Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အမေရိကန်နိုင်ငံရေးခေါင်းဆောင်တို့၏ မိသားစုလျှို့ဝှက်ချက်များနှင့် နှစ်ပေါင်း ၄ဝဝ ခန့် ကျွန်ကုန်ကူးမှုတွင် အာဖရိကလူမည်းမျိုးနွယ်အချို့ မျိုးသုဉ်းပျောက်ကွယ်ခဲ့ရ(ဘာသာပြန်ဆောင်းပါး)

Htay Oung (NSS) - ဒီဇင်ဘာ ၁၅ 

မျက်မှောက်ခေတ် အမေရိကန်နိုင်ငံရဲ့လွှတ်တော်အမတ်များ၊ သမ္မတများ၊ အုပ်ချုပ်ရေးမှူးများ၊ တရားရေးဆိုင်ရာအကြီးအကဲ ၁ဝဝ ကျော်တို့ရဲ့ဘိုးဘေးများဟာ အတိတ်ကာလ ကျွန်ပိုင်ရှင်များဖြစ်နေကြောင်း ရိုက်တာသတင်း အေဂျင်စီက စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ အမေရိကန်ရဲ့အတိတ်ကာလ အကျည်းတန်မှုတွေနဲ့ ပစ္စုပ္ပန်ကာလ ဆက်နွယ်မှုအကြောင်း အမတ်အနည်းအကျဉ်းလောက်သာပြောဆိုဖို့ ဆန္ဒရှိနေကြပါတယ်။

လက်ရှိ အမေရိကန်နိုင်ငံဖြစ်ပေါ်မယ့် နယ်မြေကြီးပေါ်မှာ ယခင်နှစ်ထောင်ပေါင်းများစွာကတည်းက နေထိုင်သူများ ရှိခဲ့ပါတယ်။ ကိုလံဘတ်စ် မတိုင်မီ မစ္စစ္စပီယန် ယဉ်ကျေးမှုထွန်းကားချိန်မှာ အဆင့်မြင့်စိုက်ပျိုးမွေးမြူရေး၊ ခမ်းနား တဲ့ ဗိသုကာပညာများနဲ့ နိုင်ငံအဆင့် လူ့အဖွဲ့အစည်းများ ပေါ်ပေါက်ခဲ့ဖူးပါတယ်။ အမေရိကတိုက်ကို ဥရောပသား တို့ စတင်ပြောင်းရွှေ့နေထိုင်ကြချိန်မှာ တိုင်းတစ်ပါးသားတို့နဲ့အတူပါလာတဲ့ ကျောက်ရောဂါလို ဆန်းပြားတဲ့ ကူးစက်ရောဂါများကြောင့် နဂိုမူလဌာနေတိုင်းရင်းသား သန်းပေါင်းများစွာတို့ဟာ အတုံးအရုံး သေဆုံးခဲ့ရပါတယ်။


မြောက်အမေရိကတိုက်ကိုရောက်ရှိလာတဲ့ ဥရောပတိုက်သားများအပေါ် (ဒီနေ့ နယ်သာလန်ဖြစ်လာမယ့်) ဒတ်ခ်ျ၊ ဆွီဒင်တို့အပါအဝင် အဓိကအားဖြင့် စပိန်၊ ပြင်သစ်၊ အင်္ဂလိပ်တို့က စတင် စုစည်းအုပ်ချုပ်ခဲ့ပြီး နောက်ပိုင်း အပြောင်းအလဲများဖြစ်ပေါ်ခဲ့ပါတယ်။ ၁၇ ရာစု ဒတ်ခ်ျအရှေ့အိန္ဒိယကုမ္ပဏီလက်မှ နယ်မြေများကို ရရှိလိုက်တဲ့ အင်္ဂလိပ်တို့ဟာ “နယူးနယ်သာလန်” ကို “နယူးယောက်” အဖြစ် အမည်ပြောင်းလဲခဲ့ပါတယ်။ အမေရိကန်နယ်မြေ တောင်ပိုင်းကို ရောက်ရှိလာသူအများစုဟာ လုပ်ငန်းအတွေ့အကြုံမရှိသေးတဲ့ အလုပ်သမား လူငယ်များဖြစ်နေပြီး အာဖရိကမှ လူမည်းကျွန်များဟာ မြေသြဇာကောင်းမွန်ကျယ်ပြန်တဲ့ စိုက်ပျိုးမြေများရဲ့အလုပ်ကြမ်းများအတွက် အဓိကလုပ်သားများဖြစ်လာကြပါတယ်။


၁၈ ရာစု အင်္ဂလိပ်တို့က မြောက်အမေရိကတိုက် ပြည်နယ် ၁၃ ခုကို စုစည်းခြင်းအားဖြင့် အင်္ဂလိပ်ကိုလိုနီ အမေရိကန်နိုင်ငံ စတင်ဖြစ်ပေါ်လာခဲ့ပါတယ်။ လူဖြူလူ့အဖွဲ့အစည်းအတွင်း လူမည်းများအများစုတို့အပေါ် ကျွဲ/နွား များပမာ ကျွန်ပြုခိုင်းစေခြင်းဟာ ဥပဒေအခိုင်အမာပြဌာန်းထားတဲ့ တရားဝင်လုပ်ငန်းဖြစ်လာပါတယ်။ ကျွန်ပြုခံရ သူကို ဝယ်-ရောင်း (သို့မဟုတ်) စွန့်လွှတ်နိုင်တဲ့ပစ္စည်းအဖြစ်သဘောထားခဲ့ကြပါတယ်။ လုပ်ခလစာပေးရန် မလိုအပ်၊ လုပ်ငန်းခွင်ထိခိုက်မှု လျော်ကြေးတောင်းဆိုခွင့် မရှိ၊ ထွက်ပြေးခွင့်လည်းမရှိတဲ့ကျွန်များမှ မွေးဖွားလာသူ များကိုလည်း ကျွန်အဖြစ်ဆက်လက်ပိုင်ဆိုင်ကြပြီး ရိုက်နှက်ခြင်းမှ ကြိုးပေးကွပ်မျက်အထိ အပြစ်ပေးပိုင်ခွင့်ရှိကြ ပါတယ်။

အတိတ်ကာလ ဗြိတိသျှတို့ ကိုလိုနီပြုခံရတဲ့နိုင်ငံအများစုမှာ လူကို လူချင်း ကျွန်ပြုမှု ရှိနေခဲ့ပါတယ်။ အလုပ်လုပ် ပေးဖို့ စစ်ရှုံး ကိုလိုနီနိုင်ငံသားများကို သက်ဆိုင်ရာဒေသတွင်းသာမက အခြားဝေးလံတဲ့ ကိုလိုနီနယ်မြေထံ အတင်း အကြပ် ပို့ဆောင်ပေးခဲ့ပါတယ်။ အာဖရိကအနောက်ပိုင်း တန်ခိုးထွားဘုရင်တို့က ပြိုင်ဖက်မျိုးနွယ်စုမှ ယောက်ျား-မိန်းမ-ကလေးတို့ကို ဖမ်းဆီးပြီး လူကုန်ကူးသူ လူဖြူတို့ထံ ရောင်းစားခဲ့ကြပါတယ်။ လူဖြူတို့ဟာ စောစောပိုင်း ယမ်းမှုံ့၊ သေနတ်၊ ပုတီးစေ့၊ အဝတ်အထည်၊ အလှကုန်၊ လူသုံးပစ္စည်းအနည်းငယ်တို့လောက်နဲ့ ကျွန်များကို ရရှိနိုင် ပေမယ့် နောက်ပိုင်းမှာ ကျွန်ရှားပါးလာပါတယ်။ အဲဒီအခါ လက်အောက်ခံတိုင်းပြည်အဖြစ် ကိုလိုနီပြုခြင်း၊ စစ်တိုက်ခြင်း၊ ကျေးရွာများအတွင်း အတင်းအကျပ်၀င်ရောက်ဖမ်းဆီးကြတဲ့အထိ ဖြစ်လာခဲ့ပါတယ်။ 


ဖမ်းဆီးရမိသူများကို တိရစ္ဆာန်များသဖွယ် သံကြိုးခတ်ပြီး ကမ္ဘာသစ်လို့ခေါ်တဲ့ ထွန်းသစ်စ အမေရိကတိုက် ကျွန်စျေးကွက်မှာ ရောင်းချကြပါတယ်။ အဲဒီနေရာမှ အဝတ်အထည်နဲ့ အခြားကုန်ချောများကို အခြားနိုင်ငံများထံ တင်ပို့ခြင်းဖြင့် အမြတ်အစွန်း အကြီးအကျယ် ရယူခဲ့ကြပါတယ်။ အခြားတစ်ဖက်မှာတော့ နှစ် ၄ဝဝ ခန့်ကြာ ကျွန်ကုန်ကူးမှုကာလအတွင်း အာဖရိကအနောက်ပိုင်း လူမျိုးနွယ်အချို့ မျိုးသုဉ်းပျောက်ကွယ်သွားခဲ့ရပါတယ်။ 

၁၇၇၅-၁၇၈၃ ခုနှစ် အင်္ဂလိပ်အပေါ် ပုန်ကန်တဲ့ အမေရိကန်တော်လှန်ရေးကာလမှာ ကျွန်ပြုခံရသူများရဲ့အ ဆင့်အတန်းကို လူမျိုးရေးအရ ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ပုန်ကန်မှုကို နှိမ်နင်းဖို့ လူအင်အားမလုံလောက်ခြင်းကို သတိပြုမိတဲ့ ဗြိတိသျှအရာရှိများဟာ သူတို့နယ်မြေအတွင်း အရောက်ထွက်ပြေးနိုင်လာတဲ့ ကျွန်မှန်သမျှ လွတ်မြောက်ခွင့်ပေးပြီး စစ်မှုထမ်းစေခဲ့ပါတယ်။ 

စစ်ပွဲအတွင်း ကဏ္ဍအသီးသီးမှာ ကျွန်ဟောင်းပါ၀င်တဲ့ လူမည်းယူနစ်အမျိုးမျိုးနဲ့ ဖွဲ့စည်းခဲ့ပါတယ်။ ၁၇၇၆-နှစ်မှာ အမေရိကန်လွတ်လပ်ရေး ကြေညာခဲ့ပြီး ၁၇၈၁ ခုနှစ်မှာ အမေရိကန် ကွန်ဖက်ဒရေးရှင်းနိုင်ငံကို စတင်ခဲ့ပါတယ်။ ၁၇၈၃ ခုနှစ်မှာ တရား၀င်ဖြစ်လာပြီး ၁၇၈၈ ခုနှစ်မှာ အမေရိကန်ဖွဲ့စည်းပုံဥပဒေကို အတည်ပြုပြဌာန်းခဲ့ကြပါတယ်။ 

ကွန်ဂရက်လွှတ်တော်က တားမြစ်ထားပေမယ့် အမတ်များ အပါအ၀င် တောင်ပိုင်း အများစု ပြည်နယ် အချို့က လိုက်နာခြင်း မရှိခဲ့ပါဘူး။ တောင်ပိုင်းဒေသ ချည်ထည်စက်မှုလုပ်ငန်း အကြီးအကျယ်ထွန်းကားပြီး ချမ်းသာ ကြွယ်ဝ လာရခြင်းမှာ ကျွန်များရဲ့လုပ်အားကြောင့်ဖြစ်ပါတယ်။ ကျွန်စနစ်အပေါ် အကောင်းမြင်တဲ့ တောင်ပိုင်း ပြည်နယ် များအတွင်း ကျွန်အရေအတွက် စုစုပေါင်းဟာ ၄ သန်းအထိ ရောက်ရှိလာခဲ့ပါတယ်။ ကျွန်ဟောင်း အမျိုးသမီးများနဲ့ ကလေးများဟာ စစ်မှုထမ်းခြင်းအစား အိမ်ကျွန်များဖြစ်သွားကြပြီး ကျွန်ယောက်ျားများဟာ စိုက်ပျိုးရေး၊ မွေးမြူရေးသင်္ဘောကျင်းနဲ့ ရေယာဉ်တည်ဆောက်ရေးတို့မှာ လက်မှုပညာနဲ့ အလုပ်သမားအဖြစ် လုပ်ကိုင်ပေးကြ ရပါတယ်။

၁၈၆၁-၁၈၆၅ ခုနှစ် အမေရိကန်တောင်ပိုင်း မြောက်ပိုင်းတိုက်ခိုက်ကြတဲ့ ပြည်တွင်းစစ်ကာလအတွင်း စစ်သား အဖြစ် ကူညီတိုက်ခိုက်ပေးဖို့ ကျွန်အဖြစ်မှ လွတ်မြောက်ခွင့်ဟာ မက်လုံးတစ်ခုဖြစ်လာခဲ့ပါတယ်။ သေဆုံးခဲ့လျှင် ကျွန်ပိုင်ရှင်တို့က လျော်ကြေးပေးမယ်လို့ ဆွဲဆောင်ခဲ့ကြပါတယ်။ လူမည်းကျွန်များချည့် ပါဝင်တဲ့ စစ်တပ်များ လည်း ပေါ်ပေါက်လာပြီး ပြည်တွင်းစစ်ကာလ မြောက်ပိုင်းစစ်တပ်ရဲ့ ငါးပုံတစ်ပုံဟာ လူမည်းများဖြစ်နေခဲ့ပါတယ်။ ကျွန်ဖြစ်ခဲ့ဖူးသူတို့ဟာ တောင်မြောက် နှစ်ဖက်စစ်တပ်တို့ရဲ့ လေးပုံတစ်ပုံအထိ ပါရှိခဲ့ပြီး စစ်အပြီး အမေရိကန် နိုင်ငံမှာ ကျွန်စနစ် တရား၀င်ချုပ်ငြိမ်းသွားပါတယ်။ ဒါပေမယ့် ၁၈၄ဝ ပြည့်နှစ်မတိုင်မီ မွေးဖွားလာတဲ့ အမေရိကန် ကွန်ဂရက်လွှတ်တော်အမတ်များရဲ့ ၃ဝ ရာခိုင်နှုန်း (အချို့ ၂ဝ ရာစုအထိ ဆက်လက်ထမ်းဆောင်ခဲ့) တို့ရဲ့ ဘဝ သက်တမ်းတလျှောက်လုံးဟာ ကျွန်ပိုင်ရှင်များဖြစ်ကြပါတယ်။

မူလဖွဲ့စည်းပုံဥပဒေမှာ ကျွန်စနစ်ကိုတားမြစ်ကြောင်း အတိအလင်း ပါဝင်ခြင်းမရှိဘဲ ၁၈၆၄ ခုနှစ် ၁၃ ကြိမ်မြောက် ပြင်ဆင်ချက်ရောက်ရှိမှသာ “ကျေးကျွန်” “ကျွန်စနစ်” “ကျွန်ပြုခြင်း” စသည်တို့ကို အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့တကွ တားဆီးခဲ့ပါတယ်။ အမေရိကန်လွှတ်တော်နှစ်ရပ်ရှိရာ ကက်ပီတိုဟေးလ်အဆောက်အအုံ ဧည့်ခန်းမရှိ ကြေးဝါ ကမ္ပည်းပြားပါ မီးသင့်ကျောက်တုံးတစ်တုံးဟာ အတိတ်ကာလ လွှတ်တော်အဆောက်အအုံတည်ဆောက်ရာမှာ လူမည်းကျွန်များလည်း ပါဝင်ခဲ့ကြောင်း သတိပေးချက်တစ်ခုဖြစ်နေပါတယ်။

အမေရိကန်သမိုင်းမှာ ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်မှုစနစ်ဖြစ်တဲ့ (လူကိုလူချင်း) ကျွန်ပြုခြင်းမှာ အသေအပျောက် အများဆုံး ပဋိပက္ခကို ဖြစ်ပေါ်စေခဲ့ပါတယ်။ ပါ၀င်ပတ်သက်ခဲ့သူတို့နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာဆက်နွယ်လျက်ရှိတဲ့ကြတဲ့ ကွန်ဂရက်အမတ်တော်များများတို့ကတော့ သူတို့ရဲ့မိသားစုသမိုင်းများကို ယောင်လို့တောင် မကြည့်ချင်ကြပါဘူး။

အမေရိကန်နိုင်ငံရေး အထက်တန်းလွှာများရဲ့ မျိုးရိုးစဉ်ဆက်များကို ရိုက်တာသတင်းအေဂျင်စီက လေ့လာခဲ့ပါ တယ်။ လွှတ်တော်အမတ်များ၊ အသက်ရှင်လျက်ရှိဆဲ သမ္မတများ၊ တရားရုံးချုပ် တရားသူကြီးများနဲ့ အုပ်ချုပ်ရေးမှူး များရဲ့ ငါးပုံတစ်ပုံဟာ လူမည်းများကို ကျွန်ပြုခဲ့သူ ဘိုးဘေးများရဲ့ တိုက်ရိုက်မျိုးဆက်များဖြစ်ကြောင်း တွေ့ရှိခဲ့ပါ တယ်။ 

အောက်လွှတ်တော် အမတ် ၅၃၆ ဦးအနက် အမတ် ၁ဝဝ ထက်မနည်းတို့ဟာ ကျွန်ပိုင်ရှင်မျိုးရိုးမှ ဆင်းသက်လာသူ များဖြစ်ကြောင်း၊ အထက်လွှတ်တော် အမတ် ၁ဝဝ အနက် လေးပုံတစ်ပုံကျော်ဖြစ်တဲ့ ၂၈ ဦးတို့ရဲ့ မိသားစုမျိုးနွယ် များအတွင်း အနည်းဆုံး ကျွန်တစ်ဦးကို ပိုင်ဆိုင်ခဲ့သူများဖြစ်ကြောင်း တွေ့ရှိရပါတယ်။ 

လက်ရှိ အမေရိကန်ဖက်ဒရယ်အစိုးရ ၁၁၇ ကြိမ်မြောက် ကွန်ဂရက်လွှတ်တော်မှ အမတ်များဟာ လူမည်း ၃ဝ ရာခိုင်နှုန်းကျော်ပါဝင်တဲ့ ဒီမိုကရက်တစ်များနဲ့ ရီပတ်ဘလစ်ကန်များဖြစ်ကြပြီး နိုင်ငံမှာ သြဇာအရှိဆုံး နိုင်ငံရေး သမားအချို့ ပါဝင်နေပါတယ်။ ဒါပေမဲ့ သမ္မတဟောင်း ဒေါ်နယ်ထရန့်မှလွဲပြီး လက်ရှိသမ္မတ ဂျိုးဘိုင်ဒင်နဲ့ ဂျင်မီကာတာ၊ ဂျော့ဂ်ျဒဗလျူဘုရှ်၊ ဘီလ်ကလင်တန်တို့လို အသက်ရှင်နေဆဲ နိုင်ငံ့ခေါင်းဆောင်ဟောင်းတို့ဟာ ကျွန်ပိုင်ရှင်မျိုးရိုးများ ဖြစ်ကြပါတယ်။ အဲဒီအချက်ကို ကြိုတင်သိရှိခဲ့ရင် မဲမပေးဘူးလို့ ဆိုသူများဟာ ရိုက်တာ စစ်တမ်းရဲ့ ၂၃  ရာခိုင်နှုန်း ရှိပါတယ်

ရှားရှားပါးပါး လူမည်းကနေ သမ္မတဖြစ်ခဲ့တဲ့ ဘားရက်အိုဘားမားကိုယ်တိုင်ပင်လျှင် လူဖြူမိခင်ဘက်မျိုးရိုးမှာ ကျွန်ပိုင်ရှင်ဖြစ်နေပါတယ်။ သမ္မတဟောင်းဒေါ်နယ်ထရမ့်ကတော့ သူ့ရဲ့ဘိုးဘေးတွေက အမေရိကန်နိုင်ငံမှာ ကျွန်စနစ်ဖျက်သိမ်းပြီးမှ ရောက်ရှိလာသူများဖြစ်ခဲ့လို့ပါ။ ကျွန်စနစ်နဲ့ ကျွန်ပိုင်ရှင်မျိုးရိုးအကြောင်း ပြောဆိုရခြင်းဟာ အပြစ်တင်ဖို့အတွက် မရည်ရွယ်ပါဘူး။ ဘိုးဘေးတို့ရဲ့ ခါးသီးလှတဲ့လုပ်ရပ်က သမိုင်းဘီးတစ်ပတ် ပြန်လည်မလာစေရေးပဲဖြစ်ပါတယ်။ 

(အမေရိကန်နိုင်ငံရဲ့ ချုပ်ငြိမ်းသွားပြီဆိုတဲ့ကျွန်စနစ်မှာ အစားထိုးခေါင်းထောင်လာတာက နိုင်ငံအတွင်းရောက် ရွှေ့ပြောင်းအလုပ်သမားများနဲ့ အသားအရောင်ရှိသူများအပေါ် လူဖြူလူမျိုးကြီးဝါဒနဲ့ အာရှတိုက်သားမုန်းတီးရေး အမြင်များ ဖြစ်ပါတယ်။ ရာစုနှစ်ပေါင်းများစွာ ကျွန်စနစ်ထွန်းကားခဲ့ဖူးတဲ့တိုင်းပြည်မှာ လူမည်း ဘားရက်ဟူစိန် အိုဘားမား က သမ္မတတောင်ဖြစ်သေးတာ တကယ့် ဒီမိုကရေစီပါလား မထင်လိုက်ပါနဲ့။

အိုဘားမားရဲ့မိခင် အန်းဒွန်ဟန်ဟာ အင်္ဂလိပ်အများစု မျိုးရိုးဖြစ်ပါတယ်။ လူမည်းဖခင်ဟာ အာဖရိကန်တစ်ဦး ဖြစ်ပေမယ့် ကင်ညာအစိုးရအကြီးတန်း ဘောဂဗေဒပညာရှင်ဖြစ်ပြီး ကျွန်မျိုးရိုး မဟုတ်ပါဘူး။ အမေရိကန်မှာ ကျွန်မျိုးရိုးလူမည်းက နိုင်ငံ့ထိပ်တန်းခေါင်းဆောင်ဖြစ်ဖို့ဆိုတာ အိပ်မက်အဆင့်သာ ရှိပါလိမ့်မယ်။ ။သတင်းဘာသာပြန်သူ)

(Reuters., 27 June 2023,” America's Family Secret” ) ကို #HtayOung, #OungMraune ဆီလျော်အောင် ကောက်နှုတ်ဘာသာ ပြန်ဆိုသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဥရောပရှိ ဂျုးလူမျိုးတွေကိုတိုက်ခိုက်ဖို့ ကြံစည်တဲ့ ဟားမက်စ်အဖွဲ့ဝင် လေးဦးကို အာဏာပိုင်များ ဖမ်းဆီး

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved