Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ခရီးသွားဝင်ရောက်မှုနည်းပါးခြင်းကြောင့် ခရီးသွားကုမ္ပဏီ (၈၀)ရာခိုင်နှုန်းခန့် ရပ်တန့်နေလျက်ရှိပြီး ပြန်လည်လည်ပတ်နိုင်ခြင်းမရှိသေးဟုဆို

ယွန်း (NSS) - ဒီဇင်ဘာ ၂၃

ကိုဗစ်(၁၉)‌ရောဂါ အပါအဝင် နိုင်ငံရေးအပြောင်းအလဲများကြောင့် ခရီးသွားဝင်ရောက်မှုနည်းပါးလျက်ရှိရာ ခရီးသွားကုမ္ပဏီ(၈၀)ရာခိုင်နှုန်းခန့် ရပ်တန့်နေရပြီး ပြန်လည်လည်ပတ်နိုင်ခြင်းမရှိသေးကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။


ပြည်တွင်း၌ ကိုဗစ်(၁၉)ရောဂါ စတင်ဖြစ်ပွားခဲ့သည့် ၂၀၁၉ ခုနှစ်မှစ၍ ပြည်ပခရီးသွားဝင်ရောက်မှု အပါအဝင် ပြည်တွင်းခရီးသွားလည်ပတ်မှုများ သိသာစွာ ကျဆင်းခဲ့ပြီး လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအပြောင်းအလဲများကြောင့်လည်း ခရီးသွားဝင်ရောက်မှုမှာ လျော့နည်းနေဆဲဖြစ်ကြောင်း သိရသည်။

“ပြည်ပကနေဝင်လာတဲ့ နိုင်ငံခြားခရီးသွားတွေကို ပြည်တွင်းမှာလှည့်လည်ပြသပေးတဲ့လုပ်ငန်းတွေကို အဓိကထားပြီးလုပ်တဲ့ ကုမ္ပဏီကြီးတွေရော၊ ကုမ္ပဏီသေးတွေရော အကုန်လုံး(၈၀) ရာခိုင်နှုန်းလောက် ရပ်တန့်နေတုန်းပဲ။ လည်ပတ်နိုင်ခြင်းလုံးဝမရှိသေးပါဘူး။ ကိုဗစ်စဖြစ်ထဲက လုပ်ငန်းတွေ ရပ်တန့်နေရတာပေါ့။ ကိုဗစ်ဖြစ်ပြီးတော့လည်း နိုင်ငံရေး အပြောင်းအလဲတွေဖြစ်လာတဲ့အတွက်ကြောင့် နိုင်ငံတကာ ပိတ်ဆို့မှုတွေလည်းရှိနေသေးတယ်။ ခရီးသွားတွေ မလာသေးတော့ နိုင်ငံတွေရဲ့ ဈေး ကွက်တွေကို အဓိကထား ဆောင်ရွက်နေရတဲ့ ခရီးသွားကုမ္ပဏီတွေအနေနဲ့ လုပ်ငန်းလည်ပတ်နိုင်ခြင်းလည်း မရှိသေးဘူး။ လုံးဝရပ်တန့်ထားရတဲ့ အခြေအနေတွေဖြစ်နေပါတယ်” ဟု မြန်မာ နိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က NP News ကို ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံ နှင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံ အပါအဝင် လာအို နှင့် ကမ္ဘောဒီးယားနိုင်ငံတို့၌ ခရီးသွားဝင်ရောက်မှုမြင့်တက်နေသော်လည်း  နိုင်ငံရေးပြဿနာများရှိနေသည့် မြန်မာနိုင်ငံအနေဖြင့် ခရီးသွားဝင်ရောက်မှုနည်းပါးလျက်ရှိကြောင်း ၎င်းက ပြောသည်။

ထိုသို့ ခရီးသွားဝင်ရောက်မှုနည်းပါးခြင်းကြောင့် ခရီးသွားလုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီ(၂၀)ရာခိုင်နှုန်းခန့်သာ လုပ်ငန်းလည်ပတ်နေလျက်ရှိကြောင်း သိရသည်။

“(၁၀)ရာခိုင်နှုန်းကနေ (၂၀) ရာခိုင်နှုန်းထိကတော့ ပြည်ပခရီးစဥ်တွေစီစဥ်ပေးတယ်။ ပြည်တွင်းခရီးစဥ်တွေရောင်းတယ်။ ပြီးရင် လေယာဥ်လက်မှတ်ရောင်းတဲ့အပေါ်မှာ ပြန်ပြီးတော့ မှီခိုထားရတာပေါ့။ အဲဒီလိုနဲ့ပဲမှီခိုပြီးတော့ ဆောင်ရွက်နေရတာများပါတယ်။ တချို့ဆိုရင်ဝန်ထမ်းတွေ လျှော့ချရတာတွေ၊ ရပ်နားရတာတွေများပါတယ်။ တချို့ဆိုရင် လက်ရှိခရီးသွားလုပ်ငန်းကို ခတ္တရပ်နားထားပြီးတော့ အာမခံလုပ်ငန်းမျိုးတွေကို ပူးတွဲလုပ်နေရတာတွေရှိပါတယ်”ဟု ဦးနောင်းနောင်းဟန်က ဆက်လက်ပြော သည်။

သို့သော် လက်ရှိခရီးသွားရာသီ၌ ပြည်ပခရီးသွားဝင်ရောက်မှုသည် ယခင်နှစ်(၂၀၂၂)နှင့်နှိုင်းယှဥ်လျှင် အနည်းငယ်ပြန်လည်တိုးတက်လာပြီး မန္တလေး၊ ပုဂံ၊ အင်းလေး၊ ကျိုက်ထီးရိုး အစရှိသောဒေသများကို လည်ပတ်မှုများကြောင်း သိရသည်။

ပြည်တွင်းရှိ စစ်ကိုင်း၊ မကွေး၊ ကချင် နှင့် ကရင်တို့တွင် သွား ရောက်လည်ပတ်စရာနေရာများရှိသော်လည်း နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ပြည်ပခရီးသွားအပြင် ပြည်တွင်းခရီးသွားလာရောက်လည်ပတ်မှု နည်းပါးလျက်ရှိကြောင်း သိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရုရှား၏ Su-34 ဗုံးကြဲလေယာဉ်(၃)စင်းကို အောင်မြင်စွာပစ်ချနိုင်ခဲ့ကြောင်း ယူကရိန်းသမ္မတ ထုတ်ဖော်ပြောဆို

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved