Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နိုင်ငံရေးပါတီများအနေဖြင့် ယခုမတ်လ (၂၈)ရက် နောက်ဆုံးထားကာ မှတ်ပုံတင်လျှောက်ထားရမည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းဆို

မျိုးကြီး (NP News) - မတ် ၁၅


နိုင်ငံရေးပါတီများအနေဖြင့် ယခုမတ်လ ၂၈ ရက် နောက်ဆုံးထားကာ မှတ်ပုံတင်လျှောက်ထားရမည်ဖြစ်ကြောင်း နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။


နစကပြောခွင့်ရက ယနေ့ (မတ်လ ၁၅ ရက်)တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်လျှောက်ထားခြင်းနှင့်ပတ်သက်၍ မီဒီယာများကို အထက်ပါကဲ့သို့ အသိပေးပြောဆိုထားခြင်းဖြစ်သည်။


နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်းပြီးနောက် နိုင်ငံရေးပါတီများအနေဖြင့် ရက်ပေါင်း(၆ဝ)အတွင်း ရွေးကောက်ပွဲကော်မရှင်သို့ ဥပဒေနှင့်အညီ ပါတီမှတ်ပုံတင်ခွင့် ပြန်လည်လျှောက်ထားရမည်ဖြစ်သည်။


ထိုသို့ ရက်ပေါင်း (၆ဝ) အတွင်း ဥပဒေ၊ နည်းဥပဒေနှင့်အညီ မှတ်ပုံတင်ခြင်းမရှိသည့် ပါတီများအနေဖြင့် နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက် ဖျက်သိမ်းခံရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်ဟု နစကပြောခွင့်ရက ပြောသည်။


နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများအရ ရက်ပေါင်း(၆ဝ)ပြည့်မည့် ရက်သည် မတ်လ ၂၆ ရက်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။


သို့သော် မတ်လ ၂၅ ရက်၊ ၂၆ ရက်နှင့် ၂၇ ရက်နေ့တို့သည် ရုံးပိတ်ရက်များဖြစ်သည့်အတွက် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေ ပုဒ်မ ၂၉ အရ ပါတီများအနေဖြင့် မှတ်ပုံတင်ခွင့်နောက်ဆုံးလျှောက် ထားရမည့်ရက်သည် မတ်လ ၂၈ ရက်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။


“နည်းဥပဒေပုဒ်မ ၂၉ မှာက နည်းဥပဒေအရ ဆောင်ရွက်ရန် နောက်ဆုံးနေ့အဖြစ် သတ်မှတ်ထားတဲ့ နေ့ရက်က အများပြည်သူရုံးပိတ်ရက်ဖြစ်တယ်။ ရုံးပြန်ဖွင့်သည့်နေ့ရက်မှာ အဲဒီကိစ္စကို နောက်ဆုံးနေ့အဖြစ် ဆောင်ရွက်ခွင့်ရှိသည်လို့ပါတာဖြစ်တဲ့အတွက် ဆက်လက်တည်ထောင်လိုတဲ့ နိုင်ငံရေးပါတီများဟာ ရက်ပေါင်း (၆ဝ)အတွင်း ကော်မရှင်ကို ပါတီမှတ်ပုံတင်ခွင့် ပြန်လည်လျှောက်ထားရမယ်ဆိုတာ (၂၈)ရက်နောက်ဆုံးဖြစ်ပါမယ်။ ဒါက ဥပဒေအရ ပြဋ္ဌာန်းပြီးဖြစ်ပါတယ်။ ပါတီကြီးငယ် မည်သည့်ပါတီမဆို ဒီပြဋ္ဌာန်းချက်အတိုင်းပဲ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒီပြဋ္ဌာန်းချက်အတိုင်းပဲ ရွေးကောက်ပွဲကော်မရှင်က ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ပဲ ပြောချင်ပါတယ်” ဟု နစကပြောခွင့်ရက ဆိုသည်။


လက်ရှိတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၌ မှတ်ပုံတင်ပြန်လည်လျှောက်ထားသည့် ပါတီမှာ (၂၃)ပါတီအထိရှိလာပြီဖြစ်ကြောင်း ကော်မရှင်က အသိပေးထုတ်ပြန်ထားသည်။


အဆိုပါ ပါတီ(၂၃)ပါတီအနက် ပြည်ထောင်စုတစ်ဝန်းလုံးအား စည်းရုံးမည့် နိုင်ငံရေးပါတီသည် (၅)ပါတီ ရှိကြောင်းလည်း ကော်မရှင်ဘက်က ထုတ်ဖော်ပြောဆိုထားသည်။

zawgyi version

ႏိုင္ငံေရးပါတီမ်ားအေနျဖင့္ ယခုမတ္လ (၂၈)ရက္ ေနာက္ဆုံးထားကာ မွတ္ပုံတင္ေလွ်ာက္ထားရမည္ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းဆို


မ်ိဳးႀကီး (NP News) - မတ္ ၁၅


ႏိုင္ငံေရးပါတီမ်ားအေနျဖင့္ ယခုမတ္လ ၂၈ ရက္ ေနာက္ဆုံးထားကာ မွတ္ပုံတင္ေလွ်ာက္ထားရမည္ျဖစ္ေၾကာင္း နစကေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။


နစကေျပာခြင့္ရက ယေန႔ (မတ္လ ၁၅ ရက္)တြင္ ႏိုင္ငံေရးပါတီမ်ား မွတ္ပုံတင္ေလွ်ာက္ထားျခင္းႏွင့္ပတ္သက္၍ မီဒီယာမ်ားကို အထက္ပါကဲ့သို႔ အသိေပးေျပာဆိုထားျခင္းျဖစ္သည္။


ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းဥပေဒ၊ နည္းဥပေဒမ်ား ျပ႒ာန္းၿပီးေနာက္ ႏိုင္ငံေရးပါတီမ်ားအေနျဖင့္ ရက္ေပါင္း(၆ဝ)အတြင္း ေ႐ြးေကာက္ပြဲေကာ္မရွင္သို႔ ဥပေဒႏွင့္အညီ ပါတီမွတ္ပုံတင္ခြင့္ ျပန္လည္ေလွ်ာက္ထားရမည္ျဖစ္သည္။


ထိုသို႔ ရက္ေပါင္း (၆ဝ) အတြင္း ဥပေဒ၊ နည္းဥပေဒႏွင့္အညီ မွတ္ပုံတင္ျခင္းမရွိသည့္ ပါတီမ်ားအေနျဖင့္ ႏိုင္ငံေရးပါတီအျဖစ္မွ အလိုအေလ်ာက္ ဖ်က္သိမ္းခံရမည္ျဖစ္ေၾကာင္း ျပ႒ာန္းထားသည္ဟု နစကေျပာခြင့္ရက ေျပာသည္။


ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းဥပေဒ၊ နည္းဥပေဒမ်ားအရ ရက္ေပါင္း(၆ဝ)ျပည့္မည့္ ရက္သည္ မတ္လ ၂၆ ရက္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။


သို႔ေသာ္ မတ္လ ၂၅ ရက္၊ ၂၆ ရက္ႏွင့္ ၂၇ ရက္ေန႔တို႔သည္ ႐ုံးပိတ္ရက္မ်ားျဖစ္သည့္အတြက္ ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းနည္းဥပေဒ ပုဒ္မ ၂၉ အရ ပါတီမ်ားအေနျဖင့္ မွတ္ပုံတင္ခြင့္ေနာက္ဆုံးေလွ်ာက္ ထားရမည့္ရက္သည္ မတ္လ ၂၈ ရက္ျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာသည္။


“နည္းဥပေဒပုဒ္မ ၂၉ မွာက နည္းဥပေဒအရ ေဆာင္႐ြက္ရန္ ေနာက္ဆုံးေန႔အျဖစ္ သတ္မွတ္ထားတဲ့ ေန႔ရက္က အမ်ားျပည္သူ႐ုံးပိတ္ရက္ျဖစ္တယ္။ ႐ုံးျပန္ဖြင့္သည့္ေန႔ရက္မွာ အဲဒီကိစၥကို ေနာက္ဆုံးေန႔အျဖစ္ ေဆာင္႐ြက္ခြင့္ရွိသည္လို႔ပါတာျဖစ္တဲ့အတြက္ ဆက္လက္တည္ေထာင္လိုတဲ့ ႏိုင္ငံေရးပါတီမ်ားဟာ ရက္ေပါင္း (၆ဝ)အတြင္း ေကာ္မရွင္ကို ပါတီမွတ္ပုံတင္ခြင့္ ျပန္လည္ေလွ်ာက္ထားရမယ္ဆိုတာ (၂၈)ရက္ေနာက္ဆုံးျဖစ္ပါမယ္။ ဒါက ဥပေဒအရ ျပ႒ာန္းၿပီးျဖစ္ပါတယ္။ ပါတီႀကီးငယ္ မည္သည့္ပါတီမဆို ဒီျပ႒ာန္းခ်က္အတိုင္းပဲ ေဆာင္႐ြက္သြားမွာျဖစ္ပါတယ္။ ဒီျပ႒ာန္းခ်က္အတိုင္းပဲ ေ႐ြးေကာက္ပြဲေကာ္မရွင္က ဆက္လက္ေဆာင္႐ြက္သြားမွာျဖစ္တယ္လို႔ပဲ ေျပာခ်င္ပါတယ္” ဟု နစကေျပာခြင့္ရက ဆိုသည္။


လက္ရွိတြင္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္၌ မွတ္ပုံတင္ျပန္လည္ေလွ်ာက္ထားသည့္ ပါတီမွာ (၂၃)ပါတီအထိရွိလာၿပီျဖစ္ေၾကာင္း ေကာ္မရွင္က အသိေပးထုတ္ျပန္ထားသည္။


အဆိုပါ ပါတီ(၂၃)ပါတီအနက္ ျပည္ေထာင္စုတစ္ဝန္းလုံးအား စည္း႐ုံးမည့္ ႏိုင္ငံေရးပါတီသည္ (၅)ပါတီ ရွိေၾကာင္းလည္း ေကာ္မရွင္ဘက္က ထုတ္ေဖာ္ေျပာဆိုထားသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မော်လမြိုင်သို့ ဆေးခန်းပြရန်လာသောကားတစ်စီး လက်နက်ငယ်များဖြင့်ပစ်ခတ်ခံရကာ (၁)ဦးသေဆုံးခဲ့ပြီး (၈)နှစ်အရွယ်ကလေးငယ်ဒဏ်ရာရ

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved