Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကရင်လက်နက်ကိုင်(၄)ဖွဲ့အနေဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဆွေးနွေးဖြေရှာရန် ရည်မှန်းချက်သည် လက်ရှိအထိ လမ်းလွဲသွားခြင်းမျိုး မရှိသေးဟုဆို

မျိုးကြီး (NP News) - မတ် ၁၁


ကရင်လက်နက်ကိုင်တပ်ဖွဲ့စည်းလုံးညီညွတ်ရေးကော်မတီအနေဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် တွေ့ဆုံဆွေးနွေးအဖြေရှာရန် ရည်မှန်းချက်သည် လက်ရှိအထိ လမ်းလွဲသွားခြင်းမျိုး မရှိသေးကြောင်း သတင်းရရှိသည်။


ကရင်လက်နက်ကိုင်တပ်ဖွဲ့စည်းလုံးညီညွတ်ရေးကော်မတီနှင့် လူထုတွေ့ဆုံပွဲကို မတ်လ ၁ဝ ရက်တွင် ကရင်ပြည်နယ်၊ ဘားအံခရိုင်ရှိ တပ်မဟာ(၇)နယ်မြေ၌ကျင်းပခဲ့ပြီး အဖွဲ့အစည်းအသီးသီး၏ ထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။


အဆိုပါကော်မတီကို ကရင်လက်နက်ကိုင်တပ်ဖွဲ့များဖြစ်သည့် KNU၊ DKBA၊ KNU/KNLA-PC၊ BGF တို့မှ တာဝန်ရှိပုဂ္ဂိုလ်များဖြင့် ပြီးခဲ့သော ၂ဝ၁၃ ခုနှစ်အတွင်းက ဖွဲ့စည်းထားခြင်းဖြစ်သည်။


“ကျွန်တော်တို့ ပဏာမစာချုပ်မှာ လက်မှတ်ရေးထိုးပြီးတော့ ဖွဲ့စည်းခဲ့တဲ့ကော်မတီရဲ့ ရည်ရွယ်ချက်အတိုင်းပဲ ကျွန်တော်တို့နိုင်ငံမှာ နှစ်ပေါင်းများစွာ ဖြစ်ပေါ်လာတဲ့ ပြည်တွင်းစစ်ကို အပြီးသတ်ချုပ်ငြိမ်းချင်လို့ ပြည်တွင်းစစ်ရဲ့အရင်းခံအကြောင်းတရားဖြစ်တဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ တွေ့ဆုံဆွေးနွေးခြင်းနဲ့ အဖြေရှာနိုင်အောင် ကြိုးပမ်းဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီကော်မတီရဲ့ မူလရည်မှန်း ချက်ကတော့ တိမ်းချော်သွားတာတို့၊ လမ်းလွဲတာတို့ကတော့ မရှိသေးပါဘူး။ ဒီအတိုင်းပဲ ဆက်လက်ရှိနေတယ်ဆိုတာကတော့ ကျွန်တော့်အနေနဲ့ ပြောနိုင်ပါတယ်” ဟု KNU/KNLA-PC ပြောခွင့်ရ ဗိုလ်မှူးကြီးစောကျော်ညွန့်က NP News ကို ပြောသည်။


သို့သော်လည်း ပုံမှန်မဟုတ်သည့် နိုင်ငံရေးအခင်းအကျင်းအောက်တွင် ကရင်လက်နက်ကိုင်အဖွဲ့အစည်းများအကြား၌ အချို့သောနေရာများတွင် လုပ်နည်းလုပ်ဟန် ကွဲလွဲမှုများ ရှိကောင်းရှိနေနိုင်ကြောင်လည်း ဗိုလ်မှူးကြီးစောကျော်ညွန့်က ဆိုသည်။


“လုပ်နည်းကိုင်နည်းအရတော့ ကျွန်တော်တို့ ကရင်လက်နက်ကိုင်အဖွဲ့အစည်းကြားထဲမှာ တစ်ချို့သောနေရာတွင်မှာ လုပ်နည်းလုပ်ဟန်တွေက ကွဲလွဲမှုတွေတော့ ရှိကောင်းရှိနေနိုင်ပါတယ်။ ရှိလည်းရှိနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကော်မတီအနေနဲ့ ကြည့်မယ်ဆိုရင်တော့ ကျွန်တော်တို့က လက်နက်ကိုင်ပဋိပက္ခတွေ မဖြစ်အောင် ထိန်းသိမ်းမယ်။ ဖြစ်ခဲ့တယ်ဆိုရင်လည်းပဲ လျှော့ချနိုင်အောင် ဒါမှမဟုတ် ပပျောက်နိုင်အောင် ကျွန်တော်တို့ ဘယ်လိုနည်းရှာမလဲဆိုတာကတော့ ကော်မတီရဲ့အဓိကရည်မှန်းချက်၊ ကြိုးပမ်းချက်ဖြစ်တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။


ယမန်နေ့က ကျင်းပခဲ့သည့် ကရင်လက်နက်ကိုင်တပ်ဖွဲ့စည်းလုံးညီညွတ်ရေးကော်မတီနှင့် လူထုတွေ့ဆုံပွဲသို့ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး အပါအဝင် အဖွဲ့အစည်းအသီးသီးမှ ထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်ခဲ့ပြီး ဒေသခံလူထု တစ်ထောင်ကျော် တက်ရောက်ခဲ့ကြောင်းလည်း ဗိုလ်မှူးကြီးစောကျော်ညွန့်က ဆိုသည်။


အဆိုပါပွဲသို့ တက်ရောက်လာသည့် ဒေသခံတစ်ချို့က “တစ်ချို့တွေကလည်း ကရင်တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်း(၄)ဖွဲ့စလုံးက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် အဲဒီအောက်ကနေ ကွဲထွက်လာခဲ့တဲ့ အဖွဲ့အစည်းတွေပဲ ဖြစ်ကြတယ်။ ဘာဖြစ်လို့ ပြန်လည်ပေါင်းစည်းနိုင်အောင် မလုပ်နိုင်ကြသေးတာလဲ။ အဲဒီလိုမျိုး အားမလိုအားမရနဲ့ တင်ပြတာတွေလည်း ရှိပါတယ်”ဟု ဗိုလ်မှူးကြီးစောကျော်ညွန့်က ဆက်လက်ပြောသည်။


ထို့ပြင် ဒေသခံလူထုအနေဖြင့် ကရင်ပြည်နယ်အတွင်း ကြုံတွေ့နေရသည့် စစ်ရေးပဋိပက္ခများ ပပျောက်ရေးအတွက် ကော်မတီမှ မည်ကဲ့သို့ဆက်လက်ဆောင်ရွက်မည်ဆိုသည့် အခြေအနေများကိုလည်း မေးမြန်းမှုများရှိခဲ့ကြောင်း သိရသည်။

zawgyi version

ကရင္လက္နက္ကိုင္(၄)ဖြဲ႕အေနျဖင့္ ႏိုင္ငံေရးျပႆနာကို ႏိုင္ငံေရးနည္းျဖင့္ ေဆြးေႏြးေျဖရွာရန္ ရည္မွန္းခ်က္သည္ လက္ရွိအထိ လမ္းလြဲသြားျခင္းမ်ိဳး မရွိေသးဟုဆို


မ်ိဳးႀကီး (NP News) - မတ္ ၁၁


ကရင္လက္နက္ကိုင္တပ္ဖြဲ႕စည္းလုံးညီၫြတ္ေရးေကာ္မတီအေနျဖင့္ ႏိုင္ငံေရးျပႆနာကို ႏိုင္ငံေရးနည္းျဖင့္ ေတြ႕ဆုံေဆြးေႏြးအေျဖရွာရန္ ရည္မွန္းခ်က္သည္ လက္ရွိအထိ လမ္းလြဲသြားျခင္းမ်ိဳး မရွိေသးေၾကာင္း သတင္းရရွိသည္။


ကရင္လက္နက္ကိုင္တပ္ဖြဲ႕စည္းလုံးညီၫြတ္ေရးေကာ္မတီႏွင့္ လူထုေတြ႕ဆုံပြဲကို မတ္လ ၁ဝ ရက္တြင္ ကရင္ျပည္နယ္၊ ဘားအံခ႐ိုင္ရွိ တပ္မဟာ(၇)နယ္ေျမ၌က်င္းပခဲ့ၿပီး အဖြဲ႕အစည္းအသီးသီး၏ ထိပ္ပိုင္းေခါင္းေဆာင္မ်ား တက္ေရာက္ခဲ့ေၾကာင္း သိရသည္။


အဆိုပါေကာ္မတီကို ကရင္လက္နက္ကိုင္တပ္ဖြဲ႕မ်ားျဖစ္သည့္ KNU၊ DKBA၊ KNU/KNLA-PC၊ BGF တို႔မွ တာဝန္ရွိပုဂၢိဳလ္မ်ားျဖင့္ ၿပီးခဲ့ေသာ ၂ဝ၁၃ ခုႏွစ္အတြင္းက ဖြဲ႕စည္းထားျခင္းျဖစ္သည္။


“ကြၽန္ေတာ္တို႔ ပဏာမစာခ်ဳပ္မွာ လက္မွတ္ေရးထိုးၿပီးေတာ့ ဖြဲ႕စည္းခဲ့တဲ့ေကာ္မတီရဲ႕ ရည္႐ြယ္ခ်က္အတိုင္းပဲ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ ႏွစ္ေပါင္းမ်ားစြာ ျဖစ္ေပၚလာတဲ့ ျပည္တြင္းစစ္ကို အၿပီးသတ္ခ်ဳပ္ၿငိမ္းခ်င္လို႔ ျပည္တြင္းစစ္ရဲ႕အရင္းခံအေၾကာင္းတရားျဖစ္တဲ့ ႏိုင္ငံေရးျပႆနာကို ႏိုင္ငံေရးနည္းနဲ႔ ေတြ႕ဆုံေဆြးေႏြးျခင္းနဲ႔ အေျဖရွာႏိုင္ေအာင္ ႀကိဳးပမ္းဖို႔ ျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ ဒီေကာ္မတီရဲ႕ မူလရည္မွန္း ခ်က္ကေတာ့ တိမ္းေခ်ာ္သြားတာတို႔၊ လမ္းလြဲတာတို႔ကေတာ့ မရွိေသးပါဘူး။ ဒီအတိုင္းပဲ ဆက္လက္ရွိေနတယ္ဆိုတာကေတာ့ ကြၽန္ေတာ့္အေနနဲ႔ ေျပာႏိုင္ပါတယ္” ဟု KNU/KNLA-PC ေျပာခြင့္ရ ဗိုလ္မႉးႀကီးေစာေက်ာ္ၫြန႔္က NP News ကို ေျပာသည္။


သို႔ေသာ္လည္း ပုံမွန္မဟုတ္သည့္ ႏိုင္ငံေရးအခင္းအက်င္းေအာက္တြင္ ကရင္လက္နက္ကိုင္အဖြဲ႕အစည္းမ်ားအၾကား၌ အခ်ိဳ႕ေသာေနရာမ်ားတြင္ လုပ္နည္းလုပ္ဟန္ ကြဲလြဲမႈမ်ား ရွိေကာင္းရွိေနႏိုင္ေၾကာင္လည္း ဗိုလ္မႉးႀကီးေစာေက်ာ္ၫြန႔္က ဆိုသည္။


“လုပ္နည္းကိုင္နည္းအရေတာ့ ကြၽန္ေတာ္တို႔ ကရင္လက္နက္ကိုင္အဖြဲ႕အစည္းၾကားထဲမွာ တစ္ခ်ိဳ႕ေသာေနရာတြင္မွာ လုပ္နည္းလုပ္ဟန္ေတြက ကြဲလြဲမႈေတြေတာ့ ရွိေကာင္းရွိေနႏိုင္ပါတယ္။ ရွိလည္းရွိေနပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ေကာ္မတီအေနနဲ႔ ၾကည့္မယ္ဆိုရင္ေတာ့ ကြၽန္ေတာ္တို႔က လက္နက္ကိုင္ပဋိပကၡေတြ မျဖစ္ေအာင္ ထိန္းသိမ္းမယ္။ ျဖစ္ခဲ့တယ္ဆိုရင္လည္းပဲ ေလွ်ာ့ခ်ႏိုင္ေအာင္ ဒါမွမဟုတ္ ပေပ်ာက္ႏိုင္ေအာင္ ကြၽန္ေတာ္တို႔ ဘယ္လိုနည္းရွာမလဲဆိုတာကေတာ့ ေကာ္မတီရဲ႕အဓိကရည္မွန္းခ်က္၊ ႀကိဳးပမ္းခ်က္ျဖစ္တယ္” ဟု ၎က ဆက္လက္ေျပာသည္။


ယမန္ေန႔က က်င္းပခဲ့သည့္ ကရင္လက္နက္ကိုင္တပ္ဖြဲ႕စည္းလုံးညီၫြတ္ေရးေကာ္မတီႏွင့္ လူထုေတြ႕ဆုံပြဲသို႔ KNU ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီးေစာမူတူးေစးဖိုး အပါအဝင္ အဖြဲ႕အစည္းအသီးသီးမွ ထိပ္ပိုင္းေခါင္းေဆာင္မ်ား တက္ေရာက္ခဲ့ၿပီး ေဒသခံလူထု တစ္ေထာင္ေက်ာ္ တက္ေရာက္ခဲ့ေၾကာင္းလည္း ဗိုလ္မႉးႀကီးေစာေက်ာ္ၫြန႔္က ဆိုသည္။


အဆိုပါပြဲသို႔ တက္ေရာက္လာသည့္ ေဒသခံတစ္ခ်ိဳ႕က “တစ္ခ်ိဳ႕ေတြကလည္း ကရင္တိုင္းရင္းသားလက္ နက္ကိုင္အဖြဲ႕အစည္း(၄)ဖြဲ႕စလုံးက ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ အဲဒီေအာက္ကေန ကြဲထြက္လာခဲ့တဲ့ အဖြဲ႕အစည္းေတြပဲ ျဖစ္ၾကတယ္။ ဘာျဖစ္လို႔ ျပန္လည္ေပါင္းစည္းႏိုင္ေအာင္ မလုပ္ႏိုင္ၾကေသးတာလဲ။ အဲဒီလိုမ်ိဳး အားမလိုအားမရနဲ႔ တင္ျပတာေတြလည္း ရွိပါတယ္”ဟု ဗိုလ္မႉးႀကီးေစာေက်ာ္ၫြန႔္က ဆက္လက္ေျပာသည္။


ထို႔ျပင္ ေဒသခံလူထုအေနျဖင့္ ကရင္ျပည္နယ္အတြင္း ႀကဳံေတြ႕ေနရသည့္ စစ္ေရးပဋိပကၡမ်ား ပေပ်ာက္ေရးအတြက္ ေကာ္မတီမွ မည္ကဲ့သို႔ဆက္လက္ေဆာင္႐ြက္မည္ဆိုသည့္ အေျခအေနမ်ားကိုလည္း ေမးျမန္းမႈမ်ားရွိခဲ့ေၾကာင္း သိရသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ထိုင်းနိုင်ငံတွင် မြန်မာအမျိုးသမီးတစ်ဦး ဆိုင်ကယ်အက်ဆီဒန့်ဖြစ်ပွားခဲ့ပြီးနောက် ကားအောက်ကို ရောက်ရှိသွားသည့်အတွက် ပွဲချင်းပြီး သေဆုံး

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved