ပြည်သူ့ရင်ပြင်၌ ကျင်းပမည့် New Year Countdown ပွဲသို့လာရောက်သူ များအတွက် YBS ယာဉ်များကို ည(၁၂)နာရီအထိ ပြေးဆွဲသွားမည်ဟုဆို
စော (NSS) - ဒီဇင်ဘာ ၃၀
ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်၌ ကျင်းပမည့် New Year Countdown ပွဲကို လာရောက်သူများ အပြန်အဆင်ပြေစေရေးအတွက် YBS ယာဉ်များကို ည (၁၂)နာရီအထိ ပြေးဆွဲသွားမည်ဖြစ်ကြောင်း YRTC ထံမှ သည်။
YRTC မှတွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ယနေ့(ဒီဇင်ဘာလ ၃၀ ရက်)တွင် YRTC ရုံးချုပ်၌ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
2024 Yangon New Year Countdown ပွဲတော်ကို မနက်ဖြန် (ဒီဇင်ဘာ လ ၃၁ ရက်)၊ ညနေ (၆)နာရီမှစတင်၍ ကျင်းပသွားမည်ဖြစ်ပြီး ၎င်းပွဲတော်သို့ လာရောက်ဆင်နွှဲကြသူများ အပြန်ခရီးစဉ်အဆင်ပြေစေရေးအတွက် YBS ယာဉ်လိုင်း (၇)လိုင်း ပြေးဆွဲပေးရန် စီစဉ်ထားကြောင်း သိရသည်။
“ပြည်သူ့ရင်ပြင်ကို လာရောက်တဲ့ပြည်သူတွေ အပြန်ခရီးအဆင်ပြေအောင် ကျွန်တော်တို့အနေနဲ့ YBS ယာဉ်တွေ စီစဉ်ဆောင်ရွက်ထားပါတယ်။ Mini Bus ယာဉ်တွေကိုလည်း လိုအပ်သလို အသုံးပြုလို့အောင် အရန်သင့်ထားသွားမှာ ဖြစ်ပါတယ်”ဟု YRTC မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပြောသည်။
အဆိုပါ 2024 Yangon New Year Countdown ပွဲတော်တွင် နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင်များ၊ အဆိုတော်များ၊ DJ ပညာရှင်များ၊ အကအဖွဲ့များနှင့် မျိုးဆက်သစ်တေးသံရှင်များစွာတို့က ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ပြီး မီးရှူးမီးပန်းပစ်ဖောက်ခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
၎င်းပွဲတော်သို့ လာရောက်သူများအတွက် ယာဉ်လိုင်း (၇)လိုင်းဖြစ်သည့် YBS (21) ၊ YBS (61) ၊ YBS (37) ၊ YBS (115) ၊ YBS (62) ၊ YBS (7) နှင့် YBS (8)တို့ကို မနက်ဖြန် (ဒီဇင်ဘာလ ၃၁ ရက်)၊ ည (၉)နာရီမှ ည (၁၂)နာရီအထိ ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ ဦးစီးကျင်းပတဲ့ ဒီလိုမျိုး နှစ်သစ်ကူးပွဲတော်မှာ လာရောက်တဲ့ပြည်သူတွေ အပြန်ခရီး အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ထားတဲ့အတွက်ကြောင့် ပြည်သူတွေလာရောက်ပြီးတော့ ပျော်ပျော်ရွှင်ရွှင်နဲ့ လာရောက်ဆင်နွှဲကြဖို့ ဖိတ်ခေါ်ပါတယ်”ဟု ၎င်းက တိုက်တွန်းထားသည်။
အလားတူ (၇၆)ကြိမ်မြောက် လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲအခမ်းအနားကိုလည်း နှစ်သစ်ကူးပွဲတော်အတိုင်း ယာဉ်လိုင်းများကို စီစဉ်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂၀၂၃ ခုနှစ်အတွင်း ရုရှား၏လေကြောင်းပျံသန်းမှုများကို သတိပေးသည့်အနေဖြင့် တိုက်လေယာဉ်များကို အကြိမ်(၃၀၀)ကျော် ဝေဟင်သို့စေလွှတ်ခဲ့ရကြောင်း နေတိုးအဖွဲ့ပြော
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း