ရွှေကူမြို့နယ်တွင် ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် အရပ်သား (၃)ဦး ထိခိုက်ဒဏ်ရာရရှိ
Pearl (NP News) - မတ် ၉
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် အမျိုးသား (၃)ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် မတ်လ(၆)ရက်၊ နံနက်(၈)နာရီခွဲအချိန်ခန့်တွင် ရွှေကူမြို့နယ်၊ ရေလဲကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဥ်မှာ ရေလဲကျေးရွာအတွင်းသို့ KIA နှင့် PDF အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် လက်နက်ကြီးဗုံးသီးများ ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။
ပေါက်ကွဲမှုကြောင့် ရေလဲကျေးရွာတွင်နေထိုင်သူများဖြစ်သည့် ကိုလင်းလင်းစိုး၊ ကိုပြည့်စုံအောင် နှင့် ကိုမင်းထက်သာတို့ (၃)ဦးတွင် လက်နက်ကြီးဗုံးသီးစ ထိမှန်ဒဏ်ရာများရရှိခဲ့ပြီး ဆေးကုသနိုင်ရန်အတွက် ရွှေကူမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
အထက်ပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ကျူးလွန်သူများအား ဖော်ထုတ်၍ ဥပဒေနှင့် အညီ ထိရောက်စွာ အရေး ယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
zawgyi version
ေ႐ႊကူၿမိဳ႕နယ္တြင္ ေက်း႐ြာအတြင္းသို႔ လက္နက္ႀကီးျဖင့္ပစ္ခတ္မႈေၾကာင့္ အရပ္သား (၃)ဦး ထိခိုက္ဒဏ္ရာရရွိ
Pearl (NP News) - မတ္ ၉
ကခ်င္ျပည္နယ္၊ ေ႐ႊကူၿမိဳ႕နယ္တြင္ ေက်း႐ြာအတြင္းသို႔ လက္နက္ႀကီးျဖင့္ပစ္ခတ္မႈေၾကာင့္ အမ်ိဳးသား (၃)ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ထံမွ သတင္းရရွိသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ မတ္လ(၆)ရက္၊ နံနက္(၈)နာရီခြဲအခ်ိန္ခန႔္တြင္ ေ႐ႊကူၿမိဳ႕နယ္၊ ေရလဲေက်း႐ြာတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အဆိုပါျဖစ္စဥ္မွာ ေရလဲေက်း႐ြာအတြင္းသို႔ KIA ႏွင့္ PDF အဖြဲ႕က လက္နက္ႀကီးျဖင့္ ပစ္ခတ္ခဲ့ျခင္းေၾကာင့္ လက္နက္ႀကီးဗုံးသီးမ်ား ေက်း႐ြာအတြင္းသို႔ က်ေရာက္ေပါက္ကြဲခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆိုသည္။
ေပါက္ကြဲမႈေၾကာင့္ ေရလဲေက်း႐ြာတြင္ေနထိုင္သူမ်ားျဖစ္သည့္ ကိုလင္းလင္းစိုး၊ ကိုျပည့္စုံေအာင္ ႏွင့္ ကိုမင္းထက္သာတို႔ (၃)ဦးတြင္ လက္နက္ႀကီးဗုံးသီးစ ထိမွန္ဒဏ္ရာမ်ားရရွိခဲ့ၿပီး ေဆးကုသႏိုင္ရန္အတြက္ ေ႐ႊကူၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။
အထက္ပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ က်ဴးလြန္သူမ်ားအား ေဖာ္ထုတ္၍ ဥပေဒႏွင့္ အညီ ထိေရာက္စြာ အေရး ယူႏိုင္ရန္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံကူးလက်မှတ် ရက်ချိန်းအသစ်ရယူရာတွင် သိန်းနှင့်ချီလျှောက်ထားမှုရှိခဲ့ခြင်းကြောင့် Server တိုးချဲ့မှုများလုပ်ဆောင်မည်
RELATED POSTS
08 Nov 2024 | မှုခင်း,ပြည်တွင်း
07 Nov 2024 | မှုခင်း,ပြည်တွင်း