သိရသည်။


တရုတ် နှင့် ထိုင်ဝမ်ကျွန်းကြားဆက်ဆံရေးတွင် လိုက်နာရမည့်အရေးအကြီးဆုံး အခြေခံသဘောတရားမှာ ဒီမိုကရေစီဖြစ်ကြောင်း ဆိုင်အမ်ဝမ် က ပြောဆိုခဲ့သည်။ ဆိုင်အမ်ဝမ် က "ထိုင်ဝမ်ပြည်သူတွေရဲ့ပူးတွဲဆန္ဒတွေကို ခံယူပြီး ဆုံးဖြတ်ချက်တွေချရမှာပါ။ ကျွန်မတို့နိုင်ငံဟာ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံပါ။ ထိုင်ဝမ်ကျွန်းရဲ့ ရွေးကောက်ပွဲ ရလဒ်တွေကို တရုတ်နိုင်ငံက လေးစားသင့်ပါတယ်။ ပြီးတော့ ရေလက်ကြားအတွင်းမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့က နှစ်ဖက်လုံးမှာ တာဝန်ရှိပါတယ်" ဟု ပြောခဲ့သည်။

တရုတ်အစိုးရသည် ဆိုင်အမ်ဝမ်ကို ခွဲထွက်ရေးသမားဟု သတ်မှတ်ထားပြီး ၎င်း၏ ပြောဆိုကမ်းလှမ်းချက်အများ အပြားကို ပယ်ချခဲ့သည်။ ထို့အပြင် တရုတ်အစိုးရသည် သတင်းအတုများ၊ စစ်ရေး နှင့် ကုန်သွယ်ရေးဖိအားတို့ဖြင့် ထိုင်ဝမ်ရွေးကောက်ပွဲကို ဝင်ရောက်စွက်ဖက်ရန်ကြိုးပမ်းနေကြောင်း ထိုင်ဝမ်အစိုးရက အကြိမ်ကြိမ် သတိပေးပြော ဆိုခဲ့သည်။

ထိုင်ဝမ်ပြည်သူများအနေဖြင့် အဆိုပါသတိပေးချက်များကို သတိထားနိုင်မည်ဟု မျှော်လင့်ကြောင်း ဆိုင်အမ်ဝမ် က ပြောကြားခဲ့သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဂျပန်နိုင်ငံတွင် ပြင်းအား ၇ ဒသမ ၄ မဂ္ဂနီကျူအဆင့်ရှိ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ကမ်းရိုးတန်းဒေသများကို ဆူနာမီသတိပေးချက်များ ထုတ်ပြန်

RECENT POSTS
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေမြင့်တက်လာမှုနဲ့အတူ အီရန်က အစ္စရေးကို ဒုံးကျည်အစင်းရေ(၂ဝဝ)ကျော်နဲ့ပစ်ခတ်တိုက်ခိုက်
02 Oct 2024
ထိုင်းအစွန်းရောက်လူနည်းစုက ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေကြသော ရွှေ့ပြောင်းလုပ်သားများကို ပစ်မှတ်ထားစီးပွားရေးပိတ်ပင်ရန် ကြိုးပမ်းလာခြင်းကြောင့် မြန်မာများ သတိထားနေထိုင်ရန် လိုအပ်လာ
02 Oct 2024
ပအိုဝ်းနယ်မြေအထူးဒေသ (၆)အတွင်း ဝင်ရောက်နေထိုင်သည့် KNDF ပူးပေါင်းအဖွဲ့များကို တိုက်ထုတ်သွားမည်ဟု PNA ဆို
02 Oct 2024
အကြမ်းဖက်အဖွဲ့များ ထိန်းချုပ်ရာဒေသများကို လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာဖွယ်ရှိ၍ ဒေသခံပြည်သူများက သတိပြုရှောင်ရှားရန် လိုအပ်
02 Oct 2024
တိုက်ပွဲများကြောင့် သွင်းကုန်များအပေါ် ရိုက်ခတ်မှုများရှိနေရာ ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ ပိုအထိနာနေ
02 Oct 2024
မြန်မာနိုင်ငံတွင် အလုပ်လုပ်ရန်အကောင်းဆုံးကုမ္ပဏီအဖြစ် MAI မှ BCIM ဆုရရှိ
02 Oct 2024
တောင်ကိုရီးယားရုပ်ရှင်မင်းသမီး Park Ji-ah ဦးနှောက်သွေးကြောပေါက်ကာ ကွယ်လွန်
01 Oct 2024
သေမင်းတံခါးဝမှအပြန် (ဆောင်းပါး)
01 Oct 2024
နျူကလီးယားလက်နက်တွေအသုံးပြုခဲ့မယ်ဆိုရင် မြောက်ကိုရီးယားအစိုးရ အဆုံးသတ်သွားမယ်လို့ တောင်ကိုရီးယားအစိုးရသတိပေး
01 Oct 2024
အစ္စရေးက လက်ဘနွန်နိုင်ငံတွင်းကို မြေပြင်ထိုးစစ်ဆင်မှုတွေစတင်လုပ်ဆောင်
01 Oct 2024
အရက်တင်သွင်းခွင့်ပိတ်မည်ဆိုသော AA ၏အမိန့်သည် ဒေသတွင်း နေထိုင်သူများအတွက် အရည်အသွေးနိမ့်အရက်များ သောက်သုံးကာ သက်တမ်းတိုစေခြင်းသာ ဖြစ်လိမ့်မည်ဟု ဆို
01 Oct 2024
အကြမ်းဖက်သတ်ဖြတ်ခံရသူ (၈၀ဝဝ)ကျော်အထိရှိလာပြီး သတ်ဖြတ်မှုများ ပိုဖြစ်ပွားလာနိုင်ဟု သုံးသပ်မှုများရှိနေ
01 Oct 2024
နျူကလီးယားလက်နက်မူဝါဒဆိုင်ရာပြောင်းလဲမှုက အနောက်အုပ်စုကိုသတိပေးသည့်အချက်ပြ မှုတစ်ခုဖြစ်ကြောင်း ရုရှားအစိုးရပြော
01 Oct 2024
ပြောင်းလဲလာသည့် ရာသီဥတုဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံအနေဖြင့် ပြည်ပဆန်တင်ပို့မှုကို ချင့်ချိန်ရမည့် အနေအထားရှိနေဟု MRF ဥက္ကဋ္ဌဆို
01 Oct 2024
ခင်ပွန်းဖြစ်သူနှင့် ကွာရှင်းပြတ်စဲလိုက်ပြီဖြစ်တဲ့ တောင်ကိုရီးယားနာမည် ကျော် ရုပ်ရှင်မင်းသမီး ကလောက်ဒီးယားကင်မ်
01 Oct 2024
အမေရိကန်ရွေးကောက်ပွဲအပြီးတွင် မြောက်ကိုရီးယားက နျူကလီးယား စမ်းသပ်မှု လုပ်ဆောင်နိုင်ဖွယ်ရှိနေ
01 Oct 2024
ယူကရိန်းစစ်ပွဲကို ဖြေရှင်းနိုင်ရန် တရုတ်၊ ဘရာဇီး ဦးဆောင်မည့် ငြိမ်းချမ်းရေးမိတ်ဖက်နိုင်ငံများအဖွဲ့ ဖွဲ့စည်းမည်
01 Oct 2024
MNDAA ထိန်းချုပ်ရာ လောက်ကိုင်မြို့မှ ဒေသခံတိမ်းရှောင်မှု ပမာဏများပြားလာပြီး မြို့၏စီးပွားရေးလည်း ကျဆင်းနေ
01 Oct 2024
ကမ္ဘာ့သမိုင်းတစ်လျှောက် အဆိုးရွားဆုံးနယ်စပ်အကျပ်အတည်းကို အမေရိကန်တို့ ကြုံတွေ့နေရကြောင်း ဒေါ်နယ်ထရမ့်ဝေဖန်
01 Oct 2024
ကြည့်မြင်တိုင်မြို့နယ်တွင် ရေဘေးအလှူပစ္စည်းများအတွင်း ဗုံးထည့်ဖောက်ခွဲသည့်အတွက် အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရ
30 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved