YBS ယာဉ်များတွင် QR Code စနစ်ဖြင့် ယာဉ်စီးခများ ပေးချေနိုင်ရန် စီစဉ်နေ
စော (NSS) - ဒီဇင်ဘာ ၁၁
YBS ယာဉ်များတွင် QR Code စနစ်ဖြင့် ယာဉ်စီးခများ ပေးချေနိုင်ရန် စီစဉ်နေကြောင်း ASTI မှ Chief Operating Officer ကိုကျော်သိန်းကပြောသည်။
၎င်းက ယနေ့(ဒီဇင်ဘာလ ၁၁ ရက်)တွင် YRTC ရုံးချုပ်၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
“ဒီဇင်ဘာလကုန် ဒါမှမဟုတ် ၂၀၂၄ နှစ်စပိုင်းမှာ အသုံးပြုလို့ရမှာဖြစ်ပါတယ်။ Google Playstore ကနေပြီးတော့ Download လုပ်ပြီးတော့ သုံးလို့ရနေပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ အများပြည်သူက နေ့ဒဓူဝသုံးရတဲ့ App ဖြစ်စေချင်တယ်။ Payment တစ်ခုပဲမဟုတ်ဘဲ Lifestyle App ဒီဇိုင်းထုတ်ထားခြင်းဖြစ်ပါတယ်”ဟု ကိုကျော်သိန်းက ပြောသည်။
အဆိုပါ MP ybs + App ကို Playstore ၌ Download ပြုလုပ်နိုင်ပြီဖြစ်သော်လည်း ၎င်း App ကိုအသုံးပြုပြီး ယာဉ်စီးခများကို QR Code ဖြင့် ငွေပေးချေ၍ မရသေးကြောင်း သိရသည်။
YBS ကတ်အသုံးပြုသူများအနေဖြင့် ၎င်းအပလီကေးရှင်း၌ ကတ်အတွင်းရှိ လက်ကျန်ငွေစစ်ဆေးခြင်း အပါအဝင် ငွေဖြည့်သွင်းခြင်း၊ ယာဉ်စီးခကျ သင့်ငွေ စစ်ဆေးခြင်းနှင့် ယာဉ်စီးခဲ့သည့် အချိန်များကို စစ်ဆေးနိုင်ကြောင်း သိရသည်။
လက်ရှိတွင် YBS ကတ်ပေါင်း (၄)သိန်းနီးပါးကို ဖြန့်ချီထားပြီး ကတ်အသုံးပြုသည့် ရာခိုင်နှုန်းအနေဖြင့် (၅၀)ရာခိုင်နှုန်းရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆိုင်ကယ်မောင်းလာသည့် အမျိုးသမီးကို ဓားဖြင့်ခုတ်၊ သံတုတ်ဖြင့်ရိုက်ပြီး ဆိုင်ကယ်လုယက်သွားသူ (၅)ဦးကို ဖမ်းဆီးရမိ
RELATED POSTS
19 Oct 2024 | ခရီးသွား,ပြည်တွင်း
04 Oct 2024 | ခရီးသွား,ပြည်တွင်း
03 Oct 2024 | ခရီးသွား,ပြည်တွင်း
23 Sep 2024 | ခရီးသွား,နိုင်ငံတကာ