ကော့ရိတ်မြို့တွင် ဖုန်းလိုင်းများဖြတ်တောက်ခံထားရသဖြင့် ဆက်သွယ်ရေးအတွက်အခက်အခဲများကြုံတွေ့နေရ
ကျော်(NSS) - ဒီဇင်ဘာ ၅
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီးပတ်ဝန်းကျင်၊ ကော့ကရိတ်မြို့နယ်အတွင်း၌ ဒီဇင်ဘာလ ၁ ရက်မှစတင်၍ လက်ရှိအချိန်အထိ တပ်မတော်နှင့် KNU၊ PDF ပူးပေါင်းအဖွဲ့တို့ကြားတွင် ထိတွေ့တိုက်ပွဲများဖြစ်ပေါ်လျက်ရှိသည်။
ထိုသို့ တိုက်ပွဲဖြစ်ပွားလျက်ရှိရာမှ ဒီဇင်ဘာလ ၂ ရက်မှစတင်ကာ ကော့ကရိတ်မြို့နယ်အတွင်း၌ ဖုန်းလိုင်းများဖြတ်တောက်ထားရသဖြင့် ဆက်သွယ်ရေးအတွက် အခက်အခဲများဖြစ်ပေါ်လျက်ရှိကြောင်းဒေသခံများထံမှ သိရသည်။
"ဟုတ်တယ်ဗျ ကျွန်တော်ဆိုရင် တိုက်ပွဲစဖြစ်ပြီဆိုထဲက မိသားစုနဲ့အတူ မြဝတီကိုရှောင်လာခဲ့တာ မနေ့က ကျွန်တော်တို့အိမ်နားမှာ စစ်ဘေးမရှောင်ဘဲနေခဲ့တဲ့လူဆီကိုဖုန်းဆက်ပြီး အခြေအနေမေးတော့ ဘယ်လိုမှဆက်လို့မရဘူး။ Online ကနေလည်းသူ့ဆီကိုစာပို့လို့မရဘူး"ဟု မြဝတီမြို့သို့ စစ်ဘေးရှောင်အဖြစ်ရောက်ရှိနေသည့် ကော့ကရိတ်မြို့ခံတစ်ဦးက ပြောသည်။
ဖုန်းလိုင်းဖြတ်တောက်ခံထားရမှုသည် ကော့ကရိတ်မြို့နယ်အတွင်း၌သာဖြစ်ပြီး ကော့ကရိတ်မြို့နယ်ကျော်လွန်သွားပါက ဖုန်းလိုင်းနှင့်အင်တာနက်လိုင်း ပြန်လည်ရရှိသော်လည်း ရာနှုန်းပြည့်ကောင်းမွန်ခြင်းမရှိကြောင်း သိရသည်။
"ကျွန်တော့်အထင် လက်နက်ကြီးပစ်ခတ်တာတွေလည်းရှိတော့ တာဝါတိုင်တွေကိုထိခိုက်မိပြီးပျက်စီးသွားတာရယ်၊ လက်နက်ကိုင်အဖွဲ့တွေကဖျက်ဆီးသွားတာရယ်ကြောင့် လိုင်းပြတ်နေတာဖြစ်မယ်။ မြဝတီမှာလည်း တစ်ခါတစ်လေ ဖုန်းဆက်လို့သိပ်အဆင်မပြေတာတွေရှိတယ်"ဟု ကော့ကရိတ်မြို့ခံတစ်ဦးကပြောသည်။
ကော့ကရိတ်မြို့ဝန်းကျင်နှင့်မြို့နယ်အတွင်း၌ တိုက်ပွဲများဖြစ်ပွားလျက်ရှိသဖြင့် ဒေသခံ ၁၅၀၀၀ ကျော်သည် မြဝတီမြို့သို့စစ်ဘေးရှောင်များအဖြစ်ရောက်ရှိခိုလှုံနေထိုင်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ရောက်ရှိနေသည့် စစ်ဘေးရှောင်များအား မြဝတီမြို့မှတာဝန်ရှိသူများ၊ လုံခြုံရေးအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက ကူညီပေးမှုများပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်ရှိ မဲဆန္ဒရှင်အားလုံး မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာနိုင်ရေး ဆောင်ရွက်မည်ဟုဆို
RELATED POSTS
29 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
29 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
29 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ