Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရွေးကောက်ပွဲကျဉ်းပစဉ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ အာရပ်နွေဦးပုံစံ လှုပ်ရှားမှုပေါ်ပေါက်လာစေရန် အမေရိကန်ဖန်တီးနေဟု ရုရှားစွပ်စွဲ

Htay Oung (NSS) - ဒီဇင်ဘာ ၁၉ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ လာမယ့် ဇန်နဝါရီလ ရွေးကောက်ပွဲ တရားဝင် စတင်စဉ် ပြည်တွင်းရေး အခြေအနေများ မတည်မငြိမ်ဖြစ်ပွားအောင် အမေရိကန်က စီစဉ်နေကြောင်း ရုရှားက စွပ်စွဲလိုက်တယ်လို့ ဒါကာ အခြေစိုက် Dhaka Tribune က ဒီဇင်ဘာလ ၁၇ ရက်က ရေးသားခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်ပြည်သူတွေရဲ့ဆန္ဒကို အမေရိကန်က မကျေနပ်ဖူးဆိုရင် တောင်အာရှနိုင်ငံအတွင်း ပိုမို မတည်မငြိမ်ဖြစ်စေဖို့ အာရပ်နွေဦးပုံစံမျိုးဖြစ်ပေါ်လာအောင် ကြိုးစားလာနိုင်စရာရှိတယ်လို့ ရုရှားနိုင်ငံ ရေးဝန်ကြီးဌာန ပြောခွင့်ရ အမျိုးသမီး ဇက်ကရိုဗာက စနေနေ့မှာ မှတ်ချက်ပေးခဲ့ပါတယ်။


အာရပ်နွေဦးလို့ ဆိုရာမှာ ပထမနဲ့ ဒုတိယရယ်လို့ နှစ်ခုရှိပါတယ်။ ပထမ အာရပ်နွေဦးဟာ အရှေ့ အလယ်ပိုင်းအာရပ်ကမ္ဘာအတွင်း အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများ၊ ဆူပူအုံကြွမှုများနဲ့ လက်နက်ကိုင် ပုန်ကန်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။ ၂ဝ၁ဝ ပြည့်နှစ်စောစောပိုင်း တူနီးရှားနိုင်ငံအတွင်း အကျင့် ပျက်ခြစားမှုနဲ့ စီးပွားရေးတုံ့ဆိုင်းမှုကို မကျေနပ်တဲ့ဆန္ဒပြမှုများနဲ့ စတင်ခဲ့ပါတယ်။ ဒေသအတွင်း လစ်ဗျား၊ အီဂျစ်၊ ယီမင်၊ ဆီးရီးယားနဲ့ ဘာရိန်းသို့တိုင် ပျံ့နှံ့သွားခဲ့ပြီး အစိုးရအဖွဲ့များ ပြုတ်ကျခြင်း၊ အဓိကရုဏ်းများ ဖြစ်ပွားခြင်း အပါအဝင်  ပြည်တွင်းစစ် (သို့မဟုတ်) လက်နက်ကိုင်သောင်းကျန်းကြတဲ့အထိ ပဋိပက္ခများ ကျယ်ပြန့်သွားခဲ့ပါတယ်။ အလားတူ မော်ရိုကို၊ အီရတ်၊ အယ်လ်ဂျီးရီးယား၊ လက်ဘနွန်၊ ဂျော်ဒန်၊ ကူဝိတ်၊ အိုမန်နှင့် ဆူဒန်တို့မှာ လမ်းပေါ်ဆန္ဒပြပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး အာရပ်နွေဦးလှုပ်ရှားမှုရဲ့ကြွေးကြော် သံက “အာဏာရှင်အစိုးရ ဖယ်ရှားရေး” ဖြစ်ပါတယ်။ 


ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်မှ  ၁၃ ရက်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်မြေအတော်များများမှာ လက်ရှိ အစိုးရကိုဆန့်ကျင်သူတွေက လမ်းများကို ပိတ်ဆို့ပြီး ဘတ်စ်ကားတွေကို မီးတင်ရှိုခဲ့ကြတဲ့အတွက် ရဲတပ်ဖွဲ့တွေနဲ့ ထိပ်တိုက် တွေ့ခဲ့ကြောင်း၊  အဲဒီဖြစ်ရပ်တွေနဲ့ ဒါကာအခြေစိုက် အနောက်နိုင်ငံသံရုံးတို့ရဲ့ သွေးထိုးလှုံ့ဆော်တို့အကြား တိုက်ရိုက်ဆက်နွယ်နေတာကို တွေ့မြင်နေရကြောင်း၊ အထူးသဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ပီတာဟာ့စ်ရဲ့တောင်အာရှနိုင်ငံပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်မှုများကို ယခင်သတင်းစာရှင်းလင်းပွဲမှာ ဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း၊ လာမယ့် ရက်သတ္တပတ်များအတွင်း အနောက်နိုင်ငံများက ဒဏ်ခတ်ပိတ်ဆို့မှုများ အပါအဝင် မလိုလားအပ်တဲ့ အရေးယူမှုများကို လက်နက်သဖွယ်အသုံးပြုပြီး ဘင်္ဂလားဒေ့ရှ်အစိုးရအပေါ် ပိုမိုကျယ်ပြန့်စွာ ဖိအားပေး လာဖွယ်အကြောင်းရင်းများ ရှိနေကြောင်း၊ လာမယ့် ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလ ၇ ရက် ပါလီမန် ရွေးကောက်ပွဲမှာ နိုင်ငံသားတွေရဲ့ဒီမိုကရေစီဆန္ဒကို အနှောင့်အယှက်ပေးရအောင် အရေးပါတဲ့ အဖွဲ့ အစည်းတွေဟာ တိုက်ခိုက်ခံရနိုင်ပြီး အရာရှိအများအပြားဟာ အထောက်အထားမရှိဘဲ စွပ်စွဲခံရနိုင် ကြောင်း၊ ကံအကြောင်းမလှတာကတော့ ဝါရှင်တန်ဟာ သူတို့ရဲ့မှားယွင်းတဲ့လုပ်ရပ်တွေကို သဘောပေါက်ပြီး အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံရဲ့ပြည်တွင်းရေးမှာ နောက် ထပ်ဝင်ရောက် စွက်ဖက်ခြင်းမှ ရှောင်ကြဉ်ရန် အခွင့်အလမ်းနည်းပါးခြင်းပဲဖြစ်ကြောင်း၊  “ဒါပေမဲ့ ပြင်ပအင်အားစုတွေက စက်ပုန်းခုတ်မှုတွေ အားလုံးသုံးပေမယ့်  ဘင်္ဂလားဒေ့ရှ်ရဲ့အချုပ်အခြာအာဏာအရေးကိစ္စဟာ အဲဒီနိုင်ငံရဲ့ ချစ်ကြည်ရင်းနှီးသူတွေကလွဲရင် တခြားဘယ်သူကမှ ဆုံးဖြတ်မှာ မဟုတ်ဘူးလို့ ယုံကြည်ကြောင်း ရုရှား နိုင်ငံရေးဝန်ကြီးဌာန ပြောခွင့်ရ အမျိုးသမီး ဇက်ကရိုဗာရဲ့သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


၂ဝ၂၄ ခုနှစ် ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲကော်မရှင်ရဲ့အစီအစဉ်အရ ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလ ၇ ရက်မှာ  အထွေထွေရွေးကောက်ပွဲကို စတင်ကျင်းပဖို့ စီစဉ်ထားပါတယ်။ သက်တမ်း ၅ နှစ်ရှိပြီး အမတ်ဦးရေ ၃၅ဝ ပါရှိတဲ့ ဂျတ်တီယာဆန်ဂတ် (ခေါ်) ပါလီမန်မှာ မဲဆန္ဒနယ် ၃ဝဝ တို့က ကိုယ်စားလှယ်လောင်းများက တိုက်ရိုက်မဲပေးခြင်းစနစ်အရ ပါဝင်ယှဉ်ပြိုင်ကြပါလိမ့်မယ်။ အမျိုးသမီးများအတွက် သီးသန့်အမတ်ဦးရေ ၅ဝ ရှိပါတယ်။

အထွေထွေရွေးကောက်ပွဲကျင်းပဖို့  ရက်သတ္တနှစ်ပတ်ကျော်သော် လိုတော့ပေမယ့် ဘယ်လိုရွေးကောက်ပွဲ မျိုး ဖြစ်လာမယ်ဆိုတာ ရှုပ်ထွေးမှုမရှိသလို ရွေးကောက်ပွဲရလဒ် ဘယ်လိုထွက်ပေါ်လာမယ်ဆိုတာ မသေချာမရေရာပဲ ရှိနေပါတယ်။ အမည်စာရင်းတင်သွင်းဖို့ နောက်ဆုံးရက် ကျော်လွန်သွားချိန်မှာ နိုင်ငံရေးပါတီ ၂၉ ခု တို့က ပူးပေါင်းရန် ဆုံးဖြတ်ခဲ့ပါတယ်။ အဓိက အတိုက်အခံပါတီဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ (BNP) အပါအဝင် အခြားတရားဝင် မှတ်ပုံတင်ထားတဲ့  နိုင်ငံရေးပါတီ ၁၅ ပါတီက ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပါတယ်။

ရွေးကောက်ပွဲကို လက်ရှိအစီအစဉ်အတိုင်းသာ ဆက်လက်အကောင်အထည်ဖော်ခဲ့ရင် လက်ရှိအာဏာရ အဝါမီလိဂ်နဲ့ မှတ်ပုံတင် ၂၉ ပါတီသာ အနိုင်ရရှိပါတယ်။ ရှိတ်ဟာစီနာအနေနဲ့ ၁၉၉၆-၂ဝဝ၁ ခုနှစ် တစ်ကြိမ်ကို နှုတ်ဖယ်ပြီး ၂ဝဝ၈၊ ၂ဝ၁၄၊ ၂ဝ၁၈ ခုနှစ်များ ဆက်တိုက်အပါအ၀င် စတုတ္ထအကြိမ် ဝန်ကြီးချုပ်ဖြစ် လာပါလိမ့်မယ်။ “အာရှတိုက်_သံမဏိမယ်” အဖြစ် ရှိတ်ဟာစီနာက အောင်ပွဲခံနိုင်ခြင်း ဟာ သူ့ရဲ့စီးပွားရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုများကြောင့် ရေပန်းစားခြင်းထက် (၁၉၉၁-၁၉၉၆) (၂ဝဝ၂-၂ဝဝ၆ ခုနှစ်တို့မှာ အနိုင်ရရှိခဲ့ဖူးတဲ့) အဓိကအင်အားကြီးအတိုက်အခံ BNP ပါတီကြီးက ဝင်ရောက် ယှဉ်ပြိုင်ခြင်းမပြုတဲ့အတွက်ကြောင့် ဖြစ်ကြောင်းစစ်တမ်းများအရ သိရှိရပါတယ်။

၂ဝ၁၄ ခုနှစ် ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲရဲ့ထူးခြားချက်ကတော့  အတိုက်အခံပါတီများအားလုံးက သပိတ် မှောက်ခဲ့ခြင်းကြောင့် ပါလီမန်အမတ် ထက်ဝက်ကျော်အတွက် ရွေးကောက်ပွဲကို ကန့်ကွက်မဲ မရှိခဲ့ခြင်းနဲ့ သမိုင်းကြောင်းတစ်လျှောက် မဲပေးသူ နည်းပါးသွားခြင်းဖြစ်ပါတယ်။

၂ဝ၁၈ ခုနှစ်အထွေထွေရွေးကောက်ပွဲမှာ အတိုက်အခံပါတီများ ပါဝင်မှုကို မြင်တွေ့ခဲ့ရပေမယ့် ရွေးကောက်ပွဲမတိုင်မီ အတိုက်အခံကိုယ်စားလှယ်လောင်းများအပေါ် တရားဥပဒေကြောင်းအရရော တရားမဝင်နည်းလမ်းများဖြင့်ပါ ဖိနှိပ်မှုများကြောင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ ပျက်ပြားခဲ့ရပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲနေ့မတိုင်မီညမှာ အစိုးရဝန်ထမ်းများရဲ့မဲခိုးယူမှုများနဲ့ အာဏာရပါတီမှ တက်ကြွ လှုပ်ရှားသူများက မဲရုံများ သိမ်းပိုက်ပြီး မဲဆန္ဒရှင်များကို အဝေးထွက်သွားကြဖို့ အမိန့်ပေးကြောင်း စွပ်စွဲချက်များ ထွက်ပေါ်ခဲ့ပါတယ်။ ရွေးကောက်ပွဲရဲ့ကျင့်ဝတ်ဆိုင်ရာ တရားဝင်မှုကို အာဏာရပါတီက ဖြည့်ဆည်းပေးခြင်း အလွန်နည်းပါးတယ်လို့ ဆိုပါတယ်။

မကြာခင်ကျင်းပတော့မယ့် ရွေးကောက်ပွဲမှာ လွတ်လပ်၊ တရားမျှတသော၊ အားလုံးပါဝင်နိုင်ဖို့  နိုင်ငံတကာအသိုင်းအ၀န်းက အခိုင်အမာတောင်းဆိုနေခဲ့တာ ၂ဝ၂၂ ခုနှစ်ကတည်းက ဖြစ်ပါတယ်။ ပြည်တွင်းမှာလည်း ရှိတ်ဟာစီနာနဲ့ အစိုးရအဖွဲ့နှုတ်ထွက်ပြီး လာမယ့်ရွေးကောက်ပွဲကို အိမ်စောင့်အစိုးရ တစ်ရပ်က တာဝန်ယူကျင်းပပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဆန္ဒပြပွဲများမှာ ထောက်ခံကန့်ကွက် နှစ်ဖက် ထိပ်တိုက်တွေ့မှုများနဲ့ အဓိကရုန်းများ အကြမ်းဖက်မှုများဖြစ်ပွားခဲ့ပါတယ်။

ဆန္ဒပြတောင်းဆိုမှုများကို ပယ်ချခဲ့ပြီး ပါတီအတော်များများ ပူးပေါင်းပါဝင်နိုင်ဖို့ အဝါမီလိခ်အစိုးရက မဟာဗျူဟာတစ်ရပ်ကို ရေးဆွဲခဲ့ပါတယ်။ အဓိက အတိုက်အခံပါတီဖြစ်တဲ့ BNP ကို ခွဲထုတ်ဖို့နဲ့ အားပျော့ သွားစေဖို့ ရည်ရွယ်ခြင်းလည်း ဖြစ်နိုင်ပါတယ်။ 

ယခုပူးပေါင်းတဲ့ပါတီတွေအနေနဲ့လည်း အခြားအတိုက်အခံများနဲ့ ရင်ဆိုင်ရစရာမရှိဘဲ ရှိတ်ဟာစီနာ လုပ်သမျှ လက်ညှိုးထောင် ခေါင်းညိတ်လုပ်ဖို့လား သူတို့ရဲ့လွတ်လပ်တဲ့ဆန္ဒအရ မှတ်ပုံတင်ခဲ့သလား ဆိုတာ အတော်မေးခွန်းထုတ်စရာ ကောင်းလှပါတယ်။

#၂ဝ၂၄ခုနှစ်_ဘင်္ဂလားဒေ့ရှ်အထွေထွေရွေးကောက်ပွဲ #ရှိတ်ဟာစီနာ #အဝါမီလိခ်ပါတီ #ရုရှား #အမေရိကန်


(Dhaka Tribune., 17 December 2023,” Moscow accuses Washington of planning post-election Arab Spring in Dhaka” ကို #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆို သည်၊)


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

၁၀၂၇ စစ်ဆင်ရေးအတွင်း နေရပ်စွန့်ခွာရသူ ပိုများလာသည့်အတွက် ဂျာမနီနိုင်ငံက ယူရို (၂)သန်း ထောက်ပံ့မည်ဟု ကြေညာ

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved