တာမွေမြို့နယ်တွင် ဆေးခြောက်အဆီဖြင့် ချောကလက်မုန့်ပြုလုပ်ရောင်းချသူအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ
Pearl (NP News) - မတ် ၁၃
ရန်ကုန်တိုင်း ၊ တာမွေမြို့နယ်တွင် ဆေးခြောက်အဆီဖြင့် ချောကလက်မုန့်ပြုလုပ်ရောင်းချသူအား သက် သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သတင်း ရရှိသည်။
ပြီးခဲ့သည့် မတ်လ (၈)ရက်၊ နေ့လည်(၁)နာရီအချိန်ခန့်တွင် တာမွေမြို့နယ်၊ တာမွေကြီး (ခ)ရပ်ကွက်၊ (၁၆၆)လမ်းမပေါ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် သတင်းအရ အဆိုပါ လမ်းမပေါ်၌ မဆုသက်မွန်(ခ)ပုံ့ပုံ့အား ဆေးခြောက် (၆၅)ဂရမ်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့နောက် ၎င်းနေထိုင်သည့် တာမွေမြို့နယ်၊ တာမွေကြီး(ခ)ရပ်ကွက်၊ တိုက်(၂ဝ)ရှိနေအိမ်ကို ဆက် လက်ရှာဖွေခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ထိုသို့ ရှာဖွေခဲ့ရာ ပလတ်စတစ်အိတ်ဖြင့်ထည့်လျက် ဆေးခြောက် (၂၄ဝ) ဂရမ်၊ ဖန်ပုလင်းဖြင့်ထည့်လျက် ဆေးခြောက်အဆီ (၆ဝ)စီစီ၊ ရေခဲသေတ္တာအတွင်းမှ ဆေးခြောက်အဆီဖြင့် ရောနှောပြုလုပ်ထားသည့် ချောကလက်မုန့်(၁၂၄) ခု၊ ဆေးခြောက်မုန့်ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား သိမ်း ဆည်းရမိခဲ့ကြောင်း သိရသည်။
၎င်းသည် ၂ဝ၁၆ ခုနှစ်မှစ၍ ဆေးခြောက်အဆီ ထုတ်သည့်နည်းပညာအား Online မှ စတင်လေ့လာခဲ့ပြီး ၂ဝ၂၂ ခုနှစ်၊ ဩဂုတ်လမှစတင်၍ ဆေးခြောက်များအား Online ပေါ်မှတစ်ဆင့်ဝယ်ယူပြီး ချောကလက်မုန့်များအတွင်းသို့ ဆေးခြောက်အဆီများရောနှောပြုလုပ်၍ လူငယ်များအား Online မှတစ်ဆင့် ရောင်းချခဲ့ကြောင်း သိရသည်။
လက်ရှိတွင် မဆုသက်မွန်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
zawgyi version
တာေမြၿမိဳ႕နယ္တြင္ ေဆးေျခာက္အဆီျဖင့္ ေခ်ာကလက္မုန႔္ျပဳလုပ္ေရာင္းခ်သူအား သက္ေသခံပစၥည္းမ်ားႏွင့္အတူ ဖမ္းဆီးရမိ
Pearl (NP News) - မတ္ ၁၃
ရန္ကုန္တိုင္း ၊ တာေမြၿမိဳ႕နယ္တြင္ ေဆးေျခာက္အဆီျဖင့္ ေခ်ာကလက္မုန႔္ျပဳလုပ္ေရာင္းခ်သူအား သက္ ေသခံပစၥည္းမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕ထံမွ သတင္း ရရွိသည္။
ၿပီးခဲ့သည့္ မတ္လ (၈)ရက္၊ ေန႔လည္(၁)နာရီအခ်ိန္ခန္႔တြင္ တာေမြၿမိဳ႕နယ္၊ တာေမြႀကီး (ခ)ရပ္ကြက္၊ (၁၆၆)လမ္းမေပၚတြင္ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားသည္ သတင္းအရ အဆိုပါ လမ္းမေပၚ၌ မဆုသက္မြန္(ခ)ပုံ႔ပုံ႔အား ေဆးေျခာက္ (၆၅)ဂရမ္ႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ၎ေနထိုင္သည့္ တာေမြၿမိဳ႕နယ္၊ တာေမြႀကီး(ခ)ရပ္ကြက္၊ တိုက္(၂ဝ)ရွိေနအိမ္ကို ဆက္ လက္ရွာေဖြခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ထံမွ သိရသည္။
ထိုသို႔ ရွာေဖြခဲ့ရာ ပလတ္စတစ္အိတ္ျဖင့္ထည့္လ်က္ ေဆးေျခာက္ (၂၄ဝ) ဂရမ္၊ ဖန္ပုလင္းျဖင့္ထည့္လ်က္ ေဆးေျခာက္အဆီ (၆ဝ)စီစီ၊ ေရခဲေသတၱာအတြင္းမွ ေဆးေျခာက္အဆီျဖင့္ ေရာေႏွာျပဳလုပ္ထားသည့္ ေခ်ာကလက္မုန႔္(၁၂၄) ခု၊ ေဆးေျခာက္မုန႔္ျပဳလုပ္ရာတြင္ အသုံးျပဳသည့္ ဆက္စပ္ပစၥည္းမ်ားအား သိမ္း ဆည္းရမိခဲ့ေၾကာင္း သိရသည္။
၎သည္ ၂ဝ၁၆ ခုႏွစ္မွစ၍ ေဆးေျခာက္အဆီ ထုတ္သည့္နည္းပညာအား Online မွ စတင္ေလ့လာခဲ့ၿပီး ၂ဝ၂၂ ခုႏွစ္၊ ဩဂုတ္လမွစတင္၍ ေဆးေျခာက္မ်ားအား Online ေပၚမွတစ္ဆင့္ဝယ္ယူၿပီး ေခ်ာကလက္မုန႔္မ်ားအတြင္းသို႔ ေဆးေျခာက္အဆီမ်ားေရာေႏွာျပဳလုပ္၍ လူငယ္မ်ားအား Online မွတစ္ဆင့္ ေရာင္းခ်ခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ မဆုသက္မြန္အား မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အေရးယူထားေၾကာင္း မူးယစ္ေဆးဝါး တားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဖြူးမြို့နယ်ရှိ “မလှမင်းသား” ကွန်ကရစ်တံတားအား အကြမ်းဖက်အဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီး
RELATED POSTS
08 Nov 2024 | မှုခင်း,ပြည်တွင်း
07 Nov 2024 | မှုခင်း,ပြည်တွင်း