Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အာဖရိကတိုက်တွင် လာမည့်နှစ်အတွင်း လူပေါင်းသန်း(၅ဝ)ခန့် အငတ်ဘေးနှင့်တွေ့ကြုံရဖွယ်ရှိဟု ကုလသမဂ္ဂ ပြော

Pika (NSS) - ဒီဇင်ဘာ ၁၃ 

အာဖရိကတိုက်တွင် ပဋိပက္ခများဖြစ်ပွားမှုများ မြင့်တက်နေခြင်း၊ ရာသီဥတုဖောက်ပြန်ပြောင်းလဲနေခြင်း နှင့် စားသောက်ကုန်ဈေးနှုန်းများမြင့်မားနေခြင်းတို့ကြောင့် လာမည့်နှစ်တွင် အာဖရိကတိုက်အလယ်ပိုင်း နှင့် အနောက်ပိုင်းဒေသရှိ လူပေါင်း(၄၉ ဒသမ ၅) သန်းခန့်သည် ငတ်မွတ်ခေါင်းပါးမှုများနှင့် ကြုံတွေ့ရမည်ဟု ခန့်မှန်းထားကြောင်း ကုလသမဂ္ဂက ဒီဇင်ဘာလ(၁၂)ရက်တွင် ထုတ်ပြန်ပြောခဲ့သည်။


အဆိုပါ လူဦးရေအရေအတွက်သည် ၂ဝ၂၃ ခုနှစ်က ခန့်မှန်းခဲ့သော အရေအတွက်ထက် (၄)ရာခိုင်နှုန်း ပိုများလာကြောင်း သိရသည်။ ထို့အပြင် အာဖရိကတိုက်ရှိ ကမ်းရိုးတန်းနိုင်ငံများတွင် ပြင်းထန်သော ငတ်မွတ် ခေါင်းပါးမှုများ နှင့် ရင်ဆိုင်နေရသော လူဦးရေအရေအတွက်သည် ၂ဝ၂၄ ခုနှစ်တွင် (၆ ဒသမ ၂) သန်းထိ ရောက်ရှိလာမည်ဟု ခန့်မှန်းထားကြကြောင်းလည်း သိရသည်။ 

အဆိုပါအရေအတွက်သည် ယခုနှစ်အစောပိုင်းတွင် ခန့်မှန်းထားသော လူဦးရေအရေအတွက်ထက် (၁၆)ရာခိုင်နှုန်း ပိုများလာကြောင်း ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) နှင့် အခြားသော လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအေဂျင်စီများမှ ထုတ်ပြန်သော ဒေသတွင်းစားနပ်ရိက္ခာ ဖူလုံမှုဆန်းစစ်ချက်အသစ်အရ သိရသည်။ 


WFP ၏ အာဖရိကအနောက်ပိုင်းဒေသဆိုင်ရာ ယာယီညွှန်ကြားရေးမှူးမာဂေါ့တ်ဗန်ဒါဗဲလ်ဒန် က "ဒေသတွင်းမှာ ပြင်းထန်တဲ့ ငတ်မွတ်ခေါင်းပါးမှုဟာ စံချိန်တင်အဆင့်မှာရှိနေပေမယ့်လည်း တုံ့ပြန်မှုအတွက် လိုအပ်တဲ့ ရန်ပုံငွေ တွေဟာ လုံလောက်ခြင်းမျိုး မရှိသေးပါဘူး။ ရန်ပုံငွေမလောက်ခြင်းဆိုတာက ဆာလောင်မွတ်သိပ်နေသူတွေဟာ အာဟာရရှိတဲ့အစားအစာတွေထက် အာဟာရနည်းပါးတဲ့အစားအစာတွေကိုပဲ စားသုံးဖို့ တွန်းအားပေးခံရပါလိမ့် မယ်။ ဒါကြောင့် ဆာလောင်မွတ်သိပ်နေသူတွေဟာ ဒီအကျပ်အတည်းထဲမှာပဲ ပိတ်မိနေပြီး ငတ်မွတ်ခေါင်းပါးမှုနဲ့ အာဟာရချို့တဲ့မှု သံသရာက ဆက်လက်တည်ရှိနေပါလိမ့်မယ်" ဟု ပြောခဲ့သည်။

အာဖရိကတိုက်အလယ်ပိုင်းနှင့် အနောက်ပိုင်းရှိ အိမ်ထောင်စုများ၏ သုံးပုံပုံ နှစ်ပုံကျော်သည် ကျန်းမာရေး နှင့် ညီညွတ်သော အစားအသောက်များကို စားသောက်နိုင်ခြင်းမျိုး မရှိကြကြောင်း လေ့လာဆန်းစစ်ချက်များအရ သိရသည်။ 

Sahel ဒေသ အလယ်ပိုင်းရှိ နိုင်ငံများဖြစ်သော ဘာကီနာဖာဆို၊ မာလီ နှင့် နိုင်ဂျာနိုင်ငံတို့တွင် အာဟာရပြည့်ဝသော အစားအစာများအတွက် နေ့စဉ်ကုန်ကျစရိတ်သည် ဒေသတွင်းရှိ နေ့စဉ်အနိမ့်ဆုံးလုပ်အားခထက်(၁၁ဝ) ရာခိုင်နှုန်း ပိုများကြောင်း ၎င်းက ပြောကြားခဲ့သည်။ 

အစ္စလာမ်မစ်လက်နက်ကိုင်အဖွဲ့အစည်းများကြောင့် Sahel ဒေသရှိ နိုင်ငံများရှိ လူပေါင်း(၄)သန်းကျော်သည် ၎င်းတို့၏ နေအိမ်များနှင့် လယ်ယာမြေများကို စွန့်ခွာထွက်ပြေးခဲ့ရကြောင်း ကုလသမဂ္ဂ၏ အဆိုအရ သိရသည်။ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင်လည်း ပဋိပက္ခများစွာဖြစ်ပွားနေပြီး လူပေါင်း(၇)သန်းနီးပါး နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း သိရသည်။

Sahel ဒေသတွင် ဖြစ်ပွားနေသော အကျပ်အတည်းများသည် လူအများကို ကမ်းရိုးတန်းဒေသနိုင်ငံများဖြစ်သော အိုင်ဗရီကို့စ်၊ တိုဂို နှင့် ဂါနာတို့ကဲ့သို့သော နိုင်ငံများတွင် ခိုလှုံရန်တွန်းအားပေးခဲ့ကြောင်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တရုတ်၊ အီရန်၊ မြောက်ကိုရီးယား နှင့် ရုရှား၏ ပူးပေါင်းဆောင်ရွက်မှုများက ရေရှည်ခြိမ်းခြောက်မှုတစ်ခုဖြစ်ကြောင်း ဖင်လန်အစိုးရ သတိပေး

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved