Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြဝတီ-ကော့ကရိတ်သွား ထော့ကော်ကိုးလမ်းပိုင်းအား အသုံးပြုနိုင်ရန် ယနေ့မှစတင်၍ အတက်အဆင်းရက်များသတ်မှတ်

ကျော် (NSS) - ဒီဇင်ဘာ ၁၈

ကရင်ပြည်နယ်ရှိ မြဝတီ-ကော့ကရိတ်သွား ထော့ကော်ကိုးလမ်းပိုင်းအား ယနေ့(ဒီဇင်ဘာလ ၁၈ ရက်)မှစတင်၍ အတက်အဆင်း ရက်များကို စတင်သတ်မှတ်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။


ကော့ကရိတ်မြို့နယ်အတွင်း၌ တပ်မတော်နှင့် KNU / KNLA / PDF ပူးပေါင်းအဖွဲ့များကြားတွင် ဒီဇင်ဘာလ ၁ ရက်မှစတင်ကာ တိုက်ပွဲများဖြစ်ပွားလျက်ရှိသဖြင့် ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးအတွက်အရေးပါသည့် အာရှလမ်းမကြီးအားဖြတ်သန်းသွားလာခွင့်ပိတ်ထားခဲ့သည်။

"အာရှလမ်းကို ဖြတ်သန်းခွင့်ပိတ်ထားတယ်။ ဘယ်သူတွေကပိတ်တာလဲဆိုတာတော့မသိဘူး။ အဲဒီလိုဖြတ်လို့မရတော့ အရင်လမ်းဟောင်းဖြစ်တဲ့ ထော့ကော်ကိုးလမ်းပိုင်းကိုပဲပြန်သုံးနေရတယ်။ လမ်းဟောင်းမှာနေ့တိုင်းကားတွေပြည့်နေတာ"ဟု ဒေသခံတစ်ဦးက NSS ကိုပြောသည်။

ထိုသို့ ထော့ကော်ကိုးလမ်းပိုင်းမှပြန်လည်ဖြတ်သန်းရာတွင် အတက်/အဆင်းပြုလုပ်သောကားများသည် အလွန်များပြားသဖြင့် လမ်းပိတ်ဆို့မှုများဖြစ်ပေါ်လျက်ရှိ၍ တာဝန်ရှိသူများက ယနေ့မှစတင်၍ ယင်းလမ်းပိုင်းမှဖြတ်သန်းသွားလာမည့်ကားများအား အတက်ရက်နှင့်အဆင်းရက်များ သတ်မှတ်ပေးခဲ့ကြကြောင်း သိရသည်။

"နှစ်ဖက်လုံးကနေ ကားတွေလွှတ်လိုက်တဲ့အတွက် လမ်းမှာကားတွေပိတ်ပြီးဆက်ပြီးမောင်းလို့မရဖြစ်သွားတာပေါ့။ ပြီးခဲ့တဲ့ရက်ပိုင်းလေးကတင်ပဲ ကြက်ဥတင်လာတဲ့ကားတစ်စီး ကားလမ်းပေါ်မှာ မှောက်သွားလို့လမ်းတွေထပ်ပိတ်သွားရော"ဟု ဒေသခံတစ်ဦးက ပြောသည်။

အတက်ရက်၊ အဆင်းရက်သတ်မှတ်ရာ၌ ယနေ့တွင် ထော့ကော်ကိုးလမ်းပိုင်းမှတဆင့် မြဝတီမြို့သို့သွားရောက်မည့် ကားများအတက်ရက်ဖြစ်ပြီး မနက်ဖြန်(ဒီဇင်ဘာလ ၁၉ ရက်)သည် မြဝတီမြို့မှပြန်လာမည့် ကားများ၏အဆင်းရက်ဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

"ကျွန်တော်တို့ဘက်မှာ ဟိုးအရင် အာရှလမ်းကြီးမပေါ်ခင်ထဲက မြဝတီတက်ရင် မြဝတီကနေဆင်းလာရင် အတက်ရက်/အဆင်းရက်တွေသတ်မှတ်ထားတယ်။ အတက်/အဆင်းသတ်မှတ်တဲ့ရက်က "စုံရက်"ဆိုရင် အတက်ရက် ၊ "မရက်"ဆိုရင် အဆင်းရက်ဆိုပြီးသတ်မှတ်ထားတာ။ အခုလည်း အဲဒီလိုပြန်ပြီးသတ် မှတ်တယ်။ အတက်/အဆင်းရက်တွေ မသတ်မှတ်ထားရင် လမ်း ခရီးကမကြာသင့်ဘဲအရမ်းကြာနေရော၊ နောက်ပြီး တိုက်ပွဲကလည်းခဏခဏဖြစ်နေတာဆိုတော့ ကိုယ့်အသက်အန္တရာယ်ကစိတ်မချရတာတွေရှိတယ်"ဟု ဒေသခံ ကားသမားတစ်ဦးကပြော သည်။

မြဝတီ-ကော့ကရိတ်သွားအာရှလမ်းမကြီးအား တိုက်ပွဲများစတင်ဖြစ်ပွားသည့်အချိန်မှစ၍ ဖြတ်သန်းသွားလာခွင့်ပိတ်ထားခဲ့သဖြင့် ကုန်စည်ပို့ဆောင်မှုနှင့်ခရီးသည်များ သွားလာမှုအဆင်ပြေစေရန် ထော့ကော်ကိုးလမ်းပိုင်းအား ပြန်လည်အသုံးပြုခဲ့ကြသော်လည်း ကုန်တင်ကားကြီးများအား ဖြတ်သန်းခွင့်မပြုခဲ့ကြောင်း သိရသည်။

"ကုန်ကားကြီးတွေကို ၁၂ ဘီးကားအထိတော့ဖြတ်ခိုင်းတယ်။ အဲဒီထက်ကျော်ရင်မဖြတ်ခိုင်းဘူး။ လမ်းကြေးတွေကလည်း အများကြီးပေးရတယ်လို့ပြောကြတယ်။ နောက်ပြီး ထော့ကော်ကိုးလမ်းပိုင်းက မြေသားလမ်းတွေဖြစ်လိုက် ကွန်ကရစ်လမ်းတွေဖြစ်လိုက်နဲ့ လမ်းအတော်ဆိုးတယ်။ ချိုင့်ခွက်တွေအများကြီးပဲ"ဟု ဒေသခံတစ်ဦးကပြောသည်။

လက်ရှိအချိန်၌ မဖြစ်မနေသွားလာရသော ကုန်တင်ကားကြီးများ၊ ခရီးသည်တင်ကားများ၊ အိမ်စီးကားများသည် ထော့ကော်ကိုးလမ်းပိုင်းအား အသုံးပြုသွားလာရာတွင် အတက်/အဆင်းရက် သတ်မှတ်ခဲ့သဖြင့် လမ်းကြောပိတ်ဆို့မှုလျော့နည်းသွားနိုင်ကြောင်း ၎င်းက သုံးသပ်ပြောဆိုထားသည်။

အဆိုပါ ထော့ကော်ကိုးလမ်းပိုင်းသည် ပြီးခဲ့သည့်လများအတွင်းက အာရှလမ်းမကြီးရေတိုက်စားမှုဖြစ်စဥ်ကြောင့် လမ်းပိုင်းအချို့ပြိုကျခဲ့ချိန်ကလည်း အသုံးပြုခဲ့ရသော လမ်းပိုင်းတစ်ခုဖြစ် ကြောင်း သိရသည်။

KNU / KNLA / PDF ပူးပေါင်းအဖွဲ့ဝင်များသည် ပြီးခဲ့သည့်ရက် ပိုင်းအတွင်းက မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီးပေါ်ရှိ ကော့နွဲ့တံတားနှင့်တောနော်တံတားတို့အား မိုင်းခွဲဖျက်ဆီးခဲ့ကြသဖြင့် တံတားများကျိုးကျပျက်စီးခဲ့ကြောင်း သိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပြည်တွင်းနှင့် ပြည်ပက ၂၄ နာရီအတွင်း ထူးခြားသတင်းများ

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved