Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နိုင်ငံရေးပါတီ (၉ဝ)ကျော်ရှိသည့်အနက် UEC ၌ မှတ်ပုံတင်ပြန်လည်လျှောက်ထားသည့်ပါတီ (၂၁)ပါတီအထိရှိလာ

မျိုးကြီး (NP News) - မတ် ၁၄


မြန်မာနိုင်ငံတွင် နိုင်ငံရေးပါတီ (၉ဝ)ကျော်ရှိသည့်အနက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၌ မှတ်ပုံတင်ပြန်လည်လျှောက်ထားသည့် ပါတီမှာ(၂၁)ပါတီအထိရှိလာကြောင်း သတင်းရရှိသည်။


လက်ရှိတွင် ကော်မရှင်၌ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ လျှောက်ထားသည့် ပါတီအသစ်မှာ (၆)ပါတီရှိပြီး နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ ပြန်လည်လျှောက်ထားသည့်ပါတီမှာ (၁၅)ပါတီရှိကြောင်း နစကမှ ဆိုသည်။


ထို့ကြောင့် လက်ရှိအချိန်အထိ ရွေးကောက်ပွဲကော်မရှင်၌ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်လျှောက်ထားသည့်ပါတီမှာ စုစုပေါင်း (၂၁)ပါတီရှိပြီး ၎င်းတို့အနက်မှ ပြည်ထောင်စုတစ်ဝန်းလုံးအား စည်းရုံးမည့်ပါတီ (၅)ပါတီရှိကြောင်း သိရသည်။


နစက၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေများကို ပြဋ္ဌာန်းပြီးနောက် (၆ဝ)ရက်ပေါင်းအတွင်း ပါတီများအနေဖြင့် မှတ်ပုံပြန်တင်ရန်ကြေညာခဲ့သည်မှာ ရက်ပေါင်း(၄ဝ)ကျော်လာပြီဖြစ်သည်။


လက်ရှိတွင် ကော်မရှင်၌ မှတ်ပုံတင်လျှောက်ထားသည့် ပါတီများမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ဒီမိုကရက်တစ်အင်အားစုလေဘာပါတီ၊ ဒီမိုကရေစီပါတီသစ်(ကချင်)၊ ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ၊ ပြည်ထောင်စုဒီမိုကရေစီပါတီ(UDP)၊ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီ ညွတ်ရေးပါတီ၊ ပြည်ထောင်စုဒီမိုကရက်တစ်ပါတီ၊ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီတို့ဖြစ်ကြောင်း သိရသည်။


ထို့ပြင် မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ(MPD)၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ(PNO)၊ ရခိုင့်ဦးဆောင်ပါတီ၊ အမျိုးသား ဒီမိုကရေစီပါတီသစ်၊ ဝံသာနုပါတီ၊ ဒီမိုကရက်တစ်ပါတီ၊ ကချင်ပြည်နယ်ပြည်သူ့ပါတီ [Kachin State People's Party (KSPP)]၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်‌ရေးပါတီ (ဒူးလေးပါတီ)၊ တိုင်းလိုင် (ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေး ပါတီ)၊ ရှမ်းနီ (တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီနှင့် လူထုပါတီတို့ကလည်း ကော်မရှင်၌ မှတ်ပုံတင်လျှောက်ထားကြောင်း သိရသည်။


မြန်မာနိုင်ငံတွင် နိုင်ငံရေးပါတီပေါင်း (၉ဝ)ကျော်ရှိပြီး လက်ရှိ နစက၏ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေသစ်ပြဋ္ဌာန်းပြီးနောက်ပိုင်းတွင် ပါတီအချို့ပေါင်းစည်းကာ မှတ်ပုံတင်ပြန်လည်လျှောက်ထားရန် ပြင်ဆင်လျက်ရှိသည့် နိုင်ငံရေးပါတီများကိုလည်း တွေ့ရှိနေရသည်။


သို့သော် လူထုထောက်ခံမှုအများအပြားရရှိခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)သည် မှတ်ပုံတင်ပြန်လည်လျှောက်ထားခြင်း ရှိ၊ မရှိသည် လူအများကြားတွင် စိတ်ဝင်စားလျက်ရှိနေကြသည်။

zawgyi version

ႏိုင္ငံေရးပါတီ (၉ဝ)ေက်ာ္ရွိသည့္အနက္ UEC ၌ မွတ္ပုံတင္ျပန္လည္ေလွ်ာက္ထားသည့္ပါတီ (၂၁)ပါတီအထိရွိလာ


မ်ိဳးႀကီး (NP News) - မတ္ ၁၄


ျမန္မာႏိုင္ငံတြင္ ႏိုင္ငံေရးပါတီ (၉ဝ)ေက်ာ္ရွိသည့္အနက္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္၌ မွတ္ပုံတင္ျပန္လည္ေလွ်ာက္ထားသည့္ ပါတီမွာ(၂၁)ပါတီအထိရွိလာေၾကာင္း သတင္းရရွိသည္။


လက္ရွိတြင္ ေကာ္မရွင္၌ ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းဥပေဒ ပုဒ္မ ၃ အရ ေလွ်ာက္ထားသည့္ ပါတီအသစ္မွာ (၆)ပါတီရွိၿပီး ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းဥပေဒ ပုဒ္မ ၂၅ အရ ျပန္လည္ေလွ်ာက္ထားသည့္ပါတီမွာ (၁၅)ပါတီရွိေၾကာင္း နစကမွ ဆိုသည္။


ထို႔ေၾကာင့္ လက္ရွိအခ်ိန္အထိ ေ႐ြးေကာက္ပြဲေကာ္မရွင္၌ ႏိုင္ငံေရးပါတီအျဖစ္ မွတ္ပုံတင္ေလွ်ာက္ထားသည့္ပါတီမွာ စုစုေပါင္း (၂၁)ပါတီရွိၿပီး ၎တို႔အနက္မွ ျပည္ေထာင္စုတစ္ဝန္းလုံးအား စည္း႐ုံးမည့္ပါတီ (၅)ပါတီရွိေၾကာင္း သိရသည္။


နစက၏ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္အေနျဖင့္ ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းနည္းဥပေဒမ်ားကို ျပ႒ာန္းၿပီးေနာက္ (၆ဝ)ရက္ေပါင္းအတြင္း ပါတီမ်ားအေနျဖင့္ မွတ္ပုံျပန္တင္ရန္ေၾကညာခဲ့သည္မွာ ရက္ေပါင္း(၄ဝ)ေက်ာ္လာၿပီျဖစ္သည္။


လက္ရွိတြင္ ေကာ္မရွင္၌ မွတ္ပုံတင္ေလွ်ာက္ထားသည့္ ပါတီမ်ားမွာ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ၊ ဖလုံ-စေဝၚ ဒီမိုကရက္တစ္ပါတီ၊ ဒီမိုကရက္တစ္အင္အားစုေလဘာပါတီ၊ ဒီမိုကေရစီပါတီသစ္(ကခ်င္)၊ ျပည္သူ႔အက်ိဳးျပဳေက်ာင္းသားမ်ားပါတီ၊ ျပည္ေထာင္စုဒီမိုကေရစီပါတီ(UDP)၊ ရွမ္းႏွင့္တိုင္းရင္းသားမ်ားဒီမိုကရက္တစ္ပါတီ၊ တိုင္းရင္းသားစည္းလုံးညီ ၫြတ္ေရးပါတီ၊ ျပည္ေထာင္စုဒီမိုကရက္တစ္ပါတီ၊ ဖက္ဒရယ္ဒီမိုကရက္တစ္ပါတီတို႔ျဖစ္ေၾကာင္း သိရသည္။


ထို႔ျပင္ ျမန္မာျပည္သူ႔ဒီမိုကရက္တစ္ပါတီ(MPD)၊ ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္ပါတီ(PNO)၊ ရခိုင့္ဦးေဆာင္ပါတီ၊ အမ်ိဳးသား ဒီမိုကေရစီပါတီသစ္၊ ဝံသာႏုပါတီ၊ ဒီမိုကရက္တစ္ပါတီ၊ ကခ်င္ျပည္နယ္ျပည္သူ႔ပါတီ [Kachin State People's Party (KSPP)]၊ လီဆူအမ်ိဳးသားဖြံ႕ၿဖိဳးတိုးတက္‌ေရးပါတီ (ဒူးေလးပါတီ)၊ တိုင္းလိုင္ (ရွမ္းနီ)အမ်ိဳးသားမ်ားဖြံ႕ၿဖိဳးတိုးတက္ေရး ပါတီ)၊ ရွမ္းနီ (တိုင္းလ်န္)ေသြးစည္းညီၫြတ္ေရးပါတီႏွင့္ လူထုပါတီတို႔ကလည္း ေကာ္မရွင္၌ မွတ္ပုံတင္ေလွ်ာက္ထားေၾကာင္း သိရသည္။


ျမန္မာႏိုင္ငံတြင္ ႏိုင္ငံေရးပါတီေပါင္း (၉ဝ)ေက်ာ္ရွိၿပီး လက္ရွိ နစက၏ ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းဥပေဒသစ္ျပ႒ာန္းၿပီးေနာက္ပိုင္းတြင္ ပါတီအခ်ိဳ႕ေပါင္းစည္းကာ မွတ္ပုံတင္ျပန္လည္ေလွ်ာက္ထားရန္ ျပင္ဆင္လ်က္ရွိသည့္ ႏိုင္ငံေရးပါတီမ်ားကိုလည္း ေတြ႕ရွိေနရသည္။


သို႔ေသာ္ လူထုေထာက္ခံမႈအမ်ားအျပားရရွိခဲ့သည့္ ေဒၚေအာင္ဆန္းစုၾကည္ဦးေဆာင္ေသာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ(NLD)သည္ မွတ္ပုံတင္ျပန္လည္ေလွ်ာက္ထားျခင္း ရွိ၊ မရွိသည္ လူအမ်ားၾကားတြင္ စိတ္ဝင္စားလ်က္ရွိေနၾကသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

လာမည့်သင်္ကြန်ကာလ၌ မဏ္ဍပ်များတွင်ဖျော်ဖြေမည့် အနုပညာရှင်များ၏ အနုပညာကြေး သိန်း(၃ဝဝ) နှင့် သိန်း(၅ဝဝ)ကြားရှိနေကြောင်း သတင်းများထွက်ပေါ်

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved