Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဒလတံတားစီမံကိန်းတွင် သံမဏိယက်မများ တပ်ဆင်မည်ဖြစ်၍ ကမ်းနားလမ်းသစ်ကို ယာယီပိတ်မည်

ယွန်း (NP News) - ‌မတ် ၁၃


ဒလတံတားစီမံကိန်းတွင် သံမဏိယက်မများ တပ်ဆင်သွားမည်ဖြစ်သည့်အတွက် ကမ်းနားလမ်းသစ်ကို ယာယီပိတ်မည်ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ကြေညာထားသည်။


မြန်မာ-ကိုရီးယား ချစ်ကြည်ရေး ဒလမြစ်ကူးတံတား တည်ဆောက်မှုသည် လက်ရှိအချိန်တွင် (၅၃)ရာခိုင် နှုန်းပြီးစီးနေပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၏ သတင်းအချက်အလက်များအရ သိရသည်။


လက်ရှိတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၏ အသိပေးအကြောင်းကြားချက်အရ တံတားတည်ဆောက်ရေး စီမံကိန်း၏ ဆင်ခြေလျှောတံတားများဖြစ်သော Ramp A နှင့် Ramp B တံတားများတွင် ကမ်းနားလမ်းသစ်ကို ဖြတ်သန်း၍ သံမဏိယက်မများ တပ်ဆင်ရမည်ဖြစ်ကြောင်း သိရသည်။


ထို့ကြောင့် တပ်ဆင်နေချိန်အတွင်း လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေးအတွက် ကမ်းနားလမ်းသစ်၏ ပန်း ဆိုးတန်းလမ်းနှင့် အလုံမြို့နယ် စံပယ်လမ်းထိပ်ကြား အပိုင်းအား ယာယီလမ်းပိတ်ပြီး လုပ်ငန်းများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ကြေညာထားသည်။


အဆိုပါ ကမ်းနားလမ်းသစ်(ပန်းဆိုးတန်းလမ်းထိပ်နှင့် အလုံမြို့နယ်၊ စံပယ်လမ်းထိပ်ကြားအပိုင်း)ကို မတ်လ(၁၈) ရက်မှ (၁၉)ရက်အထိ (၂)ရက်တာ ပိတ်ထားမည်ဖြစ်ပြီး မတ်လ(၂၃)ရက်တွင်လည်း တစ်ရက်ထပ်မံပိတ်ထားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။


ထို့ပြင် အဆိုပါလမ်းအား မတ်လ(၂၅)ရက်မှ မတ်လ(၂၇)အထိ (၃)ရက်ကြာထပ်မံပိတ်ထားမည် ဖြစ်ပြီး စုစုပေါင်း လမ်းပိတ်ချိန်(၆)ရက်အတွင်း သံမဏိယက်မများကို တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာ- ကိုရီးယားချစ်ကြည်ရေး ဒလမြစ်ကူးတံတားကို ကိုရီးယားသမ္မတနိုင်ငံ စီးပွားဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေ (EDCF Loan) ချေးငွေအမေရိကန်ဒေါ်လာ (၁၃၇ ဒသမ ၈၃၃) သန်းနှင့် မြန်မာအစိုးရထည့်ဝင်ငွေ (၃ဝ ဒသမ ၃၄၁)သန်း စုစုပေါင်း ခန့်မှန်းကုန်ကျစရိတ် အမေရိကန်ဒေါ်လာ (၁၆၈ ဒသမ ၁၇၄) သန်း အကုန်အကျခံကာတည်ဆောက်နေခြင်းဖြစ်သည်။


အဆိုပါ ဒလမြစ်ကူးတံတားသည် မြန်မာနိုင်ငံရှိ သံမဏိကြိုးဆိုင်းတံတားများအနက် အကြီးဆုံးနှင့် အရှည်ဆုံးဖြစ်ပြီး တံတား အရှည် စုစုပေါင်း(၆၁၂၈)ပေရှိကြောင်း သိရသည်။

zawgyi version

ဒလတံတားစီမံကိန္းတြင္ သံမဏိယက္မမ်ား တပ္ဆင္မည္ျဖစ္၍ ကမ္းနားလမ္းသစ္ကို ယာယီပိတ္မည္


ယြန္း (NP News) - ‌မတ္ ၁၃


ဒလတံတားစီမံကိန္းတြင္ သံမဏိယက္မမ်ား တပ္ဆင္သြားမည္ျဖစ္သည့္အတြက္ ကမ္းနားလမ္းသစ္ကို ယာယီပိတ္မည္ဟု ျမန္မာ့ဆိပ္ကမ္းအာဏာပိုင္က ေၾကညာထားသည္။


ျမန္မာ-ကိုရီးယား ခ်စ္ၾကည္ေရး ဒလျမစ္ကူးတံတား တည္ေဆာက္မႈသည္ လက္ရွိအခ်ိန္တြင္ (၅၃)ရာခိုင္ ႏႈန္းၿပီးစီးေနၿပီျဖစ္ေၾကာင္း ေဆာက္လုပ္ေရးဝန္ႀကီးဌာန၏ သတင္းအခ်က္အလက္မ်ားအရ သိရသည္။


လက္ရွိတြင္ ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ တံတားဦးစီးဌာန၏ အသိေပးအေၾကာင္းၾကားခ်က္အရ တံတားတည္ေဆာက္ေရး စီမံကိန္း၏ ဆင္ေျခေလွ်ာတံတားမ်ားျဖစ္ေသာ Ramp A ႏွင့္ Ramp B တံတားမ်ားတြင္ ကမ္းနားလမ္းသစ္ကို ျဖတ္သန္း၍ သံမဏိယက္မမ်ား တပ္ဆင္ရမည္ျဖစ္ေၾကာင္း သိရသည္။


ထို႔ေၾကာင့္ တပ္ဆင္ေနခ်ိန္အတြင္း လုပ္ငန္းခြင္ ေဘးကင္းလုံၿခဳံေရးအတြက္ ကမ္းနားလမ္းသစ္၏ ပန္း ဆိုးတန္းလမ္းႏွင့္ အလုံၿမိဳ႕နယ္ စံပယ္လမ္းထိပ္ၾကား အပိုင္းအား ယာယီလမ္းပိတ္ၿပီး လုပ္ငန္းမ်ားလုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ျမန္မာ့ဆိပ္ကမ္းအာဏာပိုင္မွ ေၾကညာထားသည္။


အဆိုပါ ကမ္းနားလမ္းသစ္(ပန္းဆိုးတန္းလမ္းထိပ္ႏွင့္ အလုံၿမိဳ႕နယ္၊ စံပယ္လမ္းထိပ္ၾကားအပိုင္း)ကို မတ္လ(၁၈) ရက္မွ (၁၉)ရက္အထိ (၂)ရက္တာ ပိတ္ထားမည္ျဖစ္ၿပီး မတ္လ(၂၃)ရက္တြင္လည္း တစ္ရက္ထပ္မံပိတ္ထားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။


ထို႔ျပင္ အဆိုပါလမ္းအား မတ္လ(၂၅)ရက္မွ မတ္လ(၂၇)အထိ (၃)ရက္ၾကာထပ္မံပိတ္ထားမည္ ျဖစ္ၿပီး စုစုေပါင္း လမ္းပိတ္ခ်ိန္(၆)ရက္အတြင္း သံမဏိယက္မမ်ားကို တပ္ဆင္သြားမည္ျဖစ္ေၾကာင္း သိရသည္။


ျမန္မာ- ကိုရီးယားခ်စ္ၾကည္ေရး ဒလျမစ္ကူးတံတားကို ကိုရီးယားသမၼတႏိုင္ငံ စီးပြားဖြံ႕ၿဖိဳးမႈ ပူးေပါင္းေဆာင္႐ြက္ေရး ရန္ပုံေငြ (EDCF Loan) ေခ်းေငြအေမရိကန္ေဒၚလာ (၁၃၇ ဒသမ ၈၃၃) သန္းႏွင့္ ျမန္မာအစိုးရထည့္ဝင္ေငြ (၃ဝ ဒသမ ၃၄၁)သန္း စုစုေပါင္း ခန႔္မွန္းကုန္က်စရိတ္ အေမရိကန္ေဒၚလာ (၁၆၈ ဒသမ ၁၇၄) သန္း အကုန္အက်ခံကာတည္ေဆာက္ေနျခင္းျဖစ္သည္။


အဆိုပါ ဒလျမစ္ကူးတံတားသည္ ျမန္မာႏိုင္ငံရွိ သံမဏိႀကိဳးဆိုင္းတံတားမ်ားအနက္ အႀကီးဆုံးႏွင့္ အရွည္ဆုံးျဖစ္ၿပီး တံတား အရွည္ စုစုေပါင္း(၆၁၂၈)ေပရွိေၾကာင္း သိရသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မော်လ်ဒိုဗာနိုင်ငံမှာ အစိုးရဆန့်ကျင်ဆန္ဒပြပွဲများမှ ဆန္ဒပြသူ ဒါဇင်နဲ့ချီ ဖမ်းဆီးခံရ

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved